Part 29 🥦 Uni

6K 264 29
                                    

မင်းဝေယံတစ်ယောက် ငယ်တုန်းက မိမိလက်တည့်စမ်းချင်လို့ တွဲခဲ့တဲ့ကောင်လေးဟာ အခုချိန်သူများလက်ထဲရောက်မှ ရွှေကြာပင်မှန်းသိတော့သည်။
ပိုင်လေးဟာ တော်တော်ချစ်စရာကောင်းမှန်း အခုပိုသိလာသလိုပင်။ ဒါကြောင့် ပိုင်ဆိုင်လိုချင်စိတ်တို့က
တစ်ဆတစ်ဆ ကြီးမားကား လက်ရှိ
ပိုင်လေးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဂုဏ်ဆိုတဲ့ ကောင်လေးကို သတ်ပစ်ဖို့သာ ကြံစည်နေတော့သည် ။

"" ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ပါ""

မှောင်ခိုလုပ်ငန်းမှာ ဆရာတစ်ဆူနီးပါးဖြစ်တဲ့ မင်းဝေယံမှာ လက်သတ်မွေးထားတဲ့ တပည့်တွေဆိုတာ နေရာတိုင်းမှာ ရိုက်သတ်၍ မကုန်နိုင်လောက်အောင်ရှိသည်။

"" အေး ဒီနေ့ည အရေးကြီး ကိစ္စတစ်ခု ခိုင်းစရာရှိတယ် ""

"" ဘာလုပ်ပေးရမလဲ ပြောပါဆရာ ""

"" ​လူနှစ်ယောက်ပဲ လိုတာပါ ဟက် မင်းနဲ့ လက်တွဲလုပ်လို့ အဆင်ပြေမယ့် တစ်ယောက်ကို ခေါ်လိုက်""

"" ဟုတ်ကဲ့ပါ ဆရာ အစီအစဥ်ကရော""

"" ငါ့အစီအစဥ်က ဒီလို&*%*-#--#-/-#*#-   သဘောပေါက်လား ""

"" ဟုတ်ကဲ့ သဘောပေါက်ပါတယ်ဆရာ ""

"" ဒါဆို မင်းသွားလို့ရပြီ ဘာလွဲချော်မှုမှ ငါမမြင်ချင်ဘူး ""

'" စိတ်ချပါဆရာ ""

ဝုန်း ,,,,,

မင်းဝေယံတို့ စကားပြောနေတုန်း တံခါးကို ရုတ်တရက်ဆွဲဖွင့်ကာ အမောတကော ပြေးလာသော လူတစ်ယောက်

"" ဟိုကောင် ငါ့အခန်းထဲဝင်ရင် တံခါးခေါက်ရမယ်ဆိုတာ နားမလည်
ဘူးလား ""

"" အရေး...အရေးကြီးလို့ပါဆရာ ""

"" ကျစ် ...ဘာလဲ ပြော ""

"" ပစ္စည်းတွေရန်ကုန်ဘက်မှာ လုခံလိုက်ရတယ်တဲ့ ဆရာ အဲ့တာ ဒီညအမှီသွားမှ ဖြစ်မယ်ဆရာ ""

"" ကွာ ...တောက်ခ်...ဒီနေ့မှများ ဒါဆို အခုချက်ချင်း ရန်ကုန်ဆင်းရမှာပေါ့ ""

"" ဟုတ်...ဟုတ်ပါတယ်ဆရာ ""

"" အေး ""

"" ဆရာ ဟိုကိစ္စကိုကော ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now