Part 7 🍓Uni

16K 614 12
                                    

ဂုဏ်လည်း ကိုကို့ကို တနေ့လုံးမြင်တွေ့ချင်သောကြောင့် သူ့အခန်းထဲမှာပင် အလုပ်လုပ်စေသည်။ အနီးကပ်အလုပ်လုပ်ရသည့် အတွင်းရေးမှူး ကိုနိုင်ဇေ ကိုတောင် မျက်စိရှုပ်တယ်ဆိုပြီး အခန်းပြင်မှာ နေစေသည်။ ကိုကို့အတွက် အခန်းထဲမှာ စားပွဲပြင်ခိုင်းသည့်နေ့က ကိုနိုင်ဇေ မှာ အအံ့သြကြီး အံ့သြနေသေးသည်။

ဂုဏ်🌈

ဒီနေ့လေးကတော့ ကျွန်တော့်အတွက် ပြည့်စုံလွန်းနေပြီတကယ်။ ကိုမြတ်နိုးရတဲ့သူက ကိုမြင်ရတဲ့နေရာလေးမှာ အလုပ်လုပ်နေတာကို တချိန်လုံးခိုးကြည့်နေမိသည်။ ကိုကိုက မော့အကြည့်နဲ့ မျက်လုံးချင်းဆုံတဲ့အခါများ ဂုဏ်တစ်ယောက် စားပွဲပေါ်မှာရှိတဲ့ ပစ္စည်းတွေကို ကိုင်မိကိုင်ရာ ဆွဲကိုင်ရတော့သည်။
ကိုကိုကတော့ ကျွန်တော့်ကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ပင် ထင်ပုံမရ ။ သူ့ရဲ့ Design စာအုပ်ကြီးမှာသာ တချိန်လုံး အာရုံရနေတော့သည်။ တကယ် ဟိုလူရွှင်တော်တွေပျက်တဲ့

🔺ကိုကိုဂစ်တာတီးတဲ့အခါ ညမဂစ်တာလေးဖြစ်ချင်တယ် ကိုကိုတီးသမျှခံပါ့မယ် ကိုကိုနဲ့ပဲ နေမယ်စိတ်ကူးတယ်🔺 ဆိုသလို

ကျွန်တော်လည်း 🔻ကိုကို Design ဆွဲတဲ့အခါ မောင်မောင်Design ဖြစ်ချင်တယ်
ကိုကိုဆွဲသမျှ....🔻အဲလေ ထားလိုက်ပါတော့ ပြောချင်တာက ကိုကိုအာရုံစိုက်ခံရတဲ့အရာက ကျွန်တော်ပဲ ဖြစ်ချင်တာ။
( ဟုတ်ကဲ့ တည်ငြိမ်ပြီး ဒေါသကြီးတဲ့ CEOကြီး ဂုဏ်ပါရှင်😂 )

ကျွန်တော့်မှာသာ ကိုကိုမော့ကြည့်တဲ့ အချိန်နဲ့ ဆုံရင် လူက ရင်တွေတုန်နေတာ သူ့မှာတော့ ကို့ကိုတောင် မြင်ရဲ့လား မသိပါဘူး။ တချိန်လုံးကိုကို့ ကိုကြည့်နေတာနဲ့ အခုထိ ဘာမှမလုပ်ရသေး မဖြစ်သေးဘူး ကိုကိုနဲ့ ယူပြီးတဲ့အချိန်ကျ လိုလေသည်မရှိရအောင် အကုန်ပြည့်စုံအောင် အလုပ်ကြိုးစားမှ ဆိုပြီး အခုချိန်ထိ မထိမကိုင်ရသေးတဲ့ အလုပ်ကို စတင်လုပ်ဆောင်တော့သည်။

ပိုင်သစ်🌈

ငါ့နှယ်နော် အလုပ်သာလုပ်နေရတယ်
ရှေ့မှာ ကို့ကို တချိန်လုံး စိုက်ကြည့်နေတော့ စိတ်က မလုံချင်တော့ဘူး ။ လူတိုင်း ကို့ကို တယောက်ယောက်က စိုက်ကြည့်နေရင် မသိစိတ်က အလိုလို သိတယ်မဟုတ်လား။ လူကမှ သရဲကြောက်တတ်ပါတယ်ဆို စိုက်ကြည့်နေတာ ခံရတော့ ရုံးခန်းထဲသရဲများ ရှိနေလားဆိုပြီး တွေးကြောက်နေတာ မသိမသာ မော့ကြည့်တော့မှ မျက်နှာရူးကောင်ဖြစ်နေတယ်။တချိန်လုံး လူကိုပဲ ထိုင်ကြည့်နေတာ သိတော့သိတာပေါ့ မသိချင်ယောင်ဆောင်ပြီး ကို့ အလုပ်ကို လုပ်နေလိုက်တယ်။ အလုပ်မလုပ်ပဲ အားအားယားယားထိုင်ကြည့်နေပြီး အခုနေ့လည်စာ စားခါနီးအချိန်ကျမှ အလုပ်ထလုပ်နေလေရဲ့။ ငတ်ရင် သူပဲအငတ်ခံပါစေ ကိုကတော့ အငတ်မခံနိုင်ဘူး ​။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now