Part 8🧀Uni

13.3K 690 19
                                    

နေ့တိုင်း ကိုယ်ချစ်တဲ့သူကို ကိုယ်နဲ့အနီးဆုံးမှာ တွေ့နေရတာကြောင့် ဂုဏ်တစ်ယောက် အပျော်ကြီးပျော်နေတော့သည်။ အရင်က ကုမ္ပဏီမှာ အမြဲရုပ်တည်နဲ့ နေတတ်တဲ့ CEO ဂုဏ်တစ်ယောက် ပိုင်သစ္စာဆိုတဲ့ အလင်းရောင်ခြည်လေး ရောက်လာပြီးတဲ့နောက်
အရယ်အပြုံး များလာခဲ့သည်။

~~~ကိုကိုက မောင့်ဘဝလေးကို ပြီးပြည့်စုံစေခဲ့တဲ့ တစ်ခုသောအရာပါ~~~

ဒီနေ့ ပိုင်သစ် ကုမ္ပဏီရောက်ကတည်းက ဂုဏ်ကိုမတွေ့သေး။
အစည်းအဝေးသွားတယ်ပဲထင်နေတာ အခုနေ့လည်စာစားချိန်တောင်ရောက်တော့မယ် ခုထိရုံးခန်းထဲ မရောက်သေးသောကြောင့် မသိစိတ်က စိတ်ပူသွားသည်။ အမြဲလိုလို ကိုယ့်ကို အရိပ်
တကြည့်ကြည့်နဲ့ အချိန်တိုင်းအနီးကပ်နေနေတဲ့ သူတစ်ယောက် အနားမှာမရှိတော့မှ လူက မနေတတ် မထိုင်တတ်နဲ့
လွမ်းတာလိုလို သတိရတာလိုလို ဖြစ်နေသည်။

~~မသိစိတ်ထဲမှာ နေရာယူသွားခဲ့ပြီ~~

ပိုင်သစ်လည်း စိတ်ကတအားသိချင်နေတာနဲ့ သူ့အတွင်းရေးမှူး ကိုနိုင်ဇေတော့ သိမှာပဲ ဆိုပြီး သွားမေးကြည့်လိုက်သည်။
**မတတ်နိုင်ဘူးလေ မနေနိုင်တဲ့ ကိုယ်ကပဲ သွားမေးရတော့တာပေါ့။**

""ကိုနိုင်ဇေ"""

""ဪ ပိုင်သစ် ပြောလေ ""

""ဟို ဒီနေ့ ဂုဏ် ကိုမတွေ့လို့ အဲ့တာ ဘယ်များသွားတာလဲလို့"'

"" Bossက နေမကောင်းလို့ မလာနိုင်တာ အလုပ်တွေအကုန် အစ်ကို့ကိုလွှဲထားခဲ့တာ ပိုင်သစ်ရ design ကိစ္စလား"""

""အမ် ဟုတ် ဟုတ်တယ် အစ်ကို"'
ပိုင်သစ်လည်း ဘာပြောရမှန်းမသိတာနဲ့ ဟုတ်တယ်ပဲ ပြောလိုက်ရသည်။

""အင်း Design ကိစ္စတော့ အကိုသိပ်နားမလည်ဘူး ပိုင်သစ်ရ အကိုက စာရင်းပိုင်းပဲ ဆိုတော့လေ အဆင်ပြေရင် Bossအိမ်လိုက်သွားလိုက်ပါလား""

""ဟို အဲ့လို လိုက်သွားလို့ရလို့လား""
ဟိုကနေမကောင်းဘူး ဆိုတော့ ပိုင်သစ်လည်း အမှန်တကယ် သွားချင်နေပါသည်။

""အာ ရတာပေါ့ တခြားသူတွေမရပေမဲ့ ပိုင်သစ်တော့သွားလို့ရတယ် ဟဲဟဲ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now