Part 10🍑Zaw

7.7K 227 25
                                    

ညက အစောကြီးအိပ်ပျော်သွားတော့ ပိုင်သစ်တစ်ယောက်မျက်စိကြောင်ပြီး အိပ်ယာမှ နိုးလာသည်။ ဘေးနားကို
လှည့်ကြည့်လိုက်တော့ ဖက်လုံးကို ကျစ်ကျစ်ပါအောင်ဖက်ထားပြီး အိပ်နေတဲ့ ဂုဏ်ကိုတွေ့လိုက်ရသည်။

""ဟမ် ငါညက ဇာတ်ကားကြည့်ရင်း    ဧည့်ခန်းထဲမှာ အိပ်ပျော်သွားတာ ထင်တယ် ဒါဆို အခန်းထဲဘလိုရောက်လာပါလိမ့်........""

ဂုဏ်လည်း ဘေးက အသံတိုးတိုးလေးနဲ့ တစ်ယောက်တည်းစကားတွေပြောနေတဲ့ ကိုကို့အသံကြားပြီး နိုးလာခဲ့သည်။

""ဟင်...ကိုကို နိုးနေပြီလား  တစ်ယောက်တည်း ဘာတွေပြောနေတာလဲ ဝှါးးးးးး""

""အာ...ဟို sorry မင်း ငါ့ကြောင့်နိုးသွားတာလား""

""မဟုတ်ပါဘူး ကျွန်တော့်ဘာသာနိုးလာတာပါ""

""အင်းပါ ဒါနဲ့ မညက ငါဧည့်ခန်းမှာ အိပ်ပျော်သွားတာမလား""

""ဟုတ်တယ် ကိုကို""

""ဒါဆို ငါ့ကို  ဒီအခန်းထဲ မင်းသယ်လာတာပေါ့""

""အင်းပေါ့ တောင်းပန်ပါတယ် ကျွန်တော်က ကိုကိုအိပ်ပျော်နေတာမို့ မနှိုးဘဲ သယ်လာလိုက်တာပါ""

""အာ မဟုတ်တာ ငါကသာတောင်းပန်ရမှာ နေမကောင်းတဲ့သူကို ဒုက္ခပေးသလိုဖြစ်သွားတာ....""

""ကျွန်တော်ကတော့ ဒုက္ခလို့မသတ်မှတ်ပါဘူး 😁""

""ကဲပါ မင်းလည်း နိုးပြီဆိုတော့ မျက်နှာသွားသစ်တော့ ငါက မင်းအိမ်အတွက်ဝယ်ရမဲ့အစားအသောက်တွေ စာနဲ့ရေးထားပေးမယ်""

""ဒါဆို ကိုကိုကပြန်တော့မှာလား""

""ပြန်ရမှာပေါ့ကွ ငါမျက်နှာလည်း
မသစ်ရသေးဘူး  သွားလည်းမတိုက်ရသေးဘူး""

""အဲ့ဟာတွေကို ဒီမှာပဲလုပ်လိုက်လေ""

""သွားတိုက်တံမပါဘူးလေကွာ""

""ဒါလေးများ ကိုကိုကလည်း ကျွန်တော့်မှာ အပိုရှိတယ် ဘေစင်ပေါ်မှာ ကိုကို့အတွက် သွားတိုက်တံအသစ်တင်ထားပေးခဲ့မယ် ဟုတ်ပြီလား""

""အေးကွာ သွားသွား ပြီးရင်လိုက်ခဲ့မယ်""
ကျွန်တော်လည်း ဒီကောင်လေးနဲ့ကျမှ ဘာလို့မငြင်းဆန်နိုင်မှန်းမသိတော့ဘူး

Sexual desire with love⚠️( Z+U)CompleteDonde viven las historias. Descúbrelo ahora