Part 18🍡 Uni

11.6K 453 97
                                    

မနက်မိုးလင်းလာတော့ ပိုင်သစ်မျက်လုံး ဖွင့်ကြည့်လိုက်တော့ မိမိလောလောဆယ် အိပ်နေတာ ကုတင်ပေါ်မှာ မဟုတ်တာ သေချာသည်။ပြီးနောက် အချိန်ကလည်း နေ့လည်ခင်းလောက်ရောက်နေလောက်ပြီ ထင်သည်။  အဲ့တာနဲ့ ခေါင်းလေးနဲနဲမော့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ မောင့်ကို တွေ့လိုက်ရသည်။ တဖြည်းဖြည်းညတုန်းက အကြောင်းအရာများ ခေါင်းထဲတစ်ခုပြီး တစ်ခုပေါ်လာတော့  ရှက်လာပြီး မောင်နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတာနဲ့ မျက်လုံးမှိတ်ပြီး ပြန်၍အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

ဂုဏ်သိတာပေါ့ သူ့အသည်းအသက်လေး နိုးလာတာကို ။ ညတုန်းက အကြောင်းတို့ကို မေ့နေသည်ထင်သည် ဟိုကြည့်ဒီကြည့်နဲ့ နောက်ဆုံး ကျွန်တော့်ကိုမြင်မှ သတိရလာဟန် ။ ပြီးတော့ အရှက်သည်းတဲ့ ကျွန်တော့်ရဲ့ကိုကိုက ကျွန်တော် မသိဘူးထင်ပြီး ပြန်ပြီး အိပ်ချင်ယောင်ဆောင်နေပြန်သေးသည်။

ဟက် ကိုကိုရယ် ချစ်စရာကောင်းလိုက်တာကွာ။ ကိုကို့အပြုအမူတိုင်းက မောင့်နှလုံးသားလေးကို ထိရောက်စေတယ်ဆိုတာ ကိုကိုကရော သိပါ့မလား။

"" ကဲ မောင့်အသည်းလေးရေ ဆက်ပြီးအိပ်ချင်ယောင်ဆောင်မနေနဲ့ နိုးပြီဆို ထရမယ်လေ ညက သန့်ရှင်းရေး မလုပ်ရသေးဘူး ""

""ဟွန့် မောင် ဘယ်ကတည်းက နိုးနေတာလဲရ ""

""မောင့် အသည်းလေး မနိုးခင်ကတည်းကပေါ့ဗျာ ....ကိုကို့မျက်နှာလေးကို ထိုင်ကြည့်နေတာ ""

'"ဒါများ ပြန်ပြီး ဘာလို့အိပ်ချင်ယောင်ဆောင်နေရတာလဲ ""

"" ဟားဟား မောင့်ရစ်လုံးလေးက စောစောစီးစီး ထရစ်နေပြန်ပါပြီလားကွာ ""

""မရစ်ပါဘူးနော်""

""ဟုတ်ပါပြီ ထ အခန်းပြန်ပြီး သန့်ရှင်းရေး သွားလုပ်ရမယ်လေ""

""အင့် ချီ....""

""ကိုကို မပြောလည်း မောင်ကချီမှာပါဗျာ ""

""ဟီးဟီး ဒါကြောင့် မောင့်ကိုချစ်တာ""

""ဟုတ်ပါပြီဗျာ ""

ဂုဏ်လည်း ပိုင်သစ်ကို ပွေ့ချီကာ အခန်းထဲ ခေါ်သွားပြီး သူကိုယ်တိုင်သန့်ရှင်းရေးလုပ်ပေးကာ အဝတ်အစားလဲပေးလိုက်သည်။

Sexual desire with love⚠️( Z+U)CompleteUnde poveștirile trăiesc. Descoperă acum