Part6 🔥 Uni

22.3K 636 31
                                    

ပိုင်သစ်လည်း မနေ့က ကုမ္ပဏီကိုသွားတော့ ဒီနေ့မနက်မှ အလုပ်စဆင်းရမယ်ဆိုလို့ စောစောထပြီး ရေမိိုးချိုးကာ ပြင်ဆင်တော့သည်။မနက်စာကို ကိုယ်တိုင်ချက်ပြုတ်ပြီး စားကာ နေ့လည်စာအတွက် ထမင်းချိုင့်ပါထုတ်ခဲ့သည်။ ပိုင်သစ် ဘွဲ့ရပြီးကတည်းက မိဘတွေနဲ့ အိမ်ခွဲနေခဲ့သည်။ ကွန်ဒိုတစ်လုံးငှားပြီးနေသည်။ တစ်ယောက်တည်းနေသော်လည်း စုတ်တီးစုတ်ပြတ်မနေ တစ်အိမ်လုံးသန့်ရှင်းသပ်ရပ်တဲ့အပြင် အစားအသောက်ကိုလည်း ဂရုတစိုက် ကိုယ်တိုင်ချက်ပြုတ်စားသည်။ Ready madeအစားအစာတွေကို တခါတရံမှသာစားသည်။ အတတ်နိုင်ဆုံး ကိုယ်တိုင်ခိက်ပြုတ်စားသည်။ အခုလည်း ကုမ္ပဏီ Canteenမှာ မစားချင်၍ ကိုယ်တိုင် ချက်ပြုတ်ပြီး ထမင်းထုတ်သွားခြင်းဖြစ်သည်။

ဟူးးး ကုမ္ပဏီရောက်ရင် ဟိုမျက်နှာရူးကောင်နဲ့ တွေ့ရဦးမယ် စိတ်ပျက်လိုက်တာ ငါ့များ ကိုကိုတဲ့  ကို့အလုပ်ရှင်ဆိုတော့လည်း မတွေ့လို့မှ မရတာလေ အတတ်နိုင်ဆုံးငါက ရှောင်ပြီးနေရုံပေါ့
သူက CEO ဆိုတော့ ငါDesignပြတဲ့အချိန်လောက်ပဲ သူ့အခန်းသွားပြရင်
ရပြီလေ ဟမ်းဟမ်း........

ပိုင်သစ်လည်း သူ့ဘာသာတစ်ယောက်တည်း ပြောပြီး အခန်းတံခါးပိတ်ကာ အောက်က ကားပါကင်ကို ဆင်းလာခဲ့ပြီး ကားထုတ်ကာ ကုမ္ပဏီသို့ ထွက်လာခဲ့တော့သည်။

ကုမ္ပဏီရောက်တော့ ပိုင်သစ်လည်း 
သူနေရမယ့် နေရာ မသိတာနဲ့ ဝန်ထမ်းကောင်မလေး တစ်ယောက်ကို လှမ်းခေါ်ပြီးမေးလိုက်သည်။

""ဟို ဒီက ညီမ အကိုတခုလောက်မေးချင်လို့"""

""ဪ ဟုတ်ကဲ့ အကို မေးပါ"""

""ဟိုဟာလေ အကိုက  ဒီကုမ္ပဏီရဲ့ Shopping mall project မှာ တာဝန်ယူDesign ဆွဲပေးရမယ့်သူပါ အဲ့တာ အကို ဘယ်နေရာမှာအလုပ်လုပ်ရမလဲ မသိလို့ ""

""ဪ အကိုက ပိုင်သစ္စာဆိုတာလား""

""အင်း ဟုတ်တယ်""

""Boss က သူ့အခန်းကို လွှတ်ပေးဖို့ ကုမ္ပဏီတစ်ခုလုံးကို မှာထားတယ်အကို"'

""ဟင် ဒီကောင် ဘာစောက်ရူးထတာလဲ""

""ရှင်.....""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now