Part 37🔐Uni

5.7K 227 36
                                    

မနေ့ညက ချစ်ရည်လူးလိုက်ကြတာကြောင့် ဒီမနက် ပိုင်သစ်မှာ လမ်းလျှောက်ဖို့ပင်အနိုင်နိုင် ။
ဒါ့ကြောင့် ဆေးရုံရော သူ့မိဘအိမ်ကိုပါ နောက်ရက်မှ သွားဖို့ အကြောင်းဖန်သွားသည် ။

မနက်စာစားပြီးကတည်းက ပိုင်သစ်နဲ့ရှင်းသန့်နှစ်ယောက် ဧည့်ခန်းထဲမှာထိုင်ပြီး မနေ့ညက ရှင်းသန့်Downထားတဲ့ ဇာတ်ကားကို ထိုင်ကြည့်နေကြသည်။

ဦးဘုန်းရှိန်နဲ့ သူ့သားမက်ကတော့ အသက်လည်းကြီးပြီ ကုသိုလ်ရေးလေးဘာလေး လုပ်ရမည်ဟုဆိုကာ ဘုန်းကြီးကျောင်း၌ တရားသွားထိုင်ကြသည် ။

ဂုဏ်က သူ့သည်းငယ်လေးက ကိုယ်ဝန်ရှိနေပြီမို့ သေချာဂရုစိုက်ရမည်ဟုဆိုကာ ကုမ္ပဏီကို စိတ်ချရတဲ့သူတစ်ယောက်လွှတ်ထားပြီး သူကတော့ အိမ်မှာ ကိုနိုင်ဇော်နဲ့အတူ ကုမ္ပဏီကအလုပ်တွေကို လုပ်သည်။

အလုပ်လုပ်တယ်သာပြောပါတယ် တစ်ချိန်လုံး ပိုင်သစ်ကို မျက်စိအောက်ကအပျောက်မခံ ဘာဆိုဘာမှမလုပ်ခိုင်း သူသာအကုန်လုပ်ပေးသည် ။ ကုန်ကုန်ပြောရရင် လမ်းတောင်မလျှောက်ခိုင်း ဟိုနားဒီနားတောင် သူကပွေ့ချီသွားသေးသည် ။

ကိုနိုင်ဇော်ခမျာမှာတော့ ရှင်းလေးဆီက အဖြေကမရသေးပါဖူးဆို ဒီအတွဲက ကဲသဲပြနေတာနဲ့ ထိုင်ပါငိုချင်လာရသည်။ မနေ့ညကတည်းက မိမိကိုအဖက်ပင်မလုပ် သူတစ်ယောက်တည်း ဇာတ်ကားDown လိုက် ရှာလိုက်နဲ့ အလုပ်ရှုပ်နေသည် ။ အခုလည်း မိမိကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ပင်မထင်ပါ ပိုင်သစ်နဲ့ အတူ ဇာတ်ကားကို အားရပါးရ ထိုင်ကြည့်နေသည် ။

"" ကိုပိုင်သစ်ရာ ဝေ့ရင်းကချောလိုက်တာဗျာ ""

တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲက ထွက်လာတဲ့ ရှင်းသန့်အသံနှင့်အတူ ထပ်ကြပ်မကွာ ထွက်လာတဲ့
ပိုင်သစ်စကားက

"" ငါက လန်ကျန့်ကို ကြွေတာဟ မျက်နှာတည်တည်ကြီးနဲ့နေတာကို ချောလိုက်တာ ~~~ ""

လင်ကိုဘေးမှာထားပြီး ဇာတ်ကားထဲက မင်းသားကို ပြစ်မှားနေတဲ့ အမောင်ပိုင်သစ်

"" သည်းငယ်!!!! ""

"" အမလေး!! လန့်လိုက်တာမောင်ရယ် ဘာဖြစ်တာလဲ ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now