အရပ်ရှည်ရှည်ကောင်လေး၏ခန္ဓာကိုယ်သည် သူနှင့်အရမ်းကပ်နေသည်ကို ဟိုင်ရှို့ခံစားမိသည်။ထိုသို့ကပ်နေသည်က ဟိုင်ရှို့ကို ပိုစိုးရိမ်စေပြီး ဂျူနီယာအထက်တန်းကျောင်းရှိ စိတ်မသက်မသာဖြစ်ခဲ့သည့် ခံစားချက်မျိုး ပြန်ရလိုက်သည်။သူနှလုံးခုန်သံများသည် ပိုပိုမြန်လာပြီး သူ့မျက်နှာမှာ ပိုပြီးဖြူဖပ်ဖြူရော်ဖြစ်လာသည်။သူအလျင်အမြန်တံခါးကိုကျော်ပြီး ထွက်ပြေးချင်မိသည်။

ဟိုင်ရှို့၏စိုးရိမ်ပူပန်မှုများကို ဖုန်းဖေခံစားမိသည်။ထို့ကြောင့် ဖြောင့်တန်းနေသည့်သူ့မျက်ခုံးကို ကြုတ်လိုက်ကာ သူမျက်စိရှေ့တွင် ဖြစ်ပျက်နေသည်ကို သဘောမပေါက်နိုင်ဘဲဖြစ်နေသည်။ဘာဖြစ်သွားတာလဲ ?

ထိုကျောင်းပြောင်းကျောင်းသားကို ဖုန်းဖေ
မှတ်မိသည်။ထိုသူသည် တစ်လလုံးလုံး နေ့တိုင်း တိတ်ဆိတ်နေတတ်သည်။ဒါပေမယ့် ဒီကျောင်းပြောင်းကျောင်းသားက သူ့နာမည်ကိုတောင် ဘာလို့မမှတ်မိရတာလဲ ?

အတန်းထဲက အချောဆုံးသူ ပြီးတော့ ကျောင်းရဲ့ဘတ်စကတ်ဘောအသင်းဝင်တစ်ယောက် ၊ အခြားသူများသည် သူ့နာမည်အား လွယ်လွယ်မှတ်မိနိုင်လိမ့်မည်ဟု ဖုန်းဖေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိသည်။ထို့ကြောင့် သူမယုံကြည်နိုင်စွာဖြင့် သူမေးသည်။

"ငါမင်းကိုမေးနေတယ်လေ ၊ စာရွက်ကို ဘယ်လိုများမှားပေးလိုက်တာလဲလို့ ? ငါက ဟဲ့ဟော် နဲ့တူနေလို့လား? "

ဟိုင်ရှို့သည် ဖုန်းဖေပြောသော ဟဲ့ဟော်ကို မသိပေ။သို့သော် မသိစိတ်၏လှုံ့ဆော်ချက်အရ ခေါင်းကိုသာညိတ်လိုက်မိသည်။ဖမ်းဖေသည် မရယ်မိအောင်ကြိုးစားနေသော်လည်း ရယ်လိုက်မိကာ :

"ငါ ... ငါက သူနဲ့တူတယ် ?!"

ဖုန်းဖေသည် ဟဲ့ဟော်ကို တန်းတန်းမတ်မတ်လှည့်ကြည့်လိုက်ပြီး ထို့နောက် ဟိုင်ရှို့ကိုပြန်ကြည့်လေသည်။သူ ထင်မထားစွာဖြင့်ပင် ပြောသည်။

"မင်း တကယ်ပဲ ငါ့နာမည်ကို မသိတာလား"

ဟိုင်ရှို့သည် အစထဲက လူတွေနှင့် လိုက်လျောညီထွေ မဆက်ဆံတတ်ချေ။အခု လုံးဝမရင်းနှီးသည့်သူစိမ်းတစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရကာ သူ၏အပြောစွမ်းရည်မှာ လုံးဝမရှိတော့ပေ။ဖုန်းဖေ ဘာကိုမေးနေသလဲဆိုသည်ကို သူလုံးဝမသိပေ။ထို့ကြောင့် သူသည် ခေါင်းကိုသာ ဆက်တိုက်ညိတ်ပြလိုက်သည်။တစ်ဖက်တွင်တော့ ဖုန်းဖေသည် ဒေါသထွက်လာကာ အော်ရယ်လိုက်ပြီး ရှေ့သို့ပိုတိုးလိုက်သည်။ဟိုင်ရှို့၏အသားအရည်မှာ ပိုပြီးတော့ပင် ဖျော့တော့သွားတော့သည်။

ကိုယ့်နာမည်ကို မှတ်မိရဲ့လား?[မြန်မာဘာသာပြန်]Où les histoires vivent. Découvrez maintenant