"ကို...ကို...''

ဝရံတာရဲ့လက်ရန်းကို မျက်နှာမူရင်း အတွေးတွေများနေတဲ့ဂုဏ်ရောင်ရဲ့ ကျောပြင်ကို ဖက်တွယ်လာတဲ့လက်သေးသေးလေးတွေကြောင့် ဂုဏ်ရောင်ပြုံးလိုက်မိတယ်

သူလေးရဲ့ဘက်ကို ဂုဏ်ရောင်လှည့်လိုက်ပြီး

"ကိုကို့ရဲ့ခလေးလေး အန်တီနဲ့စကားတွေအကြာကြီးပြောပြီး ကိုကို့ကိုတောင်မေ့နေပြီထင်တာ ''

ခလေးရဲ့မျက်နှာသေးသေးလေးကို သူ့ရဲ့လက်တွေနဲ့ ထွေးရင်းမေးလိုက်လေသည်

"ခခ်...ကို..ကို...နဲ့...သား...အကြောင်း...ပြော..ပြတာ..တီတီ့..ကို..''

မျက်လုံးလေးတွေပိတ်ကျသွားသည်အထိ ရယ်သံလေးတွေနဲ့ပြောလာတဲ့ခလေးကိုကြည့်ရင်း
ဂုဏ်ရောင်အသဲယားစွာ ခလေးရဲ့ပါးပြင်လေးကို
ငုံ့နမ်းလိုက်လေသည်

ခလေးဆေးရုံကဆင်းထားတာသိပ်မကြာသေးတာမို့ ဂုဏ်ရောင်စိတ်ပူနေရပေမယ့် ခုလိုပြုံးပျော်နေတဲ့ခလေးရဲ့ ပုံစံလေးကိုမြင်တွေ့ရတော့ သူ့စိတ်တွေပေါ့သွားရသည်

"ကိုကို့ခလေးက အမြန်ဆုံးသက်သာအောင်နေရမယ်နော် ဒါမှကိုကိုတို့မဂ..လာပွဲလေးစီစဥ်နိုင်မှာ
ဒီကပေါက်စလေးကို အပိုင်သိမ်းချင်လွန်းလို့ ကိုကိုရူးတော့မယ်..''

ခလေးရဲ့နှာခေါင်းလုံးလေးကို ဆွဲညှစ်ရင်းပြောလိုက်တော့ သဘောကျစွာ ထပ်ရယ်လာပြန်တဲ့ခလေးလေး

!ဒီလိုမျိူးလေး များများပြုံးရယ်ပေးပါခလေးရယ် '

ဒီခလေးရဲ့အပြုံးလေးက သိပ်ကိုစွဲမက်ဖို့ကောင်းလွန်းလှပေသည်

"ကို..ကို..ဒီ..ကိုနမ်း...''

သူ့ရဲ့နှုတ်ခမ်းလေးကို လက်လေးထိုးပြရင်း အနမ်းတောင်းလာပြန်တဲ့ခလေး

!ကိုယ့်ကို ပြုစားနေတာလားခလေးရာ..''

အရိုင်းဆန်ချင်နေတဲ့သူ့ရဲ့စိတ်တွေကို ထိန်းချုပ်လိုက်ရင်း နူးညံလွန်းလှတဲ့ နှုတ်ခမ်းသာ အိအိလေးကို ခလေးစိတ်တိုင်းကျ အနမ်းတွေခြွေနေမိသည်

1second 2second 3second........

secondsပေါင်းများစွာကနေ မိနစ်ပိုင်းကြာသည်ထိ အလွတ်မပေးတမ်းနမ်းရှိုက်နေမိတယ်

My little Baby 🌺(Completed) Tahanan ng mga kuwento. Tumuklas ngayon