Part-34

1.2K 120 0
                                    

Zawgyi

~~ကြာဖြူ~~
အပိုင်း(၃၄)

     မို့ထားခင်
     အသက်(၂၅)နှစ်
     ကြာပန်းအဖြူတင်ထားသည့်မြေပုံမို့မို့လေးကို ငေးကြည့်ရင်း မျက်ရည်အချို့က လွင့်စင်လာပြန်သည်။
    "နင့်အမေကိုငါဘယ်လိုပြောရမလဲမို့ရယ်"
     ဝမ်းနည်းကြေကွဲစွာရေရွတ်လိုက်သော စိမ်းစကားအဆုံး ကောင်ကင်းကယူကြုံးမရဟန်ဖြင့်
    "ဒီခရီးကိုငါခေါ်ခဲ့လို့ ဖြစ်ရတာပါ ငါ့အမှားပါ "
    "အာ့လို့လည်းမဟုတ်ပါဘူး ​ကောင်းကင်ရယ် ဘယ်သူကဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိနိုင်မှာလဲ မို့လည်းသူ့သဘောနဲ့သူလိုက်ခဲ့တာပါ.. နင့်ကိုနင် အပြစ်တင်မနေပါနဲ့တော့ "
     "ငါခုထိလက်မခံချင်သေးဘူးဟာ .."
     သူမကရော လက်ခံနိုင်ပြီတဲ့လား....။ ထိုအတွေးတွေနှင့် ရင်ထဲနင့်ခနဲ့။ ကောင်းကင်က မြေပုံကိုအတန်ကြာအောင် ငေးကြည့်နေရင်းနှင့်
     "အိပ်မက်ထဲမှာငါမြင်ခဲ့တဲ့မြေပုံက ဒီမြေပုံပဲ စိမ်း.."
     "ဟင်..."
    "မို့ထားခင်တဲ့မြေပုံမှာရေးထားတဲ့နာမည် တိုက်ဆိုင်မူတော့မဟုတ်လောက်ပါဘူး "
     စိမ်း... နာကျင်စွာ သက်ပြင်းရိုက်မိပြီး
     "အိပ်မက်က နမိတ်ကြိုပြခဲ့တာနေမှာပါ ဒီကိုမလာခင်ကတည်းကဆိုတော့ မို့မှာဒီလိုဖြစ်ဖို့ကံတရားရှိခဲ့တယ် ထင်တယ်.."
     "ဟုတ်တယ်.. ပထမဆုံးအဲ့ဒီ့အိပ်မက်ကိုမက်ခဲ့တဲ့မနက်မှာပဲ စေတန်ကမိုးနတ်ခရာကို ငါတို့ဆီခေါ်လာခဲ့တယ်လေ.."
     ဘာကိုဆိုလိုချင်မှန်းမသိသော်လည်း ကောင်းကင်အသံကအခဲမကျေသည့်ဟန်အပြည့်။ သူမကောင်းကင်ကိုမကြည့်ဘဲ မို့မြေပုံလေးကိုသာ ငေးစိုက်ကြည့်နေမိလျက်နှင့်
     "မိုးနတ်ခရာကို နင်အပြစ်မတင်ပါနဲ့ သူ့အပြစ်မဟုတ်သလို နင့်အပြစ်လည်းမဟုတ်ဘူး ဒီလိုလိုက်အပြစ်တင်နေလို့လည်း မို့ကအသက်ပြန်ရှင်လာမှာမဟုတ်ဘူး မို့ငြိမ်းချမ်းရာကိုလွပ်လပ်စွာ သွားပါစေဟာ"
     "ဒါပေမယ့်.."
     "ဘယ်သူ့အမှားကြောင့်မဟုတ်ဘူး ကံတရားကမှားယွင်းခဲ့တာပါ ကောင်းကင် မို့ဒီလိုအဖြစ်ဆိုးနဲ့ သေရတာက.. "
     စိမ်းစကားကိုအတန်ကြာအောင်ရပ်လိုက်၏။ ထို့နောက် မြေပုံထံမှအကြည့်လွဲလိုက်ပြီး သူ့ကိုတစ်ချက်စိုက်ကြည့်ရင်း
     "ဝဋ်ကြွေးရှိခဲ့လို့ပါ.."
     "ဝဋ်ကြွေး....."
     "ဟုတ်တယ်ဝဋ်ကြွေးရှိခဲ့ရင် နင်ရောငါရောအားလုံးပဲမလွတ်ဘူးကောင်းကင် ငါအသင့်မဖြစ်သေးပေမယ့် ငါ့ဝဋ်ကြွေးတွေငါ့ဆီလာတော့မယ် နောက်တစ်ခေါက်ဆိုငါ့အလှည့်ဖြစ်သွားနိုင်တယ်..ငါဘာမှတတ်နိုင်မှမဟုတ်ဘူးဟာ ဒီအတိုင်းလည်စင်းခံရုံလေးပါ.."
     စိမ်းကနာကျင်စွာဆိုရင်း ထွက်သွားတော့၏။ ကောင်းကင်ငြိမ်သက်စွာကျန်ခဲ့သည်။ ဘယ်လောက်ကြာအောင် သူသတိလက်လွတ်ငြိမ်သက်နေခဲ့သည် မသိပါ။
     မိုးဖွဲဖွဲလေးကျလာ၏။ အခါမသင့်မိုးရွာချသည်ကို အံ့သြသွားသည့်တိုင် သူမလူပ်မယှက်ငြိမ်သက်နေဆဲ..
    "မိုးကျနေတယ် ..."
     အနားရောက်လာသူက ဈာန်။ သူဈာန့်ကိုမကြည့်ဘဲ နာကျင်စွာပြုံးမိရင်း..
     "အသုဘချတဲ့အခါတိုင်း မိုးရွာနေတဲ့ရုပ်ရှင်တွေမြင်တိုင်း ငါရယ်ခဲ့တယ် အပြင်မှာအမြဲမိုးမရွာနိုင်ပါဘူးဆိုပြီးပေါ့ ဒါပေမယ့်ထူးဆန်းတယ် မိုးကျလာတယ်.."
    "တစ်ခါတလေ ဘဝကရုပ်ရှင်ဆန်ပါတယ်.."
    "ဒါပေမယ့် မို့ရဲ့သေခြင်းတရားက ဖျော်ဖြေဖို့သပ်သပ်ရုပ်ရှင်မဟုတ်ခဲ့ဘူး ဈာန်.."
    အဖျားခတ်တုန်ခါသွားသည့်အသံက ဘယ်လောက်နာကျင်နေသည်ကို ဖော်ပြနေသယောင်။ ဈာန်သက်ပြင်းချမိရင်း
     "ဘယ်သူမှဒီလိုဖြစ်ဖို့ရွေးချယ်ခွင့်မရှိခဲ့ပါဘူး ရုပ်ရှင်ဆိုရင်တောင် ကိုယ့်သဘောနဲ့ကို သရုပ်မဆောင်ရပါဘူး ဒါရိုက်တာညွှန်းထားတဲ့အတိုင်းလုပ်ရတာပါ ဒီလိုပါပဲ ဘဝဆိုတာကံဇာတ်ဆရာစိတ်တိုင်းကျ စီရင်ခံရပါတယ် တစ်ခါတလေကျ မတရားမှန်းသိပင်မဲ့ ကံတရားကမှားယွင်းတတ်ခဲ့တယ် "
    "အဲ့ဒီ့အမှားတွေအတွက် ပေးဆပ်ရတာကျမတန်ဘူးထင်တယ် မို့ကိုငါခေါ်ခဲ့တယ် ပြီးတော့မြေပုံတစ်ခုအောက်မှာ ဖြစ်သလိုထားခဲ့ရတယ် သူ့နောက်ဆုံးအခြေအနေတောင် မခမ်းနားခဲ့ဘူး ဘယ်သူမှမရှိနိုင်တဲ့ သူ့အသုဘကိုသူကြည့်ပြီး သူငိုနေမလားဘဲ ငါဘာမှမလုပ်ပေးနိုင်ခဲ့ဘူး ဒါကိုငါတကယ်ရင်နာတယ်"
     "သေပြီးတဲ့နောက် ဘယ်အရာမှရှင်သန်တုန်းကလောက် မခမ်းနားတော့ပါဘူး အနည်းဆုံးတော့ ခင်ဗျားသူ့ကို ကောင်းကောင်းမြေမြှပ်ပေးနိုင်ခဲ့ပါတယ်"
     ဈာန့်စကားကို ကောင်းကင်ဘာမှမတုန့်ပြန်ပါ။ တဖွဲဖွဲလေးသာကျနေသည့် မိုးစက်တွေအောက်မှာ သူတို့ငြိမ်သက်စွာရပ်နေမိဆဲ..
   မြေပုံမို့မို့လေးပေါ်မှအဖြူရောင်ကြာပန်းလေးကို ကောင်းကင် ငေးစိုက်ကြည့်နေရင်းနှင့်..
    "ဘာဖြစ်လို့ သူ့မြေပုံမှာသူ့ကိုသေစေခဲ့တဲ့ ကြာပန်းကိုတင်ထားရသလဲ ခင်ဗျားသိလားဈာန်"
    "ဦးရာဇကတော့ပြောခဲ့တယ် ယုံကြည်မူအရ ဒီကြာပန်းအဖြူကသေသွားတဲ့သူကို လွတ်မြောက်စေမယ်တဲ့ သံသရာတစ်ခုကို လွတ်လွတ်ကင်းကင်းသွားနိုင်ဖို့အတွက် ဆုတောင်းပေးတဲ့ အဓိပ္ပယ်ပါ.."
    ကောင်းကင်... ပြုံးမိသည်ထင်သည်။ တကယ်ကိုမဲ့ပြုံးနှင့် ခံပြင်းစွာဆိုမိ၏။
    "ဒါနဲ့ပဲတကယ်ရော လွတ်မြောက်စေနိုင်ရဲ့လား"
    "မသိဘူး.. ဒီနယ်မြေမှာသေသွားတဲ့လူမှန်သမျှတော့ အလောင်းပါရှာမတွေ့ဘူး ဒါကြောင့် သူတို့ကိုမြေမြှပ်သင်္ဂြိုလ်ပေးလို့တောင် မရခဲ့ဘူး သူ့ကိုအခုလို ကောင်းကောင်းမွန်မွန်သင်္ဂြိုလ်ပေးခွင့်ရခဲ့တာပဲ သူလွတ်မြောက်သွားမှာပါ..."
    "ခင်ဗျားပြောသလိုပဲ သူ့ဝဋ်ကြွေးတွေကုန်ပါစေလို့ မျှော်လင့်မိပါတယ်..."
     ထို့နောက် သူတို့ပြောစရာစကားမရှိတော့သကဲ့သို့ တိတ်ဆိတ်နေမိ၏။ မိုးကကျသည်ဆိုရုံလေး တဖွဲဖွဲလေးကျနေဆဲ...
     "ခင်ဗျားဘာဖြစ်လို့ မို့ကိုချစ်တယ်လို့မပြောပေးနိုင်ခဲ့သလဲဈာန် သူ့ရဲ့နောက်ဆုံးအခြေအနေလေးမှာတောင် ခင်ဗျားမဖြည့်ဆည်းခဲ့ဘူး မုသားလေးဖြစ်ဖြစ် သူ့ကိုပျော်စေသင့်ပါတယ်ဗျာ... သူခင်ဗျားကိုတကယ်ချစ်ခဲ့တယ် ခင်ဗျားရက်စက်ပေးတာတန်ပါရဲ့လား..."
      ကောင်းကင်စကားကြောင့် ဈာန်တည်ငြိမ်စွာပင်ပြုံးလိုက်ပြီး
     "သူ့ရဲ့နောက်ဆုံးအချိန်ကို မုသားတွေနဲ့အဆုံးသတ်မသွားချင်တာ ကျွန်တော်ပေးခဲ့သမျှထဲမှာအကောင်းဆုံးပဲ ကောင်းကင် မုသားဟာဘယ်လောက်ချိုမြိန်ပါစေ အမှန်တရားလောက်ဘယ်အရာမှမလှပဘူး သံသရာကိုအလိမ်အညာတွေနဲ့ ကူးသွားစေဖို့အတွက် ကျွန်တော့်နှလုံးသားက မုသားဆိုပေးဖို့လိပ်ပြာမလုံခဲ့ပါဘူး ကျွန်တော်ရက်စက်တယ်လို့ ခင်ဗျားထင်ကောင်းထင်လိမ့်မယ် ဒါပေမယ့် ဒါသူ့အတွက်အကောင်းဆုံးပါ"
    "ခင်ဗျားအမှန်တရားက သူ့ကိုခါးသက်စေတယ်ဆိုတာရော တွေးမိရဲ့လားဗျာ.."
     "ဆေးဖက်ဝင်တဲ့အရာတိုင်းခါးပါတယ် ကျွန်တော်ကဆေးပေးခဲ့တာပါ ဒါကိုသူလက်ခံသွားမယ်လို့လည်း ယုံကြည်ပါတယ်"
    "နှလုံးသားရေးကိစ္စတွေ သေချာမခံစားနားမလည်ပေမယ့် ငါ့အတွက်တော့သူငယ်ချင်းဆိုတာ ဘုရားပေးတဲ့ အကောင်းဆုံးဆုလာဘ်ပဲဈာန် ဒီဆုံးရူံးမူအတွက် ဖြေလို့ရမှာမဟုတ်သလို ကြာဖြူအတွက် ဘယ်သူ့ကိုမှထပ်ပြီး စတေးခိုင်းမှာမဟုတ်ဘူး ငါရအောင်တားမယ်.."
     ကောင်းကင်အသံကတကယ်ကို နာနာကျဉ်းကျဉ်း။ သူသက်ပြင်းချရုံမှအပ.. ဘာမှမဆိုမိတော့ပါ။ သူနှင့်ကောင်းကင် မိုးဖွဲဖွဲအောက်ငြိမ်သက်စွာရပ်နေဆဲ...
     ကိုယ်စီအတွေးများစွာနှင့်......
    ဘာစကားမှမဆိုဘဲ........
။..........................................................။

ကြာဖြူ(ကြာဖြူ) Where stories live. Discover now