Part-8

1.8K 156 0
                                    

Zawgyi
~~ကြာဖြူ~~
အပိုင်း(၈)
      စေတန်.....
      မနက်မိုးလင်းလာတော့ သူစိတ်တွေ အတော်နှောက်ကျိလို့နေတော့သည်။ ညက သူကြုံခဲ့သမျှအားလုံးက  အိပ်မက်လား... တကယ်လားပင် မသဲကွဲတော့ပါ။
     သို့သော် စိတ်ရူပ်မခံတတ်သူမို့ လွယ်လွယ်ပင် မေ့ဖျောက်ပစ်ပြီး စိတ်ပြေလက်ပြေ မြင်းစီးဖို့ သူအတွေးရသွားသည်။ မနေ့ညကကမ်းခြေတွင် မြင်းအချို့သူမြင်တွေ့ခဲ့ရသည် မဟုတ်လား။
     ထို့ကြောင့်မြေပုံတစ်ချပ်နှင့် အလုပ်ရူပ်နေသည့်ကောင်းကင်နား လျှောက်သွားပြီး
     "မနေ့က ကမ်းစပ်နားမှာ မြင်းတွေတွေ့တယ် ငှားလို့ရမယ်ထင်တယ် "
     "ဘာလုပ်ဖို့..."
      "စီးမလို့ဟ... မင်းသိပါတယ် ကမ်းခြေနားမြင်းစီးပြီး ပင်လယ်အလှကိုခံစားရတာ ဘယ်လောက်ဖီလင်ရှိလဲ"
      စေတန်စကားကြောင့် ကောင်းကင် ပုခုံးတွန့်လိုက်တော့သည်။ စေတန်က မြင်းစီးအတော်ကျွမ်းသလို မြင်းတစ်ကောင်နှင့် လျှောက်ကြည့်နေရတာကိုလည်း ဝါသနာထုံတာ ဟိုးအရင်ကတည်းကပင်..။
     သူပိုင်သည့် ပြင်ဦးလွင်ခြံရောက်တိုင်း အမြဲမြင်းပတ်စီးလေ့ရှိသည်။ ခုလည်း  မြင်းစီးချင်လာပြန်ပြီ ထင်ပါ့။
     "ရမှာပါ ရွာသူကြီးဆီကဌားကြည့်ပေါ့"
     "အေး... ငါဒီနားတစ်လျှောက်ပတ်ကြည့်မယ် မင်းလည်းမြေပုံကို ခဏခေါက်ထားစမ်းပါ ဘာမှလုပ်လို့မရသေးမယ့်အတူ စိတ်ကိုလွတ်ပြီး သက်သောင့်သက်သာနေစမ်းပါ.."
     ပြောရင်းဆိုရင်းနှင့် စေတန်ထွက်သွားတော့ ကောင်းကင်မြေပုံကိုင်ပြီး ငိုင်နေမိတော့သည်။ သူ့စိတ်ထဲတစ်စုံတစ်ရာကို ဘာကြောင့်စိုးရွံ့နေမိသည် မသိပါ။
     ညကအိပ်မက်ကြောင့်ပဲလား...
     ဟင်းလင်းပြင်ကျယ်ထဲတွင် သူရောက်သွားခဲ့သည်။ မြူနှင်းတွေ အုံ့ဆိုင်းနေသောကြောင့်.. မြင်ကွင်းတွေက ဘာမှမသဲကွဲ။
     ရုတ်တရက် ရေကန်ကြီးတစ်ခုကို သူမြင်လိုက်ရသည်။ ရေကန်ထဲတွင် အဖြူရောင်ကြာပန်းတို့က လှပစွာပင် ပွင့်အာနေသည်။
     ပြီးတော့ ရေကန်ကြီးကို ငေးကြည့်နေသည့် အဖြူရောင်မိန်းကလေးတစ်ယောက်...
     သူအံ့သြသင့်စွာအနားရောက်သွားတော့ ချက်ချင်းလိုပင် ရေကန်ကြီးက ပျောက်ကွယ်သွားသည်။ ကြာပန်းလည်း မရှိ မိန်းကလေးလည်းမရှိတော့ရာ...
     သူကြောင်စီစီဖြစ်သွားရင် တိတ်ဆိတ်နေသည့်ဝန်းကျင်တွင် ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။ မြူနှင်းတွေကြောင့် ဘာမှသဲသဲကွဲကွဲ မမြင်ရပေ။
    သို့သော် တစ်နေရာအရောက် မြေပုံတစ်ခုက ချောက်ချားဖွယ် ဘွားခနဲ့တွေ့လိုက်ရသည်။ ထိုမြေပုံမို့မို့လေးပေါ်တွင် ကြာဖြူပန်းတစ်ပွင့် တင်ထားသည်. .
     သစ်သားဖြင့် စိုက်ထူထားသည့်ကတ်ပြားပေါ်တွင် ရေးထားသည့်နာမည်ကိုမြင်တော့ ကောင်းကင်း သွေးပျက်တုန်လှုပ် သွားမိသည်။
     သူမယုံနိုင်စွာငေးကြည့်မိရင်း ဆတ်ခနဲ့ နိုးထလာခဲ့ရသည်။
     ထိုနာမည်က....
     အို.. မဟုတ်ဘူး ဒါအိပ်မက်တစ်ခုပဲလေ
     သူချက်ချင်းအတွေးကို ရုတ်သိမ်းပစ်လိုက်သည်။ ထိုအိပ်မက်ကိုလည်း ရအောင်မေ့ဖျောက်ပစ်ရင်း စကားဝိုင်းဖွဲ့နေသည့် ကမ္ဘာတို့ဆီ လျှောက်လာလိုက်သည်။
     ထို့နောက်သူငယ်ချင်းများနှင့် ရယ်မောပျော်ရွှင်ရင်း ထိုထူးဆန်းသည့် အိပ်မက်က ဝေဝါးပျယ်လွင့်သွားတော့ရာ......။
     ရွာထဲမှာ မြင်းကိုအလွယ်တကူဌားလို့ရတော့ စေတန်လွပ်လပ်ပေါ့ပါးစွာပင် မြင်းပတ်စီးတော့သည်။
     မြင်းတစ်ကောင်နှင့် ကမ်းခြေတစ်လျှောက် လျှောက်စီးနေရင်းမှ တစ်နေရာရောက်တော့ သူတုန့်ခနဲ့ ရပ်လိုက်လိုက်မိသည်။
     ဒီနေရာ..... ဟုတ်တယ် 
    မနေ့ညကသူရောက်ခဲ့သည့်နေရာ...
    ဖျတ်ခနဲ့ အပေါ်ဝေ့ကြည့်လိုက်တော့...
    ဟုတ်သည်... အုန်းပင်တွေအစီအရီနှင့် သူတို့နားနေသည့်တည်းခိုဆောင်ကိုပင် ရေးရေးလေးမြင်နေရသည်။
     ဒီနေရာကကျောက်စောင်တွေများတော့ သူမှတ်မိပါသည်။ ဟိုးပင်လယ်ကမ်းစပ်နားမှာ အဖြူရောင်ဂါဝန်နှင့်မိန်းကလေး ..
    ပြီးတော့ သဲပြင်ပေါ်ထူးဆန်းသည့်စာလုံးတွေ
    "ကျွတ်.."
    စေတန်အလိုမကျစွာ စုပ်သပ်မိသည်။ ရူးကြောင်ကြောင်အဖြစ်ကို တကယ်တော့ သူပြန်မတွေးချင်...
    စိတ်တွေကနောက်ကျိလာပြန်သည်။ သတိမထားဘဲ ဒီနေရာကို သူတိုက်တိုက်ဆိုင်ဆိုင် ရောက်ခဲ့ပြန်သည်။
     အတွေးဖြင့် သူစိတ်ရူပ်လာသဖြင့် သဲသောင်ပြင်မှအကြည့်ခွာပြီး မြင်းကိုဒုန်းစိုင်းစီးရန် မောင်းတင်လိုက်စဉ်..
     ကျောက်စောင်ကြားမှ ရုတ်တရက်ထွက်လာသည့် အရိပ်ဖြူလေးတစ်ခု
     "အမေ့..."
     "ဟာ..."
     ညကအဖြစ်တွေကြောင့် သူရူပ်ထွေးနေစဉ် ကျောက်စောင်တွေကြားမှ ရုတ်တရက် အရိပ်ဖြူလေးတစ်ခုထွက်လာတော့ သူခဏကြောင်သွားမိစဉ်
     ထိုအဖြူရောင်လေးက သူမြင်းလမ်းကြောင်းရှိရာ တည့်တည့်သို့...
    အရှိန်ပြင်းပြင်းနှင့် ပြေးဟန်ပြင်နေသည့်သူ့မြင်း
    ဖျတ်ခနဲ့အသိဝင်လာသည်နှင့် စေတန်သူ့မြင်းကို ကမန်းကတမ်းဇက်သပ်လိုက်သလို ထိုအရိပ်လေးနှင့်မတိုက်အောင် အလန့်တကြား ရှောင်လိုက်သည့်တိုင်...
     "အ.."
     "ဟာ..ဒုက္ခပဲ..."
     "ဟီး......ဟီး"
      မလွတ် ... အနည်းငယ် တိုက်မိသွားဟန်တူသည်။ အထိတ်တလန့် ညည်းသံလေးနှင့်အတူ ထိုအဖြူရောင်လေးက သဲသောင်ပြင်ပေါ် ဘုန်းခနဲ့....။
    သူလည်းဟန်ချက်ပျက်သွားသလို ထိတ်လန့်သွားသည့်မြင်းကလည်း တဟီးဟီးနဲ့အော်ကာ ကဏှာမငြိမ်တော့ရာ
    သူထိန်းရခက်လာသဖြင့် မြင်းပေါ်မှသတိထားပြီး အမြန်ဆင်းလိုက်ရသည်။ မြင်းက အတော်လန့်နေဟန်တူသည်။ သူလည်းဆင်းရော ခုန်ပေါက်ပြေးသွားတော့သည်။
     မတတ်နိုင်.... ရှာမတွေ့တော့လည်း လျော်ပေးရုံသာ။ သူပုံပုံလေးလဲကျနေသည့် အရိပ်ဖြူလေးထံ ခပ်တွေတွေ လျှောက်လာလိုက်သည်။
     သေချာကြည့်တော့ အဖြူရောင် ဂါဝန်ဝတ်ထားသည့် ဆံပင်ရှည်ရှည်မိန်းကလေး တစ်ယောက်။ မေ့သွားသလား... မသဲကွဲ။ လှဲကျသွားသည့်အတိုင် တုတ်တုတ်မှ မလူပ်ရှားတော့ပေ။ သို့သော် သူချက်ချင်း ပြေးမထူမိပါ။
      မနေ့ည ဒီနေရာဝန်းကျင်မှာပဲ ဒီပုံစံလေးအတိုင်း မိန်းကလေးတစ်ယောက်ကို သူကြုံခဲ့သည်မဟုတ်လား။ ပြီးတော့ ထိုမိန်းကလေး ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။
    အခုလည်းကြည့်စမ်း.. ဒီနေရာလေးမှာပဲ အဖြူရောင်ဂါဝန်နှင့် ဆံပင်ရှည်ရှည်မိန်းကလေး
   ဒါကသာမာန်တိုက်ဆိုင်မူပဲလား။ ပြီးတော့ သူမကရော မနေ့ကမိန်းကလေးလား...
   ဒါဆိုလူရောဟုတ်ရဲ့လား..
    ဇဝေဇဝါဖြင့် အနားကပ်လာပြီး ဒူးတစ်ချက်ထောက်ကာ ခွေလျက်သားငြိမ်သက်နေသည့် သူမပုခုံးသားလေးကို အသာထိမိလိုက်တော့...
     စေတန်ရယ်ချင်မိသွားသည်။ သူအတော် ဂေါက်ကြောင်နိုင်လွန်းတာပဲ။  ဒီချိန်ကြီး ဘယ်ကသရဲရှိမလဲ..
    ဘာလို့ရူးကြောင်ကြောင်တွေးနေမိမှန်း မသိ။
    အသားအိအိနွေးနွေးကိုထိမိမှ သာမာန်လူတစ်ယောက်မှန်း အသိဝင်လာကာ ရယ်ချင်မိတော့သည်။ သူမပုခုံးတစ်ဖက်ကို သူလူပ်လိုက်ပြီး
    "ဟိတ် အမိ"
    ဘာတုန့်ပြန်မှုမှမရ။ ငြိမ်သက်နေဆဲဖြစ်ရာ သူအသာဆွဲထူလိုက်လေတော့ ခန္ဓာကိုယ်အိအိလေးက ရင်ခွင်ထဲအလိုလိုရောက်လာပြီးနောက်...
    ဘေးတိုက်ဖြစ်သည့်ပြင် ဆံနွယ်တွေဖုံးထားတာကြောင့် သေချာမမြင်ရသေးသော မျက်နှာလေးကို ရှင်းရှင်းလေးမြင်လိုက်ရစဉ် ခဏ ..
    သူ ရုတ်တရက်မှင်သက်သွားသလား.... မသိတော့ပါ။ ဖြူနုသောမျက်နှာလေးက ပကတိစင်ကြယ်ကာ လှပလွန်းနေသည်။ နှာတံစင်းစင်းလေးအောက်မှ အင်မတန်လှပသော နူတ်ခမ်းဖူးဖူးလေး။  မျက်ဝန်းတွေပိတ်ထားတော့ မျက်တောင်လေး ကော့စင်းနေသည်မှာထင်းခနဲ့.
     လန့်ဖျတ်ကာ သူမမေ့မျောသွားပုံရသည်။ ဘာဒဏ်ရာမှ ကြီးကြီးမားမားမတွေ့ရပါ။ သူမကို ထွေးပွေ့ထားရင်း ချက်ချင်းမထမိဘဲ နုနယ်ပျိုမြစ်သော မျက်နှာလှလှလေးကို ဘာကြောင့်မှန်းမသိ သူငြိမ်သက်စွာ ခပ်စူးစူး စိုက်ကြည့်နေမိသည်။
     ထိုခဏ... ခံစားချက်က ထူးဆန်းလွန်းသည်။ အလှဆုံးပါဆိုသောပန်းများကို သူနမ်းရိုက်ခဲ့ဖူးသည်။ ဒီထက်မကလှသော ပန်းရနံ့များနှင့်လည်း သူမကင်းခဲ့ပါ...
     သို့သော် ဖြူစင်လှပသော ဤမိန်းကလေးမျက်နှာကို မြင်လိုက်ရသည့်အခိုက်အတန့် ခံစားရလိုက်ရသည့် ခံစားချက်မျိုး သူတစ်ခါမှမဖြစ်ခဲ့ဖူးပါ။
     ခဏ...... ခဏလေးအတွင်းမှာပါပဲ...
     သူ့အသက်ရူသံတွေ ရပ်တန့်သွားလား။ အရာအားလုံး ငြိမ်သက်သွားသလို သူခံစားလိုက်ရသည်။
    လှိုင်းသံတွေ.. ငြိမ်ကျသွားသလား
    လေပြင်းတို့ပင် ရပ်တန့်သွားခဲ့သလား.. သူမသိပါ။  သူ ထင်သည်... ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်ကျသွားသည်။ ထူးဆန်းသော ခံစားချက်တို့ကလည်း ငြိမ်သက်စွာပင် သူရင်ထဲစူးစူးနင့်နင့် တိုးဝင်လျက်...
     ဘုရားရေ... သူဘာဖြစ်သွားပါလိမ့်
    ဖျတ်ခနဲ့ အသိဝင်လာတော့ သူ့အဖြစ်ကိုသူ အလိုမကျစွာ တွေးလိုက်မိသည်။ သို့သော် သူ့နူတ်ခမ်းတို့က ပြုံးနေမိပြီလားမသိ...
    သူမကိုပွေ့ချီပြီးသူထရပ်လိုက်သည်။ သူသည် ဘဝတွင် တန်ဖိုးအရှိဆုံးတစ်စုံတစ်ရာကို ထွေးပွေ့ထားရသလိုပင် ရင်သည်နွေးခနဲ့...
    မင်းဘယ်သူလဲ.... ကလေးမလေး..
    ငါ့ကို အတော်ဖမ်းစားလိုက်နိုင်တာပဲ...
    ငါသိချင်တယ်... မင်းဘယ်သူလဲ......
    ထိုထက်ထူးဆန်းလွန်းစွာ သူထွေးပွေးလိုက်သည့် မိန်းကလေးကို ဘာမှန်းမသိရသည့်အခိုက်မှာပင် ပိုင်ဆိုင်လိုစိတ်က အံ့သြဖွယ်ကောင်းအောင် ခံစားလိုက်ရ၏။
     သူ.. သူမကိုစိုးရိမ်စွာထွေးပွေ့ရင်း တည်းခိုဆောင်ဆီသို့ ခြေလှမ်းကျဲများဖြင့် လှမ်းလာတော့သည်။
    သူ့ကို ပထမဆုံးမြင်လိုက်သူက စိမ်း..
    "စေတန်... ဘာဖြစ်လာသလဲ..."
    စိမ်းစကားကြောင့် ကျန်တဲ့သူတွေပါ မြင်သွားပြီး သူ့ကိုတအံ့တသြ ကြည့်ကြတော့သည်။ မြင်းစီးဖို့ထွက်သွားပြီး ဘယ်နှယ့်ကောင်မလေးတစ်ယောက်ကို ပွေ့ပိုက်ပြီး ပြန်လာရပါလိမ့်..
     ကောင်းကင်က အံ့သြသင့်စွာပင်
    "ဟိတ်ရောင်...ဘာတွေလဲ သူကဘယ်သူလဲ"
     သူဘယ်သူ့ကိုမှ မဖြေပါ။ သူ့နားဝိုင်းအုံလာသည့်သူငယ်ချင်းတွေကို ကျော်ဖြတ်ပြီး အခန်းထဲဝင်လာလိုက်၏။ ထို့နောက်သူမကိုကုတင်ပေါ် အသာချလိုက်ရင်းနှင့်
     "ငါ့ကိုဆရာဝန်တစ်ယောက်ခေါ်ပေး ဆရာဝန်မရှိရင် ဆေးကုတတ်တဲ့ တစ်ယောက်ယောက်ဖြစ်ဖြစ် အမြန်ခေါ်ပေးပါ"
    "စေတန်ဘာဖြစ်လာသလဲ သူကရော ဘာလဲဟာ ငါတို့ကိုပြောဦးလေ"
    "စိမ်း နင့်ပါးစပ်ခဏပိတ်ထား ငါပြောတာ မကြားဘူးလား ဆေးဆရာတစ်ယောက် အမြန်ခေါ်ပေးစမ်းပါ"
    စေတန်အသံကနည်းနည်းမာသွားလေတော့ စိမ်းရုတ်တရက်အံ့သြသင့်သွားရင်းမှ မျက်ရည်က ဝဲခနဲ့။ စေတန်နှင့်ပတ်သတ်လာလျှင် လေသံမာတာကိုပင် သူမနှလုံးသားကမခံနိုင်တာ သူမအသိဆုံး။ စိမ်းမျက်နှာပျက်ယွင်းသွားတော့ ကမ္ဘာမနေသာတော့ဘဲ...
     "ဟုတ်ပြီ.. ခဏစောင့် ငါသွားရှာပေးမယ် "
     ကမ္ဘာကထွက်သွားတော့ ကျန်တဲ့သူတွေက ဘာမှမမေးတော့ဘဲအလိုလိုငြိမ်နေကျတော့သည်။ မငြိမ်လို့လည်းမရ ...
     စေတန်အပြုအမှုက အတော်ထူးဆန်းနေသည်။ ဘာစကားတစ်ခွန်းမှ မပြောဘဲ ဘယ်ကယူလာမှန်းမသိသည့် မိန်းကလေးကိုသာ ငြိမ်သက်စွာ စူးစိုက်ကြည့်နေသည်။
     စူးရှလွန်းသောမျက်ဝန်းတို့တွင် စိုးရိမ်ခြင်း အရိပ်အယောင်တို့က သူတို့ကို အတော်အံ့သြသင့်စေသည်။
    စေတန်သည်အတော်သွေးအေးလွန်းသည့် ယောကျာင်္းတစ်ယောက်ပင်။ မိန်းကလေးပေါင်းများစွာနှင့် ထည်လဲတွဲနေသည့်တိုင် တစ်ခါမှမနူးညံ့ခဲ့ဖူးပါ..
    စေတန်နက္ခတ်.... တဲ့
    တကယ်လည်း နတ်ဆိုးတစ်ပါးပင်။ သွေးအေးသည်။ မထင်သလို ရက်စက်သည်..
    ဘယ်သောမှသူ့ရင်ဘတ်တွင် အချစ်မရှိခဲ့ပါ။ မိန်းကလေးများကို ကစားစရာအဖြစ်သာ သဘောထားခဲ့ပါ။ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် စိမ်းကိုပင် စေတန်က တော်ရုံနှင့်ဂရုမစိုက်သလို ကြင်နာခဲ့တာလည်း မရှိပေ။
      အခုလိုမျိုးမြင်တော့ အတွင်းသိအစင်းသိ သူတို့အဖို့ အတော်အံ့သြရသည်မှာအမှန်ပင်။
     သူတို့အံသြခြင်းများစွာ တိတ်ဆိတ်နေသည်မှာ ကမ္ဘာနှင့်အတူ ရုပ်ရည်သန့်သန့် လူကြီးတစ်ဦးရောက်လာမှ အသိဝင်လာတော့သည်။ ကမ္ဘာက...
   "ဒါရွာကကျန်းမာရေးမှူး ဦးနေဇင်တဲ့ စေတန် "
    စေတန်ခေါင်းတစ်ချက်ညိတ်ပြီး...
     "သူ့ကိုတစ်ချက်ကြည့်ပေးပါ ကျွန်တော်မြင်းစီးရင်း သူ့ကိုတိုက်မိမလိုဖြစ်ခဲ့တယ် တိုက်မိလား သေချာမသိတော့ဘူး သူသတိလစ်သွားတယ် အဲ့ဒါ... သူ့ဘာဖြစ်သွားလဲဆိုတာ သေချာကြည့်ပေးပါဗျာ.."
     "ဟုတ်ကဲ့ပါ..."
     ဦးနေဇင်က သူမနားဝင်ထိုင်လိုက်ပြီး လိုအပ်သည်များ စစ်ဆေးပြုလုပ်နေသည်ကို စေတန် မျက်တောင်တစ်ချက်မခတ်ဘဲ လိုက်ကြည့်နေရင်းမှ
    "ဘာဖြစ်သွားသလဲဆရာ"
    မျက်နှာပျက်ယွင်းနေသည့် စေတန်ကိုကြည့်ပြီး ဦးနေဇင်က တစ်ချက်ပြုံးလိုက်ရင်း..
    "စိတ်မပူပါနဲ့ သူ့ကိုတိုက်မိပုံမပေါ်ပါဘူး လန့်ပြီးသတိလစ်သွားတာပါ ဒါပေမယ့် ခြေကျင်းဝတ်ကယောင်နေတော့ ခြေခေါက်သွားပုံရတယ် ပြီးတော့ ဒီကလေးမလေးမှာ အဖျားတော်တော်ရှိတယ် ဒါကြောင့်လည်း ရုတ်တရက်လန့်ပြီး မေ့သွားတာဖြစ်မယ် ကျွန်တော်ဆေးထိုးပေးလိုက်မယ် ခြေထောက်ကိုလည်း ဆေးစည်းပေးမယ် ဘာမှတော့မထိခိုက်ပါဘူး"
     ပြောပြောဆိုဆိုနှင့်ဦးနေဇင်က လိုအပ်သည်များပြုလုပ်ပေးပြီးနောက်
     "ဒါသူ့ကိုတိုက်ရမယ့်ဆေးတွေပါ ၂ရက်စာပေးခဲ့မယ် တကယ်လို့သူသတိရလာမယ်ဆိုရင် တစ်ခုခုကျွေးပြီး ဒီဆေးလေးတိုက်ဖို့ မမေ့ပါနဲ့"
     "ဟုတ်ကဲ့ပါ.. ကျေးဇူးတင်ပါတယ်ဗျာ"
      ဦးနေဇင်ကို ကမ္ဘာပြန်ပို့ပေးပြီး ပြန်ရောက်လာသည်ထိ စေတန်တစ်ယောက် ငြိမ်သက်နေဆဲ။ ကမ္ဘာက စေတန်ဘေးနားဝင်ထိုင်လိုက်ပြီး
     "ဘာတွေဖြစ်နေသလဲ စေတန်"
     "ငါမြင်းစီးနေရင်း သူ့ကိုတိုက်မိသွားတယ် မြင်းကလန့်ပြီး ထွက်ပြေးသွားတယ် ဘယ်ရောက်သွားမှန်းမသိဘူး ငါလည်းသူ့ကိုဒီခေါ်ခဲ့တယ် ဒီလောက်ပဲ"
     "မြင်းက သူ့ပိုင်ရှင်ဆီပြန်ရောက်နေပြီ လမ်းမှာတွေ့လို့ပြောခဲ့တယ် ငါဆိုလိုချင်တာက မင်းဘာတွေဖြစ်နေလဲ စေတန်"
     ကမ္ဘာ ဘာကိုပြောချင်နေမှန်းသူသိသည်။ သို့သော် သူဘာလို့ဒီလောက်ထိ ယောက်ယတ်ခတ်နေမှန်း  သူ့ကိုသူလည်း နားမလည်တာအမှန်။ သူဘာစကားမှမတုန့်ပြန်မိ။ ကောင်းကင်ကပါ မနေသာတော့ဘဲ
    "မင်းကြောင့် ဒီလိုဖြစ်သွားတာထက်ပိုပြီး မင်းသူ့အတွက်ပိုစိတ်ပူနေသလိုပဲ စေတန် မင်းသူ့ကိုအရင်ကသိခဲ့လား"
   "ငါသူ့ကိုခုမှစမြင်ဖူးတာ ဒါပေမယ့် သူ့မျက်နှာကိုငါရင်းနှီးသလိုခံစားရတယ် ဘာလို့ဖြစ်နေမှန်းမသိဘူး တော်ပြီကွာ ငါစိတ်ရူပ်လာပြီ"
     အမှန်တကယ် စိတ်ရူပ်လာဟန်ရှိသည့် စေတန်ပုံကြောင့် သူတို့ဆက်မမေးမိတော့ပါ။ မို့က မေ့မျောနေသည့်တိုင် နုဖက်လှပလွန်းသော မျက်နှာလေးကိုတစ်ချက်လှမ်းကြည့်လိုက်သည်။
     သတိမရသေးသည့်တိုင် ဖြူစင်ခြင်းတွေက မျက်နှာပေါ်အထင်သား။ သို့သော် ထိုအရာသည်ပင် တစ်ခုခုထူးခြားနေသလို မို့ခံစားမိသည်။ ပြီးတော့ ဘာရယ်ကြောင့်မှန်းမသိ မို့သူမကိုမနှစ်မြိုမိပါ။
     "စိမ်း.."
     တစ်ချိန်လုံးတွေတွေလေးငြိမ်နေသည့် စိမ်းက စေတန်ခေါ်လိုက်မှ အသိဝင်လာပြီး..
     "အင်း.. ပြော"
     "နင်ကဟင်းချက်ကောင်းတော့ သူ့အတွက် တစ်ခုခုလောက် စီစဉ်ပေးပါ သူနိုးလာရင် ကျွေးလို့ရအောင်လို့"
     ရင်ထဲ တစ်ခုခုနင်သွားသလို။ သို့သော် စိမ်းပြုံးလိုက်ရင်းနှင့်ပင်
     "ရတယ်လေ ငါဆန်ပြုပ်တည်ထားပေးလိုက်မယ်"
     စိမ်းထွက်သွားတော့ မို့ကပါ နောက်ကနေလိုက်လာပြီး
    "စေတန်ထူးဆန်းနေတယ်လို့ နင်မထင်ဘူးလား စိမ်း ဒီကောင်မလေးကို ဘာလို့ဒီလောက်အဖြစ်သည်းနေရလဲ မသိဘူး"
     "အော် မို့ရယ်... သူကြောင့်ဖြစ်သွားရတယ်ဆိုတော့ သူစိတ်ပူတာ ဖြစ်သင့်ပါတယ်လေ"
     "မဟုတ်ဘူးစိမ်း နင်စေတန်အကြောင်းသိပါတယ် သူဘယ်တုန်းက တစိမ်းတစ်ယောက်အတွက် စိတ်ပူပေးဖူးလဲ နဒီချိုနဲ့တွဲတုန်းကလည်း ဟိုကသူ့ကြောင့် အိပ်ဆေးတွေသောက်ပြီး ဆေးရုံရောက်သေမလိုဖြစ်တဲ့ချိန်တောင် မျက်နှာတစ်ချက်မှ ပျက်တာမဟုတ်ဘူး ဒီလောက် သွေးအေးတဲ့လူက ဒီလိုမျိုးပျာယာခတ်နေတာ ထူးကိုထူးဆန်းနေတယ်"
      မို့ကအလိုမကျစွာ တတွတ်တွတ်ဆိုနေတော့ စိမ်းဘာမှမတုန့်ပြန်ဘဲ တိတ်ဆိတ်နေမိသည်။
     စေတန်နှင့်ငယ်ငယ်ကတည်းက သိလာသူမို့ စေတန်အကြောင်း စိမ်းပိုသိပါသည်။ စေတန်ထူးဆန်းနေသည်မှာအမှန်...
     စေတန်ထံမှဒီလိုပူပင်မှုတွေကို စိမ်းပင် မရခဲ့သလောက်ပင်။ သို့သော် ထူဆန်းမှုထက် ကောင်မလေး၏မျက်နှာနုနုလေးက သူမကို အမျိုးအမည်မသိသောခံစားချက်တွေ ပေးနေခြင်းက ပို၍ထူးဆန်းနေသည်
    နုပျိုခြင်းတွေနှင့် ပကတိရိုးစင်းဖြူစင်လွန်းသော မျက်နှာ
    သို့သော်ဘာလို့များ သူမစိတ်ကိုထိုးဖောက်ဝင်ကာ ဖော်ပြရန်ခက်ခဲသော ခံစားချက်တွေပေးနေပါလိမ့်
     စိမ်းအလွန်စိတ်ရူပ်မိသည်။ ထို့ကြောင့်လည်း စေတန်ထူးဆန်းနေတာကို သူမရင်ထဲ သိပ်မရှိမိပါ။ အာရုံတွင်ထိုမျက်နှာက လွှမ်းမိုးနေသည်ကိုပဲ ထူးဆန်းနေမိသည်။
     သက်ပြင်းအခါခါချမိရင်း စိမ်းငြိမ်သက်နေသည်ကို စေတန်ကြောင့်ဟုပင်ထင်ကာ မို့ကဘာမှပင် ထပ်မပြောရှာတော့ပေ.။
    စေတန်.....
    သူသည်တိတ်ဆိတ်စွာပင် ငြိမ်သက်နေမိရင်း သူမမျက်နှာကို ဘယ်လောက်ကြာအောင် ငေးစိုက်နေမိသည်မသိ...
    "အင်း....ဟင်း.. ဟင်း"
     ညည်းသံသဲ့သဲ့လေးနှင့်အတူ သူမကိုယ်လေးလူပ်ခါလာမှ သူအသိဝင်လာပြီး
    "အမိ... သတိရလာပြီလား."
    သူမလေးက မျက်နှာလေးရူံးမဲ့နေရင်းမှ မျက်လုံးပွင့်ပွင့်ချင်း တစိမ်းတစ်ယောက်မျက်နှာမြင်လိုက်တော့ ထိတ်လန့်သွားဟန်ဖြင့် ကမန်းကတမ်းထလိုက်ရာ
     "အ...."
     "နေဦးသိပ်မလှုပ်နဲ့ မင်းခြေထောက်ဒဏ်ရာရထားတယ်"
     ထိုအခါမှ သူမကပက်တီးတွေနှင့် ကိုယ့်ခြေထောက်ကိုပြန်သတိထားမိတော့ ပိုပြီးလန့်သွားဟန်ဖြင့်.
     "ဟင်... ခြေထောက် ခရာ့ခြေထောက် ဘာဖြစ်သလဲ"
     "နည်းနည်းယောင်နေလို့ စည်းထားပေးတာ ဘာမှမဖြစ်ဘူး မစိုးရိမ်နဲ့.."
    "နာတယ်...."
   မျက်နှာလေးရူံ့မဲ့ရင်း ဆိုလိုက်ဟန်က ကလေးတစ်ယောက်လိုပင်။ သူပြုံးမိသလားပင် မသဲကွဲ..
    "နာတာတော့နာမှာပေါ့ စိတ်မပူနဲ့ မကျိုးဘူး"
     သူ့စကားကြောင့် သူမကသူ့ကိုပါ ပြန်သတိထားမိတော့  မျက်လုံးပြူးပြူးလေးဖြင့် စိုးရွံ့ဟန်နှင့်..
     "ခရာဘယ်ရောက်နေလဲ ပြီးတော့ အစ်ကိုကရော ခရာလည်း မသိဘူး... "
    "မင်းနာမည် ခရာလား"
     ရုတ်တရက်မေးလိုက်တော့ ခရာကြောင်သွားပြီးမှ
     "ဟုတ်ကဲ့ ခရာနာမည်က ခရာပါ အစ်ကိုရောဟင် ဘာလို့ခရာဒီကိုရောက်နေသလဲ"
    "အင်း ကိုယ်မြင်းစီးနေရင်း မင်းနဲ့တိုက်မိတယ် မင်းသတိလစ်သွားတယ် ဒါကြောင့် ကိုယ်မင်းကိုဒီနေရာခေါ်လာခဲ့တာ ရှင်းပြီလား အမိ"
     ထိုအခါမှ ခရာငြိမ်သက်သွားရင်းမှ ဘာတွေဖြစ်ခဲ့လဲဆိုတာ တွေးလိုက်မိသည်။
    မနေ့ညက... ဟုတ်တယ် မနေ့ည သူမအတော်ဖျားနေခဲ့သည်။ ကိုကိုက မသိသလား ဂရုမစိုက်သလား မသဲကွဲ။
    ဒီမနက်အစောကြီး မောင်ထင်နှင့် သဘောင်္ထွက်သွားသည်။ ဟိုဦးလေးကြီးကို လိုက်ရှာမည်ဆိုလား...
   သုံးလေးရက်ကြာရင်ကြာလိမ့်မည်။ အဆင်ပြေသလိုနေဟုဆိုကာ သူမတစ်ယောက်တည်း တည်းခိုဆောင်တွင်ထားကာ ထွက်သွားတော့သည်။ ဆေးဘူးက သဘောင်္ပေါ်ပါသွားတော့ ခရာကြိတ်မှိတ်နေသေးသည်။ မရတော့သည့်အဆုံး ရွာထဲဝင်ကာ ဆေးဝယ်ဖို့ကြိုးစားသေးသည်။ သို့သော် ခရာမသွားတတ်ရှာပါ။
     လျှောက်သွားရင်း သောင်ပြင်ဘက်ရောက်လာတော့ ခေါင်းတွေအရမ်းမူးလာသဖြင့် ကျောက်ဆောင်နားတွင်ထိုင်ပြီး အနားယူနေမိသည်။
    သက်သာသလိုဖြစ်ပြီးပြန်ထွက်ဟန်ပြုတော့...
    ရုတ်တရက်မြင်းတစ်ကောင်နှင့် လူတစ်ယောက်
    အဲ့ဒီနောက်ထိတ်လန့်ပြီး ခရာသတိလစ်သွားပုံရသည်။ ခရာသည် သူမရှေ့မှ အလွန်ချောသောယောကျာင်္းပျိုကို ငေးကြည့်ရင်း အတွေးလွန်နေစဉ်..
     "မခရာ ကိုယ်ပြောတာ မင်းကြားလား"
     "ရှင်.... ဟို ဘာပြောသလဲ"
   ခရာအသိဝင်လာပြီးရှက်လိုက်တာ မပြောပါနှင့်တော့။ သူက မျက်မှောင်ကျုံ့ရင်း
    "မင်းမှာအဖျားရှိတယ် ဆေးသောက်ရမယ် အဲ့ဒီအတွက် တစ်ခုခုအရင်စားရမယ်"
    "ဟုတ်ကဲ့..."
     မနက်ကတည်းက ဘာမှမစားရသေးသဖြင့် ဝမ်းကလည်းဟာနေသည်မို့ ခရာအလွယ်တကူပင် ခေါင်းညိတ်လိုက်သည်။ စေတန်က ကိုယ်တိုင်ပင်ထလိုက်ပြီး မီးဖိုခန်းဖက်သွားကာ
    "စိမ်း... ဆန်ပြုပ်ရပြီလား"
    "အင်း.. ရပြီ ငါတောင်ခုလာပေးတော့မလို့"
    "ရတယ် ငါယူသွားလိုက်မယ်"
     ပြောပြောဆိုဆိုနှင့် ဆန်ပြုပ်ပန်းကန်လေးကို ယူလိုက်ပြီး ထွက်သွားသောစေတန်ကိုကြည့်ပြီး စိမ်းတွေတွေလေးကျန်ခဲ့သည်။ မို့က ပုခုံးတစ်ချက်တွန့်ရင်းနှင့်...
     "ဘယ်တုန်းကများ မိန်းကလေးတစ်ယောက်အတွက် ကိုယ်ထူကိုယ်ထလုပ်ပေးဖူးလို့လဲ ဆန်းကြယ်တာ"
     မို့အသံက မနှစ်မြိုခြင်းတွေနှင့်။ မို့ဘာကို မကျေနပ်နေလည်း စိမ်းမသိသလို မေးလည်းမမေးမိ။ သူမကိုယ်တိုင် ရင်ထဲမွန်းကျပ်ခြင်းတွေနှင့်....
    စေတန်ကသူ့အပြုအမူကို သူကိုယ်တိုင်ပင် သတိထားမိဟန်မတူပါ။ ဆန်ပြုပ်ပူပူလေးကို ပါးစပ်လေးဖြင့်မှုတ်ရင်း ကလေးတစ်ယောက်လိုစားနေသည့် သူမကို ခပ်စူးစူးပင် ငေးစိုက်ကြည့်နေသည်။
    ကမ္ဘာက ငြိမ်သက်နေရာမှ ထရပ်လိုက်ပြီး စိမ်းကိုလိုက်ရှာနေမိသည်။ စိမ်းက အိမ်ပြင်ဝရန်တာမှာ တွေတွေလေးရပ်ကာ ပင်လယ်ပြင်ဖက်ကို ငေးမောပါရဲ့...
    သူစိမ်းနားလျှောက်လာပြီး..
    "စိမ်း နင်အဆင်ပြေရဲ့လား..."
     "အင်း..."
     စိမ်းက သူ့ကိုမကြည့်ဘဲ ပင်လယ်ပြင်ကို ငေးမောနေမြဲ။ စိမ်းမျက်နှာမှာတော့ ရူပ်ထွေးမူတစ်စုံတရာ ကိန်းအောင်းနေပုံရသည်။
     သူထင်ထားသည်က ဒီလိုမျိုးမဟုတ်သဖြင့် ကမ္ဘာအံ့သြသင့်သွားရင်း
    "စိမ်း... နင်ဘာဖြစ်နေသလဲ"
     "ငါ..."
     စိမ်းသည်ငြိမ်သက်နေရင်းမှ တွေးတွေးဆဆဖြင့်
     "နင်သူ့ကိုမြင်တော့ တစ်ခုခုမခံစားရဘူးလားဟင် "
     "ဘယ်သူ့ကိုလဲ..."
     "စေတန်ခေါ်လာတဲ့ကောင်မလေးကိုပါ အရင်က သူ့ကိုသိဖူးသလိုမျိုး...."
     "ငါနားမလည်ဘူး နင်ဘာကိုဆိုလိုချင်သလဲ စိမ်း"
      "အင်း.. ဘာမှမဟုတ်တော့ဘူး ငါအတွေးလွန်နေတာနေမှာ"
    စိမ်းစကားလျှောချလိုက်မှန်းသိတော့ သူမတင်မကျဖြစ်မိသည်။ သို့သော် သူမစိတ်ရူပ်နေပုံပေါက်သဖြင့် သူဘာမှဆက်မမေးမိပါ။
     ကမ္ဘာဟာ စိမ်းမျက်နှာအရိပ်အကဲနှင့် ရှင်သန်နေသူမဟုတ်လား
    ကောင်းကင်ကခပ်လှမ်းလှမ်းကနေ စေတန်ကိုတစ်ချက်ကြည့်လိုက် ကောင်မလေးကိုတစ်ချက်ကြည့်လိုက်နှင့် သူ့အတွေးနှင့်တင် ရူပ်ထွေးနေတော့သည်။
    အပြစ်ကင်းဟန်ရှိသည့်တိုင် ဘာလို့ဤမိန်းကလေးကို သူမနှစ်မြိုမိပါလိမ့်..
    ထူးတော့ထူးဆန်းသည်...
    စိတ်ရူပ်လာတော့ ဖျတ်ခနဲ့ထရပ်လိုက်စဉ်.. ရုတ်တရက်ရလိုက်သည်က ကြာပန်းရနံ့သင်းသင်းလေး...
     "ဟင်..."
      သူမျက်မှောင်ကျုံ့လိုက်ရင်း..
     "စေတန်... မင်းရနံ့တစ်ခုခုရမိလား.."
     "မရပါဘူး ဘာဖြစ်လို့လဲ..."
      စေတန်က အေးအေးဆေးဆေးပင်။ သူထပ်အနံ့ခံကြည့်တော ဘာရနံ့မှမရပြန်..
     စိတ်တွေပဲရူပ်လာရပြန်ကာ..
     "ဘာမှမဟုတ်တော့ဘူး..."
     ကောင်းကင်အခန်းထဲမှ မတင်မကျနှင့် ထွက်လာလိုက်သည်။ အခန်းဝအရောက် စူးခနဲ့ရလိုက်ပြန်သည်။
     ကြာပန်းရနံ့.... ကျောထဲစိမ့်ခနဲ့ဖြစ်သွားသည်။ အပြင်ရောက်တော့ အိပ်မက်ကို ရုတ်တရက်သတိရမိပြန်တော့ ရင်ထဲလေးသွားရပြန်သည်။
     အဖြူရောင်မိန်းကလေးနှင့် ကြာပန်းဖြူ...
     တိုက်တိုက်ဆိုင်ဆိုင်ရောက်လာသည့် အဖြူရောင်မိန်းကလေးနှင့်အတူ ကြာပန်းရနံ့....
     ဒါဟာသာမာန်တိုက်ဆိုင်မှုသာဖြစ်ပါစေ...
     သို့သော်ကံတရားသည် အဖြူရောင်ကောင်းကင်တွင် မှိုင်းညှို့နေခဲ့သည်ကိုတော့....

ကြာဖြူ(ကြာဖြူ) Where stories live. Discover now