မိတ္ဆက္စာ (မိတ်ဆက်စာ)

12.4K 356 4
                                    

Zawgyi

ကြာဖြူဇာတ်လမ်းအကျဉ်းချုပ်

မခန့်မှန်းနိုင်သောရာစုနှစ်ကတည်းက ပင်လယ်အတွင်းတည်ရှိခဲ့သောထူးဆန်းအံ့သြဖွယ်ရာများနှင့်ပြည့်နေခဲ့သည့်မှော်ဝင်ကျွန်းနှင့် ထိုကျွန်းပေါ်မွေးဖွားလာခဲ့သည့် ပဒုမ္မာကြာဖြူမင်းသမီး..

တဖန် ခမ်းနားသော စက်ယန္တရားအတတ်ပညာများဖြင့် တည်ထားခဲ့သော ပဒုမ္မရီရွှေမြို့တော်ကြီး။ သို့သော် ရင်နင့်စရာဖြစ်ရပ်တစ်ခုအဆုံးတွင်တော့ ပျက်ဆီးသွားသည့်မြို့တော်နှင့် ကျိန်စာဆိုးတွေဖုံးလွှမ်းကာ မှော်ဝင်ကျွန်းသည် ပင်လယ်ပြင်အတွင်းမှ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့လေ၏။

ထို့နောက်မင်းသမီး၏အဆုံးမသတ်နိုင်သော အမုန်းကျိန်စာတို့ကာ ပင်လယ်တွင်ကြောက်စရာအကောင်းဆုံးပုံပြင်တစ်ပုဒ်ဖြစ်စေခဲ့၏။ အချိန်တွေကြာလာသည်နှင့်အမျှ ကျိန်စာကြောင့်ပျက်ဆီးသွားသည့် ရှေးဟောင်းရွှေမြို့တော်နှင့်မှော်ဝင်ကျွန်းသည် ပင်လယ်ဒေသမှလူတို့အတွက် မေ့မေ့ပျောက်ပျောက်ဖြစ်စေကာ အိပ်ရာဝင်ပုံပြင်သာဖြစ်ခဲ့လေသည်။ သို့သော်ကြာဖြူမင်းသမီး၏အမုန်းကာ နှစ်ပေါင်းရာချီတိုင်အောင် အားပြင်းစွာတောက်လောက်နေဆဲ...


ဦးမင်းသန့်၊ဦးမိုးမြင့်၊ဦးဥက္ကာတို့ သုံးယောက်သည် ပင်လယ်တွင်း အပျော်စွန့်စားခရီးသွားလာခဲ့ရာမှ ကြောက်စရာကောင်းသော ကျိန်စာဆိုးသင့်ခဲ့လေ၏။ ပင်လယ်ပြင်မှအပြန်တွင်တော့

ဦးမင်းသန့်....
တစ်ချိန်လုံးကြာဖြူဟူသောနာမည်ကို ရူးသွပ်စွဲလမ်းရင်း သားနှင့်မယားကိုမေ့လျောကာ သေဆုံးခဲ့သည်။ ခင်ပွန်းလုပ်ရပ်ကြောင့်စိတ်ထိခိုက်ကာ မိမိကိုယ်ကိုသတ်သေသွားခဲ့သော ဒေါ်ခင်ခတ်ခတ်...

မိဘနှစ်ပါးအဖြစ်ကြောင့် နာကျဉ်းမုန်တီးကာ ဖခင်ထားခဲ့သောမြေပုံအညွှန်းတစ်ခုနှင့် ကြာဖြူကိုလိုက်ရှာရန် ပင်လယ်တွင်းထွက်ခွာသွားသော နက်ရိုင်းမြေ....

ဦးမိုးမြင့်...
စိတ်ကျန်းမာရေးဆေးရုံတွင်အချိန်ကြာမြင့်စွာနေထိုင်ရပြီးသေဆုံးသွားသည့်အခါ တူဖြစ်သူကို မြေပုံတစ်ချပ်နှင့် စာရေးပေးခဲ့သည်။

ဦးလေးဆန္ဒကြောင့် ပင်လယ်တွင်းခရီးထွက်သွားသော ကောင်းကင်ယံနှင့် သူ၏သူငယ်ချင်းများဖြစ်သည့် စေတန်နက္ခတ်၊ကမ္ဘာကျော်၊ ဒဏ္ဍာရီစိမ်းနှင့် မို့ထားခင်..

ဦးဥက္ကာ....
လက်ထပ်မည့်သတိုးသမီးတိုင်း ထူးဆန်းစွာသေဆုံးသွားပြီးနောက် အထီးကျန်စွာခံစားရင်းသေဆုံးခဲ့ရ၏။ ၄၏တူဖြစ်သူသည် ဦးလေး၏ဖြစ်ရပ်ဆန်းနှင့် ချန်ခဲ့သောမြေပုံကို သူငယ်ချင်းဖြစ်သည့် နာမည်ကြီးစာရေးဆရာကို ပေးအပ်ခဲ့လေသည်။

ထူးဆန်းသောသဘာဝလွန်ကိစ္စရပ်များ ရေးသားခြင်းဖြင့်နာမည်ကြီးနေသော စာရေးဆရာဈာန်သည် ကြာဖြူပုံပြင်ကိုရှာဖွေရန် ပင်လယ်တွင်း ထွက်ခွာလာသည့်အခါတွင်တော့....

သူတို့အားလုံးဘယ်လိုကံကြမ္မာဆိုးနဲ့ တွေ့ကြုံရမည်နည်း။ ၄င်းတို့အားလုံးသည် လွန်ခဲ့သောနှစ်သုံးရာက ရင်နင့်စရာကောင်းသော ကြာဖြူဒဏ္ဍာရီနှင့် ပါဝင်သက်ဆိုင်ခဲ့မည်လား။ ကျိန်စာတွေအတွက် ဝဋ်ကြွေးပြန်လည်ပေးဆပ်ဖို့ ပဒုမ္မာရီရှေးဟောင်းမြို့တော်ကြီးဆီသို့ အရောက်သွားနိုင်ခဲ့မည်လား ....

ထို့ပြင်ဤရင်နင့်စရာဒဏ္ဍာရီတွင် သဘောင်စကားတစ်ခုလည်းရှိခဲ့၏။ နှစ်ပေါင်းသုံးရာအလွန်တွင် ကြာဖြူမင်းသမီးပြန်လည်နိုးထလာမည်။ ဒဏ္ဍာရီထဲတွင်ပါဝင်ခဲ့သည့်လူများသည် ဝဋ်ကြွေးဆပ်ရန် တဖန်ဤမြို့တော်သို့ ပြန်လည်ရောက်ရှိလာမည်။ ထို့နောက် မင်းသမီး၏ကျိန်စာသည် သက်ဝင်လူပ်ရှားလာပြီ ပင်လယ်တွင် ကြောက်စရာအကောင်းဆုံး ဖြစ်ရပ်ဖြစ်လာမည်တဲ့....

သူတို့အားလုံးကျိန်စာကို တားဆီးနိုင်လားဆိုသည်ကိုတော့ ဤဇာတ်လမ်းလေးတွင်ဖတ်ရှူနိုင်ပါသည်။ လျှို့ဝှက်ဆန်းကြယ်မူ၊ အချစ်အမုန်းရသများစွာဖြင့် ဤကြာဖြူဇာတ်လမ်းကို ဖန်တီးရေးသားထားပါသည်။ မတူညီတဲ့ရသပေါင်းစုံနှင့် သာမာန်ဇာတ်အိမ်မျိုးမှခွဲထွက်ပြီး plotပေါင်းများစွာဖြင့် ရေးသားသောကြာဖြူသည် ခံစားချက်တစ်စုံတစ်ရာပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

လေးစားစွာဖြင့်
ဆူးခတ်ပန်း

ကြာဖြူ(ကြာဖြူ) Where stories live. Discover now