Part-2

2.5K 171 2
                                    

Unicode

~~ကြာဖြူ~~
အပိုင်း(၂)

     မနက်ခင်းကာ လေပြေနုနုများနှင့် လတ်ဆတ်နေသည့်တိုင် သူ့ရင်ထဲတွင် ဒေါသများနှင့် မှိုင်းညှို့နေဆဲ....
     နာကျင်မှုတွေက ထွက်ပေါက်မဲ့လို့နေ၍ ထင်ပါ့။ သူအတော်ခံရခက်နေသည်။
     ညကလက်ကျန်အရက်ကို မော့သောက်ရန် ပြင်လိုက်ပြီးမှ ရိပ်ခနဲ့မြင်လိုက်သည်က သူ့ကိုချောင်းကြည့်နေသည့် အရိပ်လေးတစ်ခု။
    သူ့ဒေါသက ထောင်းခနဲ့ထွက်လာပြီးနောက်
    "ခရာ...."
   "ရှင်..."
   "ဒီကိုလာစမ်း.."
   တင်းမာသောသူ့ခေါ်သံကြောင့် ကန့်လိုက်ကာနောက်မှ တုန်တုန်ယင်ယင် ထွက်လာသည့်အရိပ်လေး...
   သူ့နားရောက်ရုံရှိသေး...
   "ဖြန်း....."
   "အ..."
   မပြောမဆိုနှင့်ရိုက်ချလိုက်တော့ သူမလေး ဘုန်းခနဲ့လှဲပြိုသွားသည်အထိ။ နာကျင်သွားသည့်တိုင် ကပျာကယာလူးလဲထပြီး မျက်ရည်လေးဝဲလျက်နှင့်
    "ကိုကို..."
    "ကြာဖြူ ဆိုတာဘယ်သူလဲ.."
    "ရှင်..."
   "ငါမေးနေတယ် ကြာဖြူကဘယ်သူလဲ"
   ဒေါသကြောင့် သူ့အသံဟိန်းတက်သွားတော့ သူမတကိုယ်လုံးတုန်ယင်လာရင်း...
    "ခရာ..မသိဘူး ကိုကို"
   "မင်းမသိလို့မရဘူး မင်းနဲ့သက်ဆိုင်နေတာ"
    ထွက်ပေါက်မဲ့နေသည့်ဒေါသတို့က သူမအပေါ် ပုံကျသွားသည်။ ဒေါသတွေမွန်ထူပြီး ဘယ်နှချက် သူရိုက်လိုက်မှန်း သူ့ကိုသူသတိမထားမိတော့...
   သတိရလာတော့ သူမကာ ကြမ်းပြင်းပေါ်ဝယ် ပုံပုံလေးလဲှကျလို့။ ကြောက်လွန်းသဖြင့် တကိုယ်လုံးတုန်ယင်ကား သူ့ကိုမော့ကြည့်နေရှာသည့် မျက်ဝန်းတို့က သနားဖွယ်အတိ။
    သို့သော်သူ့အမုန်းတရားတို့က ဒါကို ဥပေက္ခာပြုပစ်သည်။ သူမဟာ သူ့အတွက်တော့ ဘယ်လိုမှ သနားစရာမကောင်း....။
    အမုန်းတွေအပြည့်နှင့် သန်မာသောသူ့လက်က သူမလည်ချောင်းနုနုလေးဆီသို့ တင်းကြပ်စွာ ဖိညစ်ထားရင်း
    "ငါ့အဖေကိုရူးအောင်ပြုစားခဲ့ပြီ ငါ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ ကြာဖြူဆိုတာဘယ်သူလဲ မင်းသိကိုသိရမယ်"
   "အ..ခရာတကယ်မသိတာ ကိုကို"
    လည်ပင်းညစ်ခံထားရသဖြင့် ခရာအသက်ရူကျပ်ကာ မျက်နှာရူံ့မဲ့လာသည်။ မျက်ရည်လေးရစ်ဝိုင်းလျက်နှင့်...
   "ခရာ ကြာဖြူကို မသိ..."
   "မင်းငါ့ကိုညာနေတာ မင်းသိကိုသိတယ်"
   ဒေါသတွေအပြည့်နှင့် သူ့ဖိညစ်မူအောက်တွင် ခရာမျက်ဖြူများပင်လှန်လာကာ အသက်ရူမရအောင် မွန်းကျပ်လာစဉ်...
   "ဟဲ့.. သေတော့မှာပဲ မင်းဘယ်လိုလုပ်လိုက်သလဲ"
    အထိတ်တလန့်နှင့် ကြီးကြီးအနားရောက်လာမှ ခရာသက်သာသွားသည်။ ရှိုင်း သူမကိုဒေါသနှင့် ဆောင့်တွန်းလိုက်ပြီ...
    "သူကြောင့် ကျွန်တော်မိသားစုဒီလိုဖြစ်ရတာ ကျွန်တော်သူ့ကိုသတ်ပစ်မယ်"
   ကြီးကြီးကာ လဲရာမှပင်မထနိုင်ဘဲ ခုထိ အသက်ရူမရအောင် ဖြစ်နေရှာသည့်ခရာကို အပြေးလေးထွေးပွေ့လိုက်ရင်း...
   "မင်းရူးနေသလားရိူင်း ဒီကလေးမလေးကိုပဲ မင်းအမြဲဒေါသတွေပုံချနေတယ် သူဘာသိနိုင်မှာလဲ"
    "သူသိကိုသိရမယ် ဒယ်ဒီ ကြာဖြူဆိုတဲ့နာမည်ကို အရူးလိုရွတ်ပြီး ဘယ်ကမှန်းမသိတဲ့ သူ့ကိုဒီအိမ်ခေါ်လာတယ် သူရောက်လာကတည်းက ကျွန်တော်မိသားစု ဒီလိုအဖြစ်မျိုးကြုံရတာ တောက်."
    ဒေါသတွေနှင့်နာကျဉ်းမူတွေ မွန်ထူနေသည့် ရှိုင်းကိုကြည့်ရင်း ကြီးကြီးစိတ်မသက်သာစွာ သက်ပြင်းချလိုက်ကာ
    "သား ခံစားနေရတာကြီးကြီး နားလည်ပါတယ် ဒါပင်မယ့်ခရာကကလေးပဲရှိသေးတယ် ကြာဖြူနဲ့ ဘယ်လိုသက်ဆိုင်မှန်း သူဘယ်လိုသိနိုင်မှာလဲ ဒေါသထွက်တိုင်း မင်းသူ့ကိုတစ်ဘဝလုံး နှိပ်စက်လာခဲ့တာ တော်သင့်ပြီရှိုင်းရယ် ခရာက တကယ်အပြစ်ကင်းစင်တဲ့ မိန်းကလေးပါ"
    "တော်စမ်းပါ သူဘာတွေသိမ်းသွင်းထားလို့ ကြီးကြီးသူ့ကိုဒီလောက်ယုံနေရသလဲ ဒီမိန်းမကစုန်းမ ပျော်စရာကောင်းခဲ့တဲ့ ကျွန်တော့်ဘဝကို ဖျက်ဆီးခဲ့တဲ့ မကောင်းဆိုးဝါးမ"
    အမုန်းတွေ တဟုန်းဟုန်းတောက်နေသည့်ရှိုင်းကို ကြည့်ပြီး ကြီးကြီးစိတ်မောစွာ ခေါင်းခါရမ်းမိသည်။
   အဖေလည်းဆုံး အမေဖြစ်သူလည်း အဖြစ်ဆိုးနဲ့ သေသွားတော့ ဒီကလေးပိုဆိုးသွားပြီး...။
   ရှိုင်းရင်ထဲက အမုန်းတရားတွေ ငြိမ်းသက်ဖို့ဆိုတာ တော်တော်မလွယ်သည့် ကိစ္စပါလား...
   "သားအရမ်းပင်ပန်းနေတယ်ဆိုတာ ကြီးကြီး နားလည်ပါတယ် အခုသားသွားနားလိုက်ပါ ခရာလည်းထတောင်မထနိုင်ရှာတော့ဘူး မင်းကျေနပ်ပါတော့ကွယ် ကြီးကြီးကြားက တောင်းပန်ပါတယ်"
   "တောက်..."
   မကျေမနပ်ဖြင့် ရှိုင်းထွက်သွားတော့မှ ကြီးကြီး စိတ်အေးတော့သည်။ မဟုတ်ရင် ခရာလေးတကယ်ကို မလွယ်တော့ပေ..။
    ခုလည်းကြည့်ပါဦး.... ရက်ရက်စက်စက် ရိုက်ထားလိုက်တာ ဖြူနုနေတဲ့ပါးလေးတွေ နီရဲပြီး ယောင်ကန်းနေတဲ့အထိ..
    ပွန်းပဲ့ဒဏ်ရာတွေလည်းမနည်း...။ ဒါတောင် သူမအရောက်မြန်လို့ တော်သေးသည်။ ကြီးကြီးတစ်ယောက်စိတ်မကောင်းစွာဖြင့် ခရာလေးဒဏ်ရာတွေကို ဆေးထည့်ပေးရင်းနှင့် ဂရုဏာဒေါသဖြင့် ဆိုလိုက်မိသည်။
    "ညည်းကို ကြီးကြီးပြောပါတယ် ခုချိန်က ရှိုင်းအခြေအနေက ကောင်းတာမဟုတ်ဘူး သူ့ရှေ့မသွားမိအောင်နေပါဆို မရဘူး နဂိုကမှညည်းကို အမြင်မကြည်ရတဲ့ထဲ ခုလိုအနေအထားမှာ ညည်းကိုမြင်လို့မဖြစ်လို့ ငါအစောကတည်းကတားနေတာကို ငါ့စကား နားမထောင်ဘူး.."
   ခရာမျက်နှာငယ်လေးဖြင့် မျက်လွှာချနေလျက်နှင့်
   "ခရာကို့ကိုကိုလွမ်းလို့ပါ ကိုကို့မျက်နှာ မမြင်ရတာကြာတော့ ချောင်းမိရင်း ကိုကိုတွေ့သွားတာပါ"
   "ညည်းနဲ့တော့ ခက်တော့တာပဲ"
    ခရာစကားကြောင့် ကြီးကြီး စိတ်မကောင်းဖြစ်ကာ ဘာပြောရမယ်မှန်းပင် မသိတော့ပေ။ ဒဏ်ရာတွေကို ကြပ်ထိုးပေးတော့ နာလွန်းလို့ထင်ပါ့...
    ခရာမျက်နှာလှလှလေး ရူံ့မဲ့သွားရင်း...
   "အ... သာသာလုပ်ပါ ခရာနာတယ်..."
   "နာမှာပေါ့ ဒီလောက်ဒဏ်ရာတွေ အများကြီးကို နောက်တစ်ခါ ကြီးကြီးပြောစကားနားမထောင်နဲ့ ဟွန့်"
   ကရုဏာဒေါသတွေနှင့်ကြီးကြီးဆူတော့ ခရာ ကိုယ့်အပြစ်နှင့်ကိုယ် မျက်နှာလေးငယ်ကာ ငြိမ်နေတော့သည်။ ဒီလိုဆိုတော့ ကြီးကြီး စိတ်မကောင်း ဖြစ်ရပြန်သည်။
    ခရာမျက်နှာလှလှလေးကို သနားကြင်နာစွာ ငေးကြည့်ရင်း တစ်စုံတရာကိုအမှတ်ရမိကာ
   "ခရာ..."
   "ရှင်..."
   "သမီးအပေါ် ရှိုင်းဒီလောက်ရိုက်နှက်နေတာ ရှိုင်းကို မမုန်းဘူးလား.."
   ခရာသည် မျက်ရည်ကြားမှ ယဲ့ယဲ့လေးပြုံးရင်း
   "ဟင့်အင်း မုန်းဖို့ကိုစိတ်ထဲမရှိတာ ကိုကို စိတ်ဆိုးပြေမယ်ဆို ရိုက်ပါစေ"
   "သမီးရယ်..."
   "ခရာက ကိုကိုခရာကို စိတ်ဆိုးနေတာကိုပဲ စိတ်မကောင်းဖြစ်တာ..."
    ကြီးကြီးရင်ထဲ နင့်ခနဲ့ဖြစ်သွားမိသည်။ အရိုးကွဲအောင်ရိုက်လို့ အသဲစွဲအောင် ချစ်တယ်ဆိုတဲ့စကား ဒီကလေးမနဲ့မှ အဟုတ်ကို မှန်လွန်းနေသည်...။
   သူမလေးအပေါ်ဘယ်သောမှ မကောင်းခဲ့သည့်ရှိုင်းကိုပဲ ဘဝထင်နေရှာသည့် ကလေးမ...
   သက်ပြင်းသာချမိရင်း ခရာအကြောင်း စိတ်မကောင်းစွာဖြင့် ကြီးကြီး တွေးနေမိတော့သည်။ ခရာ ဒီအိမ်ပေါ်ရောက်လာခြင်းက သူမအတွက် ဆိုးဝါးလှသော ဝဋ်ကြွေးတစ်ခုပင်...
    ရှိုင်းအဖေမောင်မင်းသန့် ပင်လယ်ပြင်ဘက်သို့ ခရီးထွက်ပြီး တစ်နှစ်ကျော်ခန့် ပျောက်ကွယ်သွားခဲ့သည်။ သေပြီဟု  ထင်ထားပြီးကာမှ ပြန်ပေါ်လာကာ အသက်၇နှစ်အရွယ် ချစ်စဖွယ်ကလေးမလေးကို လက်ဆွဲပြီး ရောက်လာခဲ့သည်။
    ထိုကလေးမလေးက ခရာလေးပင်...။
ခရာနှင့်ပတ်သတ်ပြီး မောင်မင်းသန့် ဘာမှမပြော။ ခရာ့ကို စောင့်ရှောက်ဖို့သာမှာသည်... ဒီထက်မပို။
    သူကိုယ်တိုင်ကလည်း ခရာကိုဂရုမစိုက်။ အချိန်ပြည့် ကြာပန်းတွေနှင့်သာအလုပ်ရူပ်ပြီး ကြာဖြူဆိုသည့်မိန်းကလေးကို ဆွေးမြေ့တမ်းတ နေတော့သည်။
    သားနှင့်မယားကိုချစ်လွန်းခဲ့သော မောင်မင်းသန့်အပြုအမူကို ဘယ်သူမှ နားမလည်နိုင်ခဲ့ပေ။ တကယ်လည်း နားလည်ရခက်လွန်းသည်ထိ မောင်မင်းသန့်ကာ ပြောင်းလဲခဲ့ပါရဲ့....
    ကြားထဲက ဓားစားခံဖြစ်ခဲ့သည်က ခရာ..။
မခတ်ကလူကြီးပီပီ ခရာကို မကြည်ဖြူသည့်တိုင် ဘာသိဘာသာနေသည်။ ဆယ်ကျော်သက်အရွယ် ရှိုင်းကာမရ..။ စိတ်အလိုမကျတိုင်း ခရာအပေါ်သာ ဒေါသတွေပုံချသည်။  ထွက်ပေါက်မဲ့နေသည့် ဒဏ်ရာတွေကြောင့် ခရာအပေါ်တည်ရှိသော ရှိုင်းအမုန်းကာ ကြောက်စရာကောင်းလွန်းလှပါရဲ့..
     စိတ်ရိုင်းဝင်လာတိုင်း မညှာမတာ ရိုက်ခဲ့သည့်အကြိမ်တွေ မနည်းတော့ပေ။
    ခရာသည် ရှိုင်းအမုန်းအောက်တွင် အလူးလူးအလိမ့်လိမ့်ခံပြီး အချိန်တွေဖြတ်သန်းလာတာ အခုဆို အသက်၁၇နှစ်အရွယ် အပျိုပေါက်လေးပင် ဖြစ်လာခဲ့ချေပြီ..။
   အရုပ်ကလေးတစ်ရုပ်နှယ် လှပချစ်စရာကောင်းလွန်းသည့် ခရာလေးသည် ရှိုင်းအမြင်တွေတော့ စုန်းမတစ်ယောက်သာသာ...
   ကြီးကြီးသည် ခရာကို သနားလွန်းလှသော်လည်း သူမကိုယ်တိုင်က ဆွေမျိုးမကင်းသဖြင့် မခတ်အိမ်ပေါ်ခေါ်ထားသည့် အလုပ်သမားသာသာ ဖြစ်နေသည်မဟုတ်လား
   ခရာအကြောင်းတွေးရင်း ကြီးကြီး စိတ်မကောင်းဖြစ်နေသည့်တိုင် ခရာကာ ဘာမှမသိ။ အပြစ်ကင်းစင်သော မျက်နှာလေးက ဘာမှလည်းသိမည့်ပုံမပေါ်...။
    သူမရင်ထဲရှိသည့်အတိုင်း ဝမ်းနည်းဟန်ဖြင့် စကားတစ်ခွန်းကိုသာ ထပ်ခါတလဲလဲ တီးတိုးရေရွတ်နေတော့သည်...။
    "ကိုကို...ခရာ့ကိုစိတ်ဆိုးနေတယ်..."
    ခရာရယ်.... သမီးဟာရှိုင်းဆီမှာ ဝဋ်ကြွေးဆပ်ဖို့ ဒီကိုရောက်ခဲ့သလားကွယ်....
    ဝဋ်ကြွေးတွေအမြန်ပြေပါစေ ကလေးရယ် .......................             .........................
   
     ရှိုင်းဒေါသတွေနှင့် ခြံထဲဆင်းလာလိုက်သည်။ ဦးငယ်လက်ချက်ဖြင့် ပျက်ဆီးနေသည့် အလှရေကန်ထဲမှ ကြာပန်းတွေကိုကြည့်ပြီး နူတ်ခမ်းကအလိုလို မဲ့ကျသွားတော့သည်။
    တကယ်လို့ ကြာဖြူကိုသာ သူသိခွင့်ရခဲ့ရင် ဒီလိုပဲသူတစ်စစီလုပ်ပစ်မှာ သေချာသည်...။
   ခုတော့...ကြာဖြူဆိုတာ နာမည်ကလွဲ၍ သူဘာမှမသိရ။ အတွေးဖြင့်ခံပြင်းနေရင်းမှ မာမီ့ကိုသတိရမိတော့ ရင်ထဲနာကျင်ခြင်းနှင့်အတူ လွမ်းဆွတ်မိပြန်၏။
    အလွမ်းတွေနှင့်သူဘယ်လောက်ကြာအောင် အနည်ထိုင်နေမိသည်မသိ...
   "ရှိုင်း..."
   ခေါ်သံကြောင့် ကြည့်လိုက်တော့ ဦးဟန်ခိုင်။ ဦးဟန်က ဒယ်ဒီညီဝမ်းကွဲဖြစ်သလို လက်ရှိကုမ္မဏီကို တာဝန်ယူဦးဆောင်နေသည့် စိတ်ချရသည့်လူယုံ။
   "ဒီမှာကြည့်စမ်း..."
   ဦးဟန်သူ့ကိုထိုးပေးလာသည်က သတင်းစာအဟောင်းတစ်ခု။ သူ့ကိုပြနေသည့်နေရာက နာရေးကြော်ငြာတွေ
   သူနားမလည်စွာဖြင့်..
  "ဘာလုပ်ဖို့လဲဗျာ ..."
  "ဒီမှာကြည့် ရှိုင်း.. ဦးဥက္ကာ ဦးမိုးမြင့် ဆိုတဲ့နှစ်ယောက် နာရေး"
   သူကြည့်လိုက်သည့်တိုင် ခုထိနားမလည်သေး။ ဦးဟန်က သူ့နားဝင်ထိုင်လိုက်ပြီး
   "သူတို့ကို မင်းမသိပေမယ့် ဦးဟန်သိတယ် မင်းဒယ်ဒီရဲ့ သူငယ်ချင်းအရင်းတွေပဲ "
   "ဗျာ..."
   "ဟုတ်တယ် ပြီးတော့ ကိုမင်းသန့်ပျောက်သွားတဲ့ ပင်လယ်ပြင်ခရီးဟာ သူတို့နဲ့အတူထွက်ခဲ့တာပဲ"
    သူဦးဟန်ကို စူးခနဲ့စိုက်ကြည့်မိသည်။ ဦးဟန် ခေါင်းတစ်ချက်ညိတ်ရင်း
  "သူတို့သုံးယောက်က စိတ်တူကိုယ်တူ သူငယ်ချင်းတွေ ခရီးတွေအားလုံး အတူသွားခဲ့တာတွေပဲ အဲ့ဒီခရီးကိုလည်း အတူထွက်ခဲ့တယ် အံ့သြစရာကောင်းတာက ဒီခရီးကနေ ပြန်လာပြီးနောက် သူတို့သုံးယောက်တွဲတာ ဦးဟန်မတွေ့တော့ဘူး"
  "ဦးဟန် ဘာကိုဆိုလိုချင်သလဲ.."
   "အရင်က ဒါကိုဦးဟန်သဘောရိုးပဲ တွေးခဲ့တယ် ဒီနာရေးကိုယူကြည့်မိတော့ ဒါသာမာန်မဟုတ်ဘူးဆိုတာ သတိထားမိတယ် ဒီမှာရက်စွဲအချိနိတွေ သေချာကြည့်ရှိုင်း ဦးဥက္ကာနဲ့ ဦးမိုးမြင့် သေဆုံးချိန်နေ့ရက်ဟာ မင်းအဖေနဲ့အတူတူပဲ"
   "ဟင်..."
    ဦးဟန်ပြမှသူသတိထားမိတော့ အတော်လေး အံ့သြသွားမိသည်။ ဦးဟန်က သတင်းစာကို အသာချလိုက်ပြီးနောက်
    "ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ သူတို့သုံးယောက်ဟာ တစ်နေ့ထဲ တစ်ချိန်ထဲမှာ မိနစ်တောင်မခြားဘဲ အတူဆုံးသွားတယ် ဒါသာမာန်တိုက်ဆိုင်မှုတော့ ဦးဟန်မထင်ဘူး သား"
   " ဦးဟန်ဘယ်လိုထင်လဲ"
   "ဘယ်လိုမှမထင်တတ်လို့ ဦးဟန် သူတို့နှစ်ယောက်အကြာင်းကို နာရေးလိပ်စာကတဆင့် စုံစမ်းခဲ့တယ် သူတို့အလုပ်သမားတွေ ပြောစကားအရ သိရတာတော့ ဦးမိုးမြင့်က ပင်လယ်ပြင်ခရီးကနေ ပြန်လာပြီးကတည်းက သိပ်မကြာလိုက်ဘူး ရူးသွားလို့ စိတ်ကျန်းမာရေးဆေးရုံပို့ထားရတယ် ခုသေတဲ့အထိဆိုပါတော့ ထူးဆန်းတာက အဖြူရောင်ကြာပန်းတစ်ပွင့်ကို လပြည့်နေ့တိုင်း ဦးမိုးမြင့်နေတဲ့ အခန်းထဲထားပေးရတယ်တဲ့ မဟုတ်ရင် ဦးမိုးမြင့်က ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ အရမ်းသောင်းကျန်းတာတဲ့.."
   "ထူးဆန်းတယ်... ဦးဥက္ကာကရော.."
   "သူ့အကြောင်းတော့မသိရဘူး သူက နိုင်ငံခြားထွက်သွားတယ် အဲ့မှာပဲဆုံးသွားတယ် ဒီမှာကျန်ခဲ့တဲ့ သူ့မိသားစုက နာရေးထည့်ထားတာ "
   သူနှင့်ဦးဟန်ကြားတိတ်ဆိတ်သွားသည်။ သာမာန်မဟုတ်သော ဒီထူးဆန်းမှုက သူ့ကိုအတော် အံ့သြစေခဲ့သည်။
  "ကျန်သေးတယ် တစ်ခါတလေ ဦးမိုးမြင့်က ကြာဖြူဆိုတဲ့နာမည်ကို အထိတ်တလန့် ယောင်လေ့ရှိတယ်တဲ့"
   ဒီစကားကသူ့ရင်ကို ဆစ်ခနဲ့နာသွားစေသည်။ သူ့နူတ်ခမ်းက အလိုလိုမဲ့ကျသွားပြီး..
   "ကြာဖြူဟာ ဦးမိုးမြင့်ကိုပါ ဒုက္ခပေးခဲ့တာပဲ"
   "ဦးဟန် မင်းဒဏ်ရာကိုဆွပေးတာ မဟုတ်ဘူးရှိုင်း ဒီထူးဆန်းမှုကို အဖြေရှာစေချင်တာ"
   "ဗျာ..."
   "ဟုတ်တယ် ဒီခရီးကပြန်လာပြီး ကိုမင်းသန့် ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ မင်းအသိဆုံးပါ ဦးဟန်အထင် သူတို့သွားခဲ့တဲ့ခရီးမှာ တစ်ခုခုဆန်းကြယ်တဲ့အရာ ကြုံခဲ့ပုံရတယ် သာမာန်မဟုတ်တာတော့ သေချာတယ် ကိုမင်းသန့်က သူဘယ်ခရီးထွက်ထွက် ဦးဟန်ကိုကြုံခဲ့သမျှ အားလုံးလိုလို ပြန်ပြောလေ့ရှိတယ် ဒါပေမယ့် ဒီခရီးနဲ့ပတ်သတ်ပြီး လုံးဝမပြောဘူး ဦးဟန် မေးတဲ့အခါ အရမ်းစိတ်ဆိုးသွားလေ့ရှိတယ် "
    သူငိုင်ကျသွားသည်။ အားလုံးကို ဆက်စပ်တွေးကြည့်တော့ ထူးဆန်းလွန်းနေသည်မှာ အမှန်...
    ပင်လယ်ပြင်ခရီးမှပြန်လာပြီးကတည်းက ဒယ်ဒီသည် သူနှင့်မာမီ့အပေါ် သွေးအေးခဲ့သည်။ တစ်ခြံလုံး ကြာပန်းဖြူကိုသာစိုက်ပျိုးပြီး အမြဲလွမ်းဆွတ်နေတတ်၏။
   ဆယ်စုနှစ်တစ်ခုလုံး စီးပွားရေးလည်း မယ်မယ်ရရမလုပ်။ တစ်ခါတခါ မာမီ့ကိုမြင်ရင် ကယောင်ကတမ်းဖြင့်..
   "ကြာဖြူ... မင်းသိပ်လှတယ်"တဲ့
    ထိုအခါမျိုးဆို မာမီ့မှာနာကျင်ရလွန်းလို့ ငိုရသည်မှာ သူမမြင်ချင်မှအဆုံး။ ထို့ကြောင့် သူကြာဖြူကိုမုန်းတီးနေခဲ့သည်မှာ မဆန်းတော့..။
   "ကိုမင်းသန့်တို့သွားခဲ့တဲ့ခရီးစဉ်မှာ ဘာတွေဖြစ်ခဲ့လဲမသိပေမယ့် ကြာဖြူဟာ အဓိကဇာတ်ဆောင် ဖြစ်နေလိမ့်မယ်လို့ ဦးဟန်ထင်တယ် သူတို့သုံးယောက်ဟာ ကြာဖြူနဲ့ပတ်သတ်ပြီး ကျိန်စာတစ်ခု မိခဲ့ပုံရတယ်"
   ကျိန်စာ... ဒါဟာကျိန်စာဆိုးပဲဖြစ်မည်။ သူ စက်ဆုပ်စွာဖြင့် ဆိုလိုက်မိသည်။
   "ဟုတ်တယ် ကျွန်တော်တို့မိသားစုကို ကျိန်စာသင့်ခဲ့တာ"
    ဦးဟန်သက်ပြင်းချလိုက်ရင်း...
   "ကြာဖြူဟာမင်းအဖေမှမဟုတ်ဘူး ကျန်တဲ့နှစ်ယောက်အပေါ်လည်း လွှမ်းမိုးခဲ့ပုံရတယ် ဦးဥက္ကာအကြောင်း မသိပေမယ့် သူ့အုပ်ဂူကိုသွားကြည့်ခဲ့တုန်းက ရေးထားတဲ့စာလေး ဦးဟန်တွေ့ခဲ့တယ်..
ကြာဖြူ ငါတို့သေခြင်းတရားမှာ မင်းအငြိုးတွေ ပြေပါစေတော့ တဲ့"
   "ဘယ်လို..."
   "ဟုတ်တယ် သူ့မိသားစုက သူ့ဆန္ဒအတိုင်း လုပ်ပေးခဲ့တာတဲ့.."
    သူအတော်လေး ငိုင်သွားမိသည်။ ဦးဟန်ကာ သူ့ကိုစေ့စေ့ကြည့်ပြီး.....
   "ကိုမင်းသန့်ပြောင်းလဲမူနောက်က အကြောင်းရင်းမှန်တစ်ခုကို မင်းရှာဖွေပါရှိုင်း မင်းအဖေကိုမုန်းနေတာ ဦးဟန်မကြည့်ရက်ဘူး ကြာဖြူနဲ့ဆက်နွယ်မှုက ကိုမင်းသန့်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သေချာတယ် ဒီထူးဆန်းမှုနောက်ကွယ်က အဖြစ်မှန်တစ်ခုကို မင်းသိပြီဆိုမှ အဖေကို မုန်းသင့်မမုန်းသင့် ဆုံးဖြတ်ပါ"
   သူဆတ်ခနဲ့ဖြစ်သွားမိသည်။ ဦးဟန်က နှစ်သိမ့်သောအပြုံးတစ်ချက်ဖြင့် တိတ်ဆိတ်စွာ ထွက်သွားတော့၏။
   သူတွေဝေစွာရှိနေဆဲ....။ ထို့နောက်ထလိုက်ပြီး အိမ်ထဲဝင်လာလိုက်၏။ သူ့ခြေလှမ်းတွေက ဒယ်ဒီ့အိပ်ခန်းဆီသို့...
    ဒယ်ဒီမရှိသောအခန်းက တိတ်ဆိတ်သည် ထက်ပိုသော အေးစက်ခြင်းများစွာဖြင့်...
   သူတစ်စုံတရာကို အသဲအသန်ရှာဖွေမိသည်.. မတွေ့။ စိတ်ပျက်သွားမိစဉ် စာကြည့်ခန်းကို ရုတ်တရက် အမှတ်ရလိုက်သည်။
   ဆယ်နှစ်တိုင်သူဝင်ခွင့်မရခဲ့သော စာကြည့်ခန်း..
   စားပွဲပေါ်တွင် ဒိုင်ယာရီစာအုပ်တွေက အပြည့်။ အနည်းငယ်လှန်ကြည့်တော့ ရေးထားသည်က ကြာဖြူ၏ခမ်းနားသော အလှအပတွေ ...
   သူ့ရင်သည် မာမီ့အတွက် နာကျင်သွားရပြန်၏။ ဒေါသဖြင့်ပိတ်ချလိုက်ပြီးမှ နောက်ဆုံး ဒိုင်ယာရီစာရွက်ကြားတွင် ညှပ်ထားသည့်အရာတစ်ခုကြောင့် လှန်ကြည့်လိုက်တော့
    "ဟင်..."
    ရင်ထဲလှိုက်ခနဲ့ဖြစ်သွားသည်။ ထိုအရာကား မြေပုံတစ်ခု။ ထိုမြေပုံနှင့်အတူတွေ့ရသည့် စာခေါက်ကို ဖြန့်ကြည့်လိုက်တော့...
   "ရှိုင်း.... ကြာဖြူဆီသွားပေးပါ"
   သူတုန်လူပ်မိသွားသည်။ ဒယ်ဒီဟာ သူဒီလိုဝင်မွှေမယ်ဆိုတာ ကြိုသိထားသလား
    ပြီးတော့ ဘာရည်ရွယ်ချက်နှင့် ဒီခရီးကိုသွားစေသလဲ..
   မည်သို့ပင်ဖြစ်စေ သူကတော့ သူအတွေးနှင့် သူပြုံးလိုက်ရင်း..
   "စိတ်ချပါ.. ကျွန်တော်ကြာဖြူရှိရာသွားမှာပါ ဒါပေမယ့် ဒယ်ဒီ့အတွက်မဟုတ်ဘူး ကျွန်တော့်မာမီအတွက်ပါ"
   ထို့နောက် သူမာမီ့အုပ်ဂူရှိရာသို့ ထွက်လာခဲ့သည်။ မာမီ့အုပ်ဂူဖြူဖြူရှေ့တွင်  လွမ်းဆွတ်နာကျင်ခြင်းများစွာဖြင့် တီးတိုး ရွတ်ဆိုလိုက်၏။
    "ကျွန်တော် ကြာဖြူကိုရအောင်ရှာပြီး ခေါ်လာခဲ့မယ် သူဘာကြီးပဲဖြစ်နေပါစေ မာမီ့အုပ်ဂူရှေ့မှာ သူဒူးထောက်ပြီး တောင်းပန်စေရမယ် ကျွန်တော်ကတိပေးပါတယ်မာမီ"
    အမုန်းတွေကြောင့်လား လေပြေကာ ပူလောင်စွာ တိုးဝှေ့လာလျက်နှင့်.....
…………………………………………

ၾကာျဖဴ(ကြာဖြူ) Where stories live. Discover now