အပိုင်း ၂၅ (အတိတ်သို့ခရီးသွားခြင်း - ၇)

1.8K 134 14
                                    


#Zawgyi

နှလုံးသားဖြူဖြူ

~~အတိတ်သို့ခရီးသွားခြင်း-၇~~

မနက်မိုးလင်းသောအခါ မိုးများက သည်းထန်စွာရွာသွန်းလျက်ရှိရာ Xiao Zhan အိပ်ရာထဲတွင် ကွေးနေပြီးမှ အလန့်တကြား နိုးထလာမိသည်။

"နောက်တောင်ကျနေပြီ"

ခရီးပန်းနေသည်ကတကြောင်း မိုးအေးအေးနှင့် ကွေးကောင်းနေသည်က တကြောင်း Xiao Zhan နှစ်နှစ်ခြိုက်ခြိုက် အိပ်နေမိရာ Xiao Zhan နှိုးလာချိန်တွင် Yibo ပင် လေ့ကျင့်ရာမှ ပြန်လာ၍ ရေချိုးနေပြီဖြစ်သည်။

"Yibo လေးပြောပြောနေတဲ့ Dr.Xiao ဆိုလား"

"မင်္ဂလာပါ ကျွန်တော်က Xiao Zhan ပါ ကျွန်တော့ညီလေး Yibo ကိုစောင့်ရှောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်"

အားလုံးပြင်ဆင်ပြီးချိန်တွင် Yixuanက မနက်အစောပိုင်း အသီးသီးပြန်ရောက်လာကြသော UNIQ အဖွဲ့ဝင်များနှင့် Xiao Zhan ကို မိတ်ဆက်ပေးလေသည်။

"ကျွန်တော်က Sungjoo ပါ Leader ပေါ့ သူက Seungyoun Yibo ရဲ့အခန်းဖော် သူက Wenhun"

"တွေ့ရတာ ဝမ်းသာပါတယ်"

UNIQ အဖွဲ့မှာ Yibo အပါအဝင် Chinese member 3 ယောက် Korea member 2 ယောက်ဖြင့် ဖွဲ့စည်းထားကာ ကိုးရီးယားတွင်သာမက တရုတ်တွင်ပါ အတော်အသင့် နာမည်ရနေသော အဖွဲ့ဖြစ်သည်။

အဖွဲ့ဝင်တစ်ယောက်ချင်းစီက သူ့ style နှင့်သူရှိကြ၍ တစ်ယောက်တစ်မျိုးစီ ကြည့်ကောင်းကြကာ အနုပညာရှင်အများစုက အနည်းနှင့် အများတော့ မာနကြီးတတ်ကြလိမ့်မည်ဟု Xiao Zhan ထင်ထားခဲ့မိသော်လည်း Xiao Zhan အပေါ်လဲ ဖော်ဖော်ရွေရွေရှိကြသဖြင့် Xiao Zhan အံ့သြသွားမိသည်။

"Yibo ရဲ့ Hyung ဆိုတော့ ကျွန်တော်တို့အတွက် Hyung ဘဲပေါ့ မိတ်ဖြစ်ဆွေဖြစ် ကျွန်တော်တို့နဲ့ တစ်ခုခု စားသွားပါဦး"

Xiao Zhan က တစ်ယောက်ချင်းစီကိုကြည့် ခေါင်းကိုဖြည်းညှင်းစွာ ခါလိုက်ပြီးမှ Yibo ကို စိတ်ချသလို ခပ်ဖွဖွပြုံးလိုက်ပြီး

"နေပါစေ ရပါတယ် အားလုံးလဲ အလုပ်များနေကြမယ်ထင်တယ် ကျွန်တော့ညီလေး Yibo ကို အခုလိုဂရုစိုက်ပေးကြတာကိုဘဲ ကျွန်တော် ဝမ်းသာရပါတယ် နောက်ကြုံကြိုက်တဲ့တစ်နေ့မှဘဲ စကားလက်စုံကျကြတာပေါ့ အခုတော့ ကျွန်တော့ကိုခွင့်ပြုပါဦး"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now