အပိုင်း ၂၂

6.7K 435 80
                                    

#Zawgyi

နှလုံးသားဖြူဖြူ

အပိုင်း ၂၂

xxx စားသောက်ဆိုင်သို့ Yibo ရောက်လာတော့ Shanyuan က ဘီယာတစ်ပုလင်းမှာထားကာ ခြေချိတ်ထိုင်ရင်း အေးအေးလူလူ ထိုင်သောက်နေသည်။

"မင်း ပြောချင်တာ ဘာလဲ Wang Yibo"

Yibo က မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်ထိုင်ချင်းပင် Shanyuan က မေးလိုက်သည်။

Yibo က ခြေချိတ်ထိုင်ပြီး လက်နှစ်ဖက်ကို ယှက်လျက် ပြောရခက်နေသလို ဘီယာပုလင်းကို အကြာကြီး ငေးစိုက်ကြည့်ပြီးငြိမ်နေမိသည်။

"ဘီယာနောက်တစ်ပုလင်း

"မင်းပြောမဲ့ကိစ္စ ပြောစရာရှိပြော Wang Yibo
ရော့.... မင်းနဲ့ စစ်ပြေငြိမ်းဖို့ တိုက်တာ မဟုတ်သလို
မင်းနဲ့ရှေ့လျောက် အဆင်ပြေသွားဖို့လဲ မျော်လင့်မထားဘူး ဟုတ်ပြီလား ချာတိတ်"

Shanyuan က ဘီယာတစ်ပုလင်းမှာလိုက်ကာ အဖုံးဖွင့်၍ Yibo ဘက် ထိုးပေးကာ မေးငေါ့ပြလိုက်တော့ Yibo က စိတ်ပေါက်ပေါက်ဖြင့် တပုလင်းလုံး တချိုးတည်း အလောတကြီး မာ့ချပစ်လိုက်ရာ နှုတ်ခမ်းထောင့်စွန်းမှပင် စီးကျကုန်သည်။

"Shanyuan.....ငါ မင်းကို တစ်ခုလောက် အကူအညီတောင်းချင်လို့"

"Yo....တစ်သက်လုံး မင်းထက် ၆ နှစ်ကြီးတဲ့သူတစ်ယောက်ကို မင်းနဲ့ငါနဲ့ ပြောလာတဲ့ Yibo ဆိုတဲ့ မင်းက ငါ့ဆီက အကူအညီလိုချင်တယ်ဟုတ်လား"

"ကျေးဇူးပြုပြီး ကောကို......"

"......."

"အတိတ်အကြောင်း မင်း ပြောပြပေးပါ"

Yibo မျက်လုံးများက ဆုံးဖြတ်ချက်ချထားပြီးသား လူတစ်ယောက်၏ မျက်လုံးများအတိုင်း လေးနက် တည်ကြည်နေရာ Shanyuan ပင် အံ့သြသွားကာ မျက်နှာက ချက်ချင်း တည်သွား၍

"ငါ မပြောပေးနိုင်ဘူး Wang Yibo

ငါတို့နှစ်ယောက်လုံးက Xiao Zhan ကို အဆိပ်အတောက်ဖြစ်စေတဲ့ လူချင်းတူတူ.....ဘယ်သူက ပိုအထိနာနေခဲ့လဲဆိုတာ..."

Yibo က Shanyuan စကားကို နားထောင်ရင်း ဒေါသထွက်လာကာ စားပွဲကို ထုရိုက်လိုက်ပြီး Shanyuan စကားဆုံးအောင် မစောင့်ဘဲ

Paper White Heart🔞 (Zawgyi+Unicode)حيث تعيش القصص. اكتشف الآن