အပိုင်း ၇ ⚠

21.6K 732 11
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၇

(အလုပ်လေးရှုပ်နေလို့ နောက်အပိုင်းတွေတင်တာ နောက်ကျပါမယ်နော် ဒီအပိုင်းတောင် အိပ်ရေးပျက်ခံပြီးရေးထားပေးရတာ....
နှာခါင်းသွေးထွက်စေချင်တဲ့စေတနာတွေပါ....ငိငိ
အတတ်နိုင်ဆုံး.....စကားလုံးသုံးနှုန်းပြီးရေးထားပေးပါတယ်နော်
မှားတာရှိ ခွင့်လွတ်ပေးကြပါ....အားပေးကြပါဦးလို့)
@Hamzzi

"ဘယ်သွားမလို့လဲ"

Xiao Zhan အိပ်ရာမှနိုးလာတော့ Yibo က အဝတ်အစားများပြန်လည် ဝတ်ဆင်နေသည်။

Xiao Zhan ကတော့ အိပ်ရာပေါ်တွင် အဝတ်အစားများကင်းမဲ့လျက် စောင်တစ်ဝက်ခြုံထားပြီး
အိပ်ရာမှ အိပ်ချင်မူးတူးထလာသည်။

"ကော ဆက်အိပ်ချင်သေးရင် အိပ်လေ"

Yibo က ပက်လက်အိပ်နေသော Xiao Zhan အပေါ်သို့ အပေါ်စီးမှ အုပ်မိုးလိုက်ပြီး နှုတ်ခမ်းချင်းထိကပ်လိုက်သည်။

"အင့်...မင်း ဆိုးတယ်ကွာ.... ကိုယ် သွားမတိုက်ရသေးဘူး"

Yibo က Xiao Zhan နားရွက်လေးကို မနာအောင်ဖိကိုက်ပြီး နားနားကပ်ကာ တိုးတိုးလေးမေးလိုက်သည်။

"ကော....နာနေသေးလား."

Xiao Zhan မျက်နှာများနီရဲသွားပြီး ခေါင်းခါပြလိုက်သည်။

"ကော ဆက်အိပ်ဦး ကျွန်တော် မနက်စာပြင်ဆင်လိုက်ဦးမယ်"

Xiao Zhan က ဟက်ခနဲ ရယ်ကာ အိပ်ရာမှ ကောက်ထလိုက်ပြီး ခုတင်အောက်ပြုတ်ကျနေသော သူ့ရှုပ်အကျီလေးနှင့် ​ဘောင်းဘီကို ကောက်ယူဝတ်ဆင်လိုက်သည်။

"မင်းပြင်တာထက် ကိုယ် ပြင်ဆင်တာကောင်းမယ်ထင်တယ်နော်"

Yibo က စားသောက်ဆိုင်ကြီးများတွင်
အမြဲ စားသောက်နေကျဖြစ်ကာ
ကိုယ်တိုင်ချက်စားတယ်ဟူ၍ တခါမှမကြားဖူးသဖြင့်
Xiao Zhan တားယူလိုက်ရသည်။

Xiao Zhan ကတော့ တစ်ယောက်တည်းနေရ၍
ကိုယ့်ဘာသာကိုယ် ချက်စားနေကျဖြစ်ရာ
သူ့အတွက် မခက်ခဲပေ။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now