အပိုင်း ၂၀ (အတိတ်သို့ခရီးသွားခြင်း-၄)

4.3K 369 30
                                    

#Zawgyi

နှလုံးသားဖြူဖြူ

အပိုင်း ၂၀

အတိတ်သို့ခရီးသွားခြင်း ၎

"One shot....one shot"

ကာရာအိုကေဆိုင်တွင် အော်ကြီးဟစ်ကျယ် ​ပြောဆိုနေသော Ling ကြောင့် Xiao Zhan က အရက်မသောက်တတ်သူမှန်းသိသွားကာ အားလုံးက အရက်ဝိုင်းတိုက်လိုက်ကြသဖြင့် Xiao Zhan ပွဲမပြီးသေးခင်ပင် မှောက်သွားသည်။

Ling အပါအဝင် အားလုံးက ခပ်ထွေထွေ ဖြစ်နေကြကာ သီချင်းဆိုသူကဆို ကသူက က ခုန်ပေါက်ပြေးလွှားနေသူက ပြေးလွှားနှင့် ကာရာအိုကေ အခန်းတစ်ခုလုံး ဆူညံနေလေသည်။

Shanyuan တစ်ယောက်ကသာ Xiao Zhan အနားတွင် လာထိုင်၍ အရက်ကို စိန်ပြေနပြေထိုင်သောက်နေသည်။

"အား..... အေးလိုက်တာ...."

Xiao Zhan က Aircon တည့်တည့်တွင် ထိုင်နေရင်းက လက်ပိုက်ကာ ကိုယ်လေးများတဆတ်ဆတ်တုန်၍ စားပွဲပေါ်တွင်မှောက်နေသည်။

Shanyuan က သူ့အ​ပေါ်ဝတ်ကုတ်အကျီကို ချွတ်လိုက်ပြီး တကိုယ်လုံး တုန်နေသော Xiao Zhan ကို ဝတ်ဆင်ပေးလိုက်သည်။

"Touch my body...body....."

Ling က အားလုံးထဲတွင် အကဲဆုံးဖြစ်ကာ မူးမူးနှင့် ကွေးနေအောင်ကနေသည်။

အချိန်စေ့သွားသောအခါ Ling က Xiao Zhan ကို ထိန်းဖို့မပြောနှင့်။ ကိုယ့်ခြေလှမ်းပင်ကိုယ်မသယ်နိုင်ဖြစ်နေလေသည်။

"Shanyuan....Xiao Zhan ကို မင်းလက်အပ်လိုက်ပြီနော်...."

Jun က Ling ကိုတစ်ဖက် Hua Hua တို့ကိုတစ်ဖက် တွဲထားရင်းက Taxi တစ်စီးတား၍ ထွက်ခွာသွားရာ Xiao Zhan တို့နှစ်ယောက်သာ ကျန်ခဲ့လေသည်။

Shanyuan က ယိုင်နဲနေသာ Xiao Zhan လက်မောင်းတစ်ဖက်ကို ထိန်းထား၍ Xiao Zhan ကြားအောင်အော်ဟစ်ကာ မေးလိုက်သည်။

"Xiao Zhan....မင်းအိမ်လိပ်စာပြော"

"မမှတ်မိဘူး"

"မင်းမရစ်နဲ့.....မင်းလိပ်စာပြော"

"အား.....မူးတယ်...မူးတယ်...."

"မင်းကို အိမ်ခေါ်သွားလို့ကတော့ ငါမူးနေတဲ့အချိန် မင်းကို ဘာလုပ်မိမလဲ မပြောတတ်ဘူး ခွေးကောင်လေးရဲ့"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now