အပိုင်း ၁၃

6.9K 415 28
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၁၃

"ကော...မနေ့က ဘာအိမ်မက်ဆိုးတွေမက်လို့လဲ"

Yibo က မတ်တပ်ရပ်၍ အကျီဝတ်နေသော Xiao Zhan ခါးကို လက်နှစ်ဖက်ဖြင့် ချိတ်လျက် ဖက်ထားလိုက်ပြီး
Xiao Zhan ပုခုံးပေါ် ခေါင်းလေးတင်၍ ပွတ်သီးပွတ်သပ်လုပ်လိုက်ပြီး မေးလိုက်သည်။
Xiao Zhan က အကျီဆွဲချနေလျက်ပင်

"အိမ်မက်ထဲမှာ တစ်စုံတစ်ယောက်က ကိုယ့်ကို ခေါ်နေတာဘဲ မှတ်မိတယ် အဲဒါ ကိုယ်မှတ်မိအောင် နည်းမျိုးစုံ ကြိုးစားကြည့်တယ် ဒါပေမဲ့ ခေါင်းတွေ မူးနောက်လာပြီး
ချောက်ကြီးတစ်ခုတည်း ကိုယ်ကျသွားတယ်တဲ့"

"ဟုတ်လား ကော...အခုကော ကော ဘယ်လိုနေလဲ"

Xiao Zhan က အကျီဝတ်ပြီးသွားတော့ Yibo ဘက်မျက်နှာချင်းဆိုင်လှည့်လိုက်ကာ Yibo မျက်နှာကို လက်နှစိဖက်ဖြင့် ဖိညှစ်လိုက်ပြီး ဆူသွားသော နှုတ်ခမ်းလေးကိုမှ မွှခနဲ တစ်ချက်နမ်းရှိုက်လိုက်ပြီး နှာခေါင်းချင်းထိကပ်၍ ဟိုဘက်ဒီဘက် နှာခေါင်းတိုက်လိုက်ရင်း

"ဟောဒီက didi လေးကြောင့် ကော နေလို့ကောင်းသွားပါပြီ"

"ကောနော်.....ဒါ ဘာလုပ်တာလဲ စလာပြီလား"

Yibo က Xiao Zhan ခါးလေးကို ဆွဲကပ်လိုက်ပြီး မေးစေ့လေးကို ကိုင်၍ မေးလိုက်သည်။

"ဘာမှမလုပ်ဘူး ထ တော့ မနက်စာစားမယ် ရိုက်ကွင်းရှိတယ်မလား"

Yibo ကစနောက်သလို Xiao Zhan ဆီပိုပို တိုးကပ်သွားတော့ Xiao Zhan က လက်ဖြင့်အတင်းတွန်းထားကာ အနေက်သို့ တဖြည်းဖြည်း ဆုတ်သွားရာ ကုတင်စောင်းနှင့် ခြေထောက်တိုက်မိသွားသည်။

"ဘာမှမလုပ်ဘူးဆိုပြီးနော်....ဒီလူကြီးတော့ မနက်စောစော လူကို အသည်းယားအောင် လာလာဆွနေတာ ဘာသဘောလဲ"

"ဘယ်မှာဆွလို့လဲ မဆွပါဘူး"

Xiao Zhan က နှုတ်ခမ်းလေးစူကာ စိတ်ဆိုးသလို ပြောလိုက်သော်လည်း အသံကမူ ချွဲသံလေးများရောနေ၍ ချစ်စရာကောင်းနေသည်။ Yibo က Xiao Zhan ကို ကြည့်ရင်း ရှေ့သို့ တစ်လှမ်းထပ်တိုးလိုက်ရာ Xiao Zhan ကုတင်ပေါ် ဖင်ထိုင်လျက် လဲကျသွားသည်။ Xiao Zhan က ချက်ချင်းကုန်းထရန် ဟန်ပြင်လိုက်သော်လည်း Yibo ကမူ အလျော့ မပေးဘဲ တွန်းလှဲလိုက်ရာ Xiao Zhan မွေ့ရာပေါ် ပက်လက်လေး ကျသွားပြီး Yibo ကအပေါ်က ထပ်မိုးလျက် Xiao Zhan လက်လေးနှစ်ဖက်ကို လက်ချောင်းချင်း ယှက်ကိုင်လိုက်၍

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now