အပိုင်း ၁၂ (အတိတ်ခရီးသို့ခရီးသွားခြင်း-၁)

7.7K 431 17
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၁၂

"ကောကော....ကျွန်တော့ကိုမှတ်မိလား"

"ကောက ဆရာဝန်ကောင်းတစ်ယောက်ဖြစ်လာမယ်လို့ ကျွန်တော်ထင်တယ်"

"ကော...သွေးတွေ သတိထားဦး ကော"

"တစ်နေ့ကျရင် ကော...ကျွန်တော့ကို မေ့သွားမှာလား"

"ကောမရှိရင် ကျွန်တော်ဆိုတာလဲ မရှိနိုင်ဘူးကော
ကောအသက်ရှင်နေမှဖြစ်မယ်"

"ကောကော.."

"ကျန်းကော"

"ကော"

စကားသံများက ပေါ်လာလိုက် ပျောက်သွားလိုက်ဖြင့် Xiao Zhan ချာချာလည်ကာ ချောက်ထဲသို့ တဟုန်ထိုး ထိုးကျသွားသည်။

"အား"

အိမ်မက်မှရုတ်တရတ် လန့်နိုးလာကာ Xiao Zhan တကိုယ်လုံးချွေးများဖြင့် ရွဲနစ်နေသည်။

Xiao Zhan အနားတွင် အိပ်ပျော်နေသော Yibo က စိုးရိမ်တကြီးထလာပြီး Xiao Zhan နဖူးကို စမ်းလိုက်ရာ Xiao Zhan က Yibo ကို ဖက်လိုက်၍ ရင်ခွင်ထဲ တိုးဝင်လိုက်သည်။

"Yibo"

"ကျွန်တော်ရှိတယ် ကော"

"ကိုယ် အိမ်မက်မက်တယ် ဒါပေမဲ့ ကိုယ်တစ်ခုမှ သတိမရဘူး

ိုကိုယ်မှတ်မိဖို့ ကြိုးစားလိုက်တိုင်း ခေါင်းတွေ မူးနောက်လာတယ်

ကိုယ် ဆေးရုံတက်လိုက်ပြီးနောက်ပိုင်း အရင်တုန်းက ကိစ္စတွေ ​သေချာမမှတ်မိတော့ဘူး"

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကော...အခု ကျွန်တော်ရှိနေပြီဘဲ"

"အင်း"

Xiao Zhan က Yibo လက်မောင်းကို ခေါင်းအုံအုံးကာ ပုစွန်လေးလို ကွေး၍ ကျုံ့ကျုံ့လေး ပြန်အိပ်ပျော်သွားသော်လည်း Yibo က Xiao Zhan မျက်နှာလေးကို ကြည့်၍ အတိတ်စာမျက်နှာများထံသို့ အတွေးက မျောလွင့်သွားတော့သည်။

~~~ အတိတ်သို့ခရီးသွားခြင်း ၁ ~~~~

Bejing Public Hospital

"တီတီ အရေးပေါ် အ​ရေး​ပေါ်"

နားနေခန်းတွင် တစ်ချက် မှေးခနဲ အိပ်ပျော်သွားရာမှ Xiao Zhan ရုတ်တရတ်လန့်နိုးသွားပြီး တဖက်ကုတင်တွင် အိပ်ပျော်နေသော Ling ကိုနှိုးလိုက်ကာ ခုံပေါ်တွင် ပစ်တင်ထားသော ဂျူတီကုတ် အဖြူလေးကို ကောက်ယူကာ  အခန်းထဲမှ ပြေးထွကိခဲ့သည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now