အပိုင်း ၁၁

7.9K 435 15
                                    

နှလုံးသားဖြူဖြူ

အပိုင်း၁၁

"Shanyuan.... မင်းဘာလိုချင်လို့လဲ"

Yibo က ဒေါသထွက်ကာ အသံမာမာဖြင့် မေးလိုက်ရာ Shanyuan က Yibo ကို ဂရုမစို်က်သလို မထိမဲ့မြင်ပြုံး၍ Xiao Zhan တကိုယ်လုံးကို စူးစိုက်ကြည့်ကာ

"မင်းလက်ထဲရောက်နေတဲ့ ငါပိုင်တဲ့အရာကို ပြန်ယူဖို့
ငါပြန်လာခဲ့တာ.....Wang Yi Bo..."

Xiao Zhan က Yibo ဘက် အံ့အားသင့်သလို မျက်လုံးလေးပြူးကြည့်ကာ

"Yibo...မင်းသူနဲ့ဘယ်လိုသိလဲ"

Yibo က ထိန်းကိုင်ထားသော Xiao Zhan ခါးလေးကို ဆွဲဖက်၍ Xiao Zhan တကိုယ်လုံးကို ရင်ဘတ်ထဲ ဆွဲသွင်းလိုက်ကာ

"ကောနဲ့ ပတ်သတ်လာရင် ကျွန်တော် အားလုံးသိတယ်...
ကောဘာကြိုက်တတ်တယ်..ကောဘာလုပ်တတ်တယ် ကောအနားမှာဘယ်သူရှိတယ်ကအစ....ပြီးတော့ ကောရဲ့......"

Yibo က Xiao Zhan မျက်လုံးတည့်တည့်စိုက်ကြည့်လိုက်ပြီး

"ကောရဲ့ အတိတ်တွေကိုရော...."

"ဟင်"

Xiao Zhan မျက်နှာချက်ချင်းညိုးကျသွားကာ မယုံနိုင်သလို မျက်လုံးလေးများဝိုင်း၍ မျက်ရည်များဝေ့တက်လာကာ ဘယ်သူ့ကိုမှမကြည့်ဘဲ ကြမ်းပြင်ကိုသာ တွေတွေကြီးငေးစိုက်ကြည့်နေလိုက်သည်။

"ဒါဆို....မင်း...အကုန်....သိ...ပြီး..ပြီ...ပေါ့"

"အင်း...."

Yibo က Xiao Zhan ကို မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်ကာ Xiao Zhan မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ မျက်နှာကို ထိလုမတတ် နီးကပ်လိုက်ပြီး Xiao Zhan ကို အနွေးထွေးဆုံးပြုးလျက် မျက်လုံးချင်းစုံလိုက်ပြီး

"ကော.....ကျွန်တော်ကောကို ဘာကြောင့်ချစ်တယ်လို့ထင်လဲ
ကောရဲ့ပညာ ကောရဲ့ ရုပ်ရည် ကောရဲ့အပြင်ပန်းကြောင့်လို့ ကောထင်လား ကျွန်တော့အချစ်က အပေါ်ယံ မဆန်ပါဘူး ကော"

"အရင်က ကျွန်တော်ဖြေခဲ့ဖူးပါတယ်
ကောအပေါ်ထားတဲ့ကျွန်တော့ အချစ်ကအကြောင်းပြချက်မရှိဘူးလို့.. အကြောင်းပြချက်ပေးရမယ်ဆိုရင်တောင် အဲဒါ ကောဖြစ်နေလို့ဘဲ...

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now