အပိုင်း ၎

12.9K 885 3
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၎

ဓာတ်လှေကားထဲသို့ ဝင်ရန်ခြေလှမ်းပြင်လိုက်ပြီးမှ Yibo ကို မြင်လိုက်ရသဖြင့် Xiao Zhan ၏ ခြေလှမ်းများရပ်တန့်သွားတော့သည်။

"ကော"

Yibo က ကလေးတစ်ယောက်လို ပျော်ရွင်သွားကာ သူ့ဆီ ပြေးလာဟန်ပြုပြီးမှ လက်လျော့လိုက်သလို နှုတ်ခမ်းကိုက်၍ မျက်နှာလွှဲလိုက်သည်။

Xiao Zhan ရပ်နေရာမှ လုံးဝ မရွေ့မိ။

Yibo ကတော့ Xiao Zhan ကို နားလည်ပါတယ်ဆိုတဲ့ အကြည့်နှင့် နာနာကျင်ကျင်ပြုံးကာ ခေါင်းငိုက်စိုက်ကျသွားသည်။

"အာ့"

လက်ကို ရုတ်တရတ် ကြမ်းကြမ်းဆွဲလှည့်လိုက်သောကြောင့် Xiao Zhan လက်ကောက်ဝတ်နာသွားကာ ဒေါသတကြီးမျက်နှာလှည့်လိုက်သည်။

"Zhan Zhan မင်းကိုရှာတွေ့ပီ"

"Ling..."

Yibo က မျက်လုံးထောင့်မှခိုးကြည့်မိလိုက်သည်။

Ling ဆိုသူက Xiao Zhan လက်တစ်ဖက်ကို ဆွဲကိုင်ရင်း တရင်းတနှီး ပခုံးကို လှမ်းဖက်လိုက်ကာ ရယ်ရယ်မောမော စကားတတွတ်တွတ်ပြောနေသည်။

Ling ၏အရပ်က Xiao Zhan လောက်မြင့်၍ ဆံပင်ကမူ ပခုံး​လောက်ရှည်၍ ဒီတိုင်းချထားကာ မျက်နှာကလဲ မိန်းကလေးတစ်ယောက်ကဲ့သို့ နုဖတ်နေသည်။

Xiao Zhan ကတော့ ပြုံးရယ်စကားပြောနေရင်းမှ သူ့ဘက်ကို လှမ်းကြည့်ကာ မသိသလိုပြန်လှည့်သွားသည်။

Xiao Zhan ခါးကို ဖက်၍ ကျောခိုင်းထွက်သွားပုံက မသိလျင် ကောင်မလေးတစ်ယောက်နှင့်တွဲသွားသကဲ့သို့ဖြစ်နေသည်။

မျက်လုံးထောင့်မှ သူဆက်ကြည့်ချင်နေသေးသော်လည်း ဓာတ်လှေကားတံခါးက အချိန်စေ့သွားကာ ပိတ်သွားလေသည်။

Yibo လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တောက်တစ်ချက်ခေါက်လိုက်မိသည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now