အပိုင်း ၁၀

9.7K 482 8
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၁၀

"နိုးပြီလား"

လက်ချင်းချိတ်ကာ မျက်နှာချင်းဆိုင် အိပ်နေသော Yibo က Xiao Zhan မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်းခေါင်းလေးကို ခပ်ဖွဖွ ပုတ်ကစားလိုက်သည်။

"အွန်....ခေါင်းမပုတ်နဲ့...ကိုယ်က မင်းထက်အကြီးနော်"

Yibo က Xiao Zhan အနားကပ်သွားကာ Xiao Zhan ကိုရင်ခွင်ထဲ ဆွဲသွင်းထားပြီး ကျောပြင်လေးကို ပုတ်ပေးလိုက်ကာ

"ကော... စလာပြီလား
မနက်စောစောစီးစီးကိုက်စားပစ်ချင်လာပြီနော်...."

"တော်စမ်း....မင်းလူမှဟုတ်သေးရဲ့လား ကိုယ် ခါးတွေနာနေပြီ"

"ကျွန်တော့ ကျန်းကောလေးသနားပါတယ် နှိပ်ပေးမယ် အုံဖွ အုံဖွ"

Yibo က Xiao Zhan ခါးလေးကို နှိပ်နယ်ပေးနေလိုက်ရာ Xiao Zhan က Yibo လက်လေးကို ဖယ်လိုက်ပြီး ဆုပ်ကိုင်ထားကာ

"မင်း ဒီနေ့ ပြိုင်ပွဲရှိတယ်မလား"

"အင်း......ညနေ"

Xiao Zhan က ပွန်းပဲ့ဒဏ်ရာများကြောင့် ပလာစတာကပ်ထားရသော Yibo လက်လေးကို နွေးနွေးထွေးထွေးဆုပ်ကိုင်လိုက်ကာ

"သတိထားနော် မင်းက ဒီလို အန္တရာယ်များတဲ့အားကစားကို ကြိုက်တယ်ဆိုတော့ ကောကလဲ Didi ဘေးနားကနေ အားပေးရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ"

Yibo က ဆိုင်ကယ်နှင့် ပတ်သတ်လျင် A to Z အစအဆုံးအကုန်သိကာ စံအိမ်တွင် ဆိုင်ကယ်ဦးထုပ်များသပ်သပ်ထားထားသော အခန်းရှိ၏ အခန်းနံရံတွင် စင်အထပ်ထပ် ဆောက်ထားကာ ဆိုင်ကယ် ဦးထုပ် ရောင်စုံကို အစီအရီတင်ထားသည်။

ဒါအပြင် Yibo က Dancer တစ်ယောက်ပီပီ အမြဲတမ်း ကနေရကာ တကိုယ်လုံးပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။

Yibo တွင် ရောဂါဟူ၍ ကြီးကြီးမားမားမရှိသော်လည်း
ပွန်းပဲ့ဒဏ်ရာနှင့်ပတ်သတ်လျှင်တော့ Xiao Zhan က အမြဲ ဆေးထိုးဆေးထည့် လုပ်ပေးရတတ်သည်။

သို့သော် Yibo က တစ်ချက်ကလေးမှ မျက်နှာ မပျက်ပေ။ သူကြိုက်နှစ်သက်သော ဆိုင်ကယ်စီးနေရလျှင် ကနေ ခုန်နေရလျှင်ပင် မျက်နှာက အမြဲ ကျေနပ်ကာ ပြုံးချိုနေလေသည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now