အပိုင်း ၂၃ (အတိတ်သို့ ခရီးသွားခြင်း-၅)

4.2K 295 27
                                    

#Zawgyi

နှလုံးသားဖြူဖြူ

အပိုင်း ၂၃

~~~အတိတ်သို့ခရီးသွားခြင်း-၅~~~

"ယုန်ပေါက်လေး နွေဦးတောင်ရောက်ပြီနော်"

Shanyuan က လက်တစ်ဖက်ကို Xiao Zhan ပခုံးပေါ်တင်ကာ ကြွေလုဆဲဆဲ သစ်ရွက်များကို လက်ညိုးထိုးပြလိုက်တော့ Xiao Zhan က Shanyuan လက်ထဲမှ ရုန်းထွက်လိုက်ကာ ဘေးကိုရွေ့လိုက်သည်။

Xiao Zhan ဖြစ်ပျက်သွားပုံကိုကြည့်ပြီး Shanyuan က သဘောကျသလိုရယ်လိုက်ပြီးမှ

"မင်းဟာလေ တော်တော်ကို မတရားဘူး.... ယုန်ပေါက်လေး"

"ဘာကိုလဲ....."

"ငါချစ်နေမှန်းသိလျက်နဲ့ ငါ့အချစ်တွေကို ဥပေက္ခာပြုထားနိုင်တယ်"

"ငါပြောပြီးပြီလေ....ငါ ယောကျာ်းလေးချင်းစိတ်မဝင်စားဘူးလို့"

"ယောကျာ်းလေးချင်း စိတ်မဝင်စားဘူးဆိုပြီးတော့
အခန်းထဲက မသုံးရက်လို့ သိမ်းထားတဲ့ရေမွှေးပုလင်းက ဘာလဲ"

"အဲဒါက......."

"မင်း မရိုးသားဘူးဘဲ ယုန်ပေါက်လေး"

"မင်းအဲလို မခေါ်နဲ့ဆို...."

Shanyuan က Xiao Zhan မျက်နှာအမူအရာလေးကအစ ဂရုတစိုက်လိုက်ကြည့်နေသဖြင့် Xiao Zhan နေရခက်လာကာ မျက်နှာများနီရဲလာတော့သည်။

"မင်း မကြည့်နဲ့"

"မင်းက အရမ်းချစ်ဖို့ကောင်းလို့"

"Shanyuan.... မင်းစလာပြန်ပြီလား"

Shanyuan ကဘာမှပြန်မပြောနိုင်သေးခင် Ling က Xiao Zhan တို့အနားရောက်လာ၍ နှစ်ယောက်လုံး၏ ပုခုံးကို ဖက်လိုက်ကာ

"မင်းကြားပြီပြီလား ဆေးရုံက နှစ် နှစ်ဆယ်ပြည့်အထိန်းအမှတ်အနေနဲ့ ငါတို့ကို ခရီးစဉ်တစ်ခု စီစဉ်ပေးမယ်တဲ့"

Shanyuan က Ling ပုခုံးပေါ်တင်ထားသော လက်ကို ပုတ်ချကာ Xiao Zhan လက်မောင်းကို ဆွဲ၍ သူ့ဘက်ဆွဲလိုက်တော့ Ling က တဟားဟားအော်ရယ်လိုက်မိသည်။

"Shanyuan... မင်းတော်တော် အဖြစ်သည်းပါလား"

Shanyuan က Xiao Zhan လက်မောင်းကိုဆွဲကာ Ling နှင့်ဝေးရာကိုဆွဲခေါ်သွားတော့ Ling က ရယ်မြဲရယ်လျက်အနောက်ကနေ လိုက်ခဲ့လေသည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now