အပိုင်း ၃၁

1.2K 64 9
                                    

#Unicode

နှလုံးသားဖြူဖြူ

အပိုင်း ၃၁

~~~~~~~~~~~~~~~~~

"ဆရာ ကောဘာဖြစ်တာလဲဟင်"

"ဦးနှောက်ပိုင်းကို ဆရာတို့စစ်ဆေးကြည့်တယ် CT scan MRI အကုန်ရိုက်ထားပေမဲ့ ဘာမှ‌မတွေ့ဘူး ‌Yibo ဒီတော့ဖြစ်နိုင်တာက ဦးနှောက်နဲ့မသက်ဆိုင်ဘဲ Xiao Zhan ရဲ့ စိတ်ကြောင့်ဖြစ်တယ်လို့ ယူဆရတယ် Xiao Zhan က သူမမှတ်မိချင်တော့တဲ့အတိတ်တွေကို အရင်က တခါ ချိတ်ပိတ်ပြီးသိမ်းခဲ့တယ် ဒီတခါလည်း ဆရာတို့ယူဆတာက..."

"ဒါဆို ဆရာပြောချင်တာက ကောက နောက်တခါ အဲလိုဘဲ အဖြစ်အပျက်တွေအားလုံးကို ချိတ်ပိတ်ပစ်လိုက်တာပေါ့"

Yibo ပြောရင်းအသံများပင်တုန်လာသည်။ ‌Xiao Zhan စိတ်ထဲ ဘယ်လောက်‌ ‌တောင် နာကျည်းချက်များခဲ့မလဲတွေးကြည့်ရုံဖြင့် Yibo အသည်းများကွဲကြေလုမတတ် ခံစားရလေသည်။

"Ling ... Ling မသွားပါနဲ့ ငါ့အနားမှာဘဲနေ"

"Zhan Zhan ရယ်"

Ling က သူ့လက်ကို အားကိုးတကြီးဆွဲထားသော Xiao Zhan ကို သနားကရုဏာသက်စွာ ကြည့်ပြီး Yibo နင့် Shanyuanဘက်ကိုလှည့်၍

"မင်းတို့ကို မြင်ရင် သူပိုပြီး စိတ်ထဲနာကျင်နေရမယ် ဖြစ်နိုင်ရင် မင်းတို့အခန်းထဲက ထွက်သွားပေးပါလား"

"ကော..."

"လာကွာ Wang Yibo"

Shanyuanကလဲ Yibo စိတ်နဲ့ထပ်တူပင်။ Xiao Zhan အနားတွင်နေချင်မိသည် ။သို့သော်လည်း Xiao Zhan ၏ မျက်၀န်းမှ စိမ်းကားသော အငွေ့အသက်များကို မြင်နေရသဖြင့် Xiao Zhan အရှေ့တွင် ရှိနေဖို့ အချိန်‌‌ ကောင်းမ ဟုတ် ဟုတွေးမိကာ Yibo ကိုသာ ဆွဲခေါ်၍ ထွက်သွားမိတော့သည်။

Yibo က အရက်ကိုရေတောင်မရောဘဲ နိအတိုင်း တစ်ခွက်ပြီးတခွက်သောက်ချနေရာ Shanyuanပင် ၀င်တားရတော့သည်။

"တော်လိုက်‌တော့ Wang Yibo ကြာရင်မင်းအစာအိမ်ထိမယ်"

"ငါဘာလုပ်လုပ် မင်းအပူလား ချီးဘဲ"

"ယုန်ပေါက်လေးက မင်းကိုဒီလိုဖြစ်နေတာမြင်ချင်မယ်မထင်ဘူး Wang Yibo"

"ဒါဆို ငါက ဘယ်လိုနေပေးရမလဲ ငါဘာဆက်လုပ်ရမလဲ ပြောစမ်းပါဦး ငါဘာလုပ်ရမလဲ"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now