အပိုင်း ၁၄ (အတိတ်သို့ခရီးသွားခြင်း-၂)

5.7K 375 41
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၁၄

Yibo က အိပ်ရာပေါ်သို့ တိုးတိုးလေး တက်လာကာ
ခွေခွေလေး အိပ်ပျော်နေသော Xiao Zhan ကို ဖက်၍
ရင်ခွင်ထဲ ဆွဲသွင်းလိုက်ရာ Xiao Zhan အိပ်ရာမှ နိုးသွားသည်။

Yibo လက်မောင်းကို ခေါင်းအုံးလုပ်ကာ အိပ်မှုန်စုံမွှားဖြင့်မျက်လုံးများကို ပွတ်သပ်၍ Yibo မျက်နှာကို ငေးကြည့်လိုက်တော့ Yibo လက်တစ်ဖက်က Xiao Zhan မျက်နှာပေါ်ရောက်လာကာ ဆံပင်များကို သý*ýyýပ်တင်ပေးလိုက်သည်။

"နိုးသွားလား"

"အင်း....မင်းရော"

"ကျွန်တော့ အလုပ်က မပြတ်သေးဘူး ကောကို လွမ်းလာတာနဲ့"

"ဝေးဝေးလံလံ မဟုတ်ဘူး မင်းအခန်းထဲက မင်းကုတင်မှာ အိပ်နေတာနော်...ပိုပြီ"

Yibo က Xiao Zhan နဖူးကို ခပ်ဖွဖွ နမ်းလိုက်ကာ Xiao Zhan ဘက်စောင်း၍ လည်ပင်းကို ဝိုက်၍ ဖက်ထားလိုက်ရာ Xiao Zhan ကလဲ ခါးအောက်လက်ထိုး၍ ပြန်လည် သိုင်းဖက်လိုက်ကာ Xiao Zhan မျက်နှာက Yibo ရင်ဘတ် အပ်ထားသလိုဖြစ်သွားသည်။

"ကော.....ကို ချစ်တယ်"

"ကိုယ်လဲ ချစ်တယ် မင်းကို"

Yibo က Xiao Zhan မျက်နှာ အနှံ့ အနမ်းမိုးများ ရွာသွန်းလိုက်ပြီး နောက်ဆုံး Xiao Zhan နှုတ်ခမ်းလေးတွင် အဆုံးသတ်သွားကာ စိုစွတ်သွားသော နှုတ်ခမ်းသားလေးကို လက်ဖြင့် သပ်လိုက်တော့ Xiao Zhan က အခုမှ အသက်ရှူဝသွားသလို လေကိုတစ်ဝကြီး ရှူထုတ်လိုက်သည်။

Yibo နှင့် Xiao Zhan တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မထိန်းနိုင်ဘဲ အချိန်အတော်ကြာ ရယ်ချလိုက်မိပြီးမှ မျက်နှာပိုးသပ်ကာ Yibo က Xiao Zhan နှုတ်ခမ်းလေးများကို ငေးစိုက်ကြည့်ရင်းက

"ကောရဲ့ first kiss က ဘယ်သူလဲ......
ကျွန်တော်က ပထမဆုံးလား"

"အဲ.......ကိုယ် အမှန်တိုင်းပြောရမှာလား"

"အင်း.....ကောအကြောင်းတွေ ကျွန်တော် သိချင်တယ်"

Xiao Zhan က ပြောရခက်နေသလို လည်ပင်းပွတ်လိုက်ပြီးတော့မှ သက်ပြင်းတစ်ချက်ချကာ Yibo မျက်နှာလေးကို မလွတ်တမ်းစိုက်ကြည့်လိုက်ပြီး

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now