အပိုင်း ၆ ⚠

25.5K 872 8
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၆

ရေကန်ပတ်လည်တစ်လျောက် ကားပတ်လမ်းက ဝင်လာခဲ့ရကာ ခြံကြီးတစ်ခြံ ရှေ့ရောက်တော့ Taxi ကို ရပ်ခိုင်းလိုက်ပြီး Xiao Zhan ဆင်းလိုက်သည်။

"လန် အပန်းဖြေစံအိမ်တော်"

ခြံတံတိုင်းအမြင့်ကြီးပေါ်တွင် ရွှေရောင်စာလုံးများဖြင့်
ထွင်းထုထား၍ ကျောက်ခက်ကျောက်နွယ်လေးများဖြင့်
အလှဆင်ထားသည်မှာ နန်းဆန်နေလေသည်။

ခြံတံတိုင်းအနောက်တွင် တောအုပ်သဖွယ်
သစ်ပင်များ အုံမိုးထားသည့်ကြားထဲမှ
လမ်းသွယ်လေးတစ်ခုက ဝင်ရောက်ပျောက်ကွယ်နေကာ
ဘယ်နေရာတွင် လမ်းဆုံးမှန်း ခန့်မှန်း၍ မရချေ။

ခြံတံတိုင်းဝတွင် လူခေါ်ဘဲလ်ဟူ၍ လုံးဝ မတွေ့ရသည့်အပြင်လူအရိပ်အယောင်ကလေးပင် မမြင်ရသဖြင့်
Xiao Zhan ယောင်လည်ယောင်လည် လုပ်နေမိသည်။

"တီးတီး"

အနီရင့်ရောင်ကားအကောင်းစားတစ်စီးက သူ့အနားကပ်ရပ်ကာ မှန်ချလိုက်သောအခါ ကားထဲမှာ ချောမောလှပသောမျက်နှာလေးတစ်ခုပေါ်လာသည်။

"ရှင်ဘယ်သူလဲ ဒီခြံရှေ့မှ ခိုးချောင်ခိုးဝှက်နဲ့ ဘာလုပ်နေတာလဲ ပြော"

"အဲ ကျွန်တော်က W private hospital က Dr.Xiao Zhan ပါ

ကျွန်တော့ရဲ့ VIP ဖြစ်တဲ့ သခင်လေး Wang Yibo အတွက် medical check up လုပ်ဖို့ လွှတ်လိုက်လို့ပါ

ဒီရောက်တော့ တစ်ယောက်မှ မတွေ့တာနဲ့

စိတ်ထဲကတော့ "ဒီလိုမှ မလိမ်ရင် မဖြစ်တော့လို့ပါ" ဟု ကျိတ်ပြီးတောင်းပန်လိုက်သည်။

"အော် လက်စသတ်တော့ ရှင်က Yibo ကောကော ရဲ့ ဆရာဝန်ကိုး ဒါဆို တက်လေ ကျွန်မ လိုက်ပို့ပေးမယ်"

ပေါင်တစ်ဝက်လောက်သာဖုံးသောအဖြူရောင်ဂါဝန်တိုကျပ်ကျပ်လေးကို ဝတ်ဆင်ထားပြီးမျက်နှာပေါ်တွင်လဲဆေးရောင်စုံခြယ်သထားကာကျောလည်လောက်ရှည်သော ဆံပင်အလိမ်များက ကျောတစ်ဝက် ရင်တစ်ဝက်ဖုံးနေကာ လေတိုက်လိုက်တိုင်း လွင့်သွားဟန်မှာ ကဗျာဆန်လှသည်။

ခြယ်သဖီးလိမ်းပြင်ဆင်ထားသော်လည်း
ရုပ်အခံမှာလည်း ဆွဲဆောင်မှုရှိပြီး နန်းဆန်နေရာ
ကြည့်လိုက်သည်နှင့် ညို့အားပြင်းသောမိန်းကလေးတစ်ယောက်ဟု တန်းသိရလောက်အောင် ဆွဲဆောင်မှုရှိနေသည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now