အပိုင်း ၂၈ ( အတိတ်သို့ခရီးသွားခြင်း - ၁၀) Special ~ First Date ~

930 65 9
                                    

#Zawgyi

နှလုံးသားဖြူဖြူ

Special ~ First Date - 1~

"Yibo ကောတို့ပြန်လှည့်ရအောင်
မိသွားရင်ဘယ်လိုလုပ်မလဲ"

"ရှူးတိုးတိုး ကော... ဟန်မပျက်သာလျောက်
ကျွန်တော့ကိုတွဲထား နောက်တစ်ကွေ့ဆို ဆေးရုံအပြင်ရောက်ပီ"

Yibo ကိုတင်းတင်းကြပ်ကြပ် တွဲထားလျက် Xiao Zhan နှလုံးခုန်သံများက ပေါက်ထွက်လုမတတ် ထိတ်လန့်နေမိသည်။

Yibo ယူလာပေးသော အပြင်အ၀တ်အစားများကို ၀တ်ဆင်ထားကာ အဆုတ်ယောင်ရောဂါကလဲ သက်သာလုနီးပါးဖြစ်နေသဖြင့် Xiao Zhan ကိုကြည့်လိုက်လျှင် လူကောင်းနှင့် မထူးမခြားနားပင်။

"Yibo ကော ဦးထုပ်"

Xiao Zhan က ယုန်သူငယ်လေးသဖွယ် ထိတ်ထိတ်လန့်လန့်ဖြင့် ခေါင်းကိုခါယမ်းလိုက်မိရာ ‌ခေါင်းပေါ်မှ ဦးထုပ်က ကျွတ်ကျကျန်ခဲ့လေသည်။

"ဟေ့ဟိုကောင်လေးနှစ်ယောက်"

"ဗျာ ကျွန်တော်တို့ကိုပြောတာလား"

"ဒီမှာ မင်းတို့ရဲ့ဦးထုပ်ကျကျန်ခဲ့ပြီ ရော့"

"ကျေးဇူးပါ ဦးလေးရေ ကျွန်တော်တို့ကိုသွားခွင့်ပြုပါဦး"

"ခဏလေးနေပါဦး ဒီဘက်က ကောင်လေးကိုကြည့်ရတာ ဖြူဖျော့နေတာဘဲ နေမကောင်းဘူးထင်တယ်"

"မဟုတ်... မဟုတ်ပါဘူး ကောင်းပါတယ်
သွား သွား သွားခွင့်ပြုပါဦး"

"နေပါဦး မင်းတို့ကိုကြည့်ရတာ မသင်္ကာစရာဘဲ
မင်းတို့ ID တွေပြပါဦး"

"ဗျာ"

Xiao Zhan မျက်နှာတွင် ထိတ်လန့်မှုများက အထင်းသားပေါ်နေကာ မသင်္ကာစရာ ကောင်းနေသဖြင့် Yibo က ဆောင်းလက်စ ဦးထုပ်ကို Xiao Zhan ပေါ်တွင်ဆောင်းပေးကာ Xiao Zhan လက်ကိုဆွဲ၍ မျက်မှန်အနက်ကို လျော့ချကာ လုံခြုံရေးဦးလေးအနားကပ်ကာ

"ဦးလေး ကျွန်တော့ကိုမသိဘူးလား"

"ဘယ်သူမို့လဲ"

Yibo က အိတ်ကပ်ထဲက ID ကဒ်ကိုမသိမသာထုတ်ပြလိုက်၍ လုံခြုံရေးဦးလေးနားတိုးတိုးလေးကပ်ပြောလိုက်ရာ ထိုဦးလေးက Xiao Zhan ကိုခြေဆုံးခေါင်းဆုံး သနားဂရုဏာသက်စွာကြည့်၍ ကူညီရန်သဘောတူလိုက်လေသည်။

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now