အပိုင်း ၁၅

5.3K 373 15
                                    

#Zawgyi

နှလုံးသားဖြူဖြူ

အပိုင်း ၁၅

"Shanyuan ငါ ဟိုတယ် Lobby ထဲရောက်နေပြီ
မင်းဆင်းလာခဲ့"

"Yo ယုန်ပေါက်လေး.... မင်း တကယ် လာတာဘဲ
မေန့က ပြောထားတဲ့အတိုင်း အခန်းနံပါတ် ၁၀၃ ကိုတက်လာခဲ့"

"တောက်....မင်း"

ဖုန်းထဲမှ Shanyuan က Xiao Zhan ဒေါသထွက်သွားတာကို သဘောကျသလို တစ်ချက် ရယ်လိုက်ပြီးတော့မှ

"မတက်လာချင်လဲ ရတယ်​နော် ငါ့လက်ထဲမှ မင်းဘဝရှိတယ်ဆိုတာ မမေ့နဲ့"

"တောက်...."

Xiao Zhan က တောက်တစ်ချက် ခေါက်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ဓာတ်လှေကားထဲ ဝင်လိုက်သည်။

မီးအနည်းငယ်စီသာ ထွန်းထားသော လျောက်လမ်းကို လျောက်လာစဉ် Xiao Zhan ခြေဖျားလက်ဖျားများအေးစက်ကာ အနည်းငယ်တုန်ယင်နေသော လက်နှစ်ဖက်ကို ဆုပ်နယ်လိုက်၍ နှုတ်ခမ်းကို ကိုက်ထားမိသည်။

"Yo ယုန်ပေါက်လေး"

အခန်းတံခါးဖွင့်ထားလျက် တံခါးဘောင်တွင် ကျောမီကာ
လက်ပိုက်ရပ်နေသော Shanyuan က Xiao Zhan ကို ကြိုတင် မျော်လင့်ထားတဲ့အတိုင်း မဲ့ပြုံးပြုံးလျက်စောင့်နေသည်။

Xiao Zhan က ခြေလွမ်းတစ်ချက် တုံ့သွားပြီး Shanyuan ကိုတွန်းဖယ်ကာ အခန်းထဲ ခပ်တည်တည် ဝင်သွားသည်၊

Shanyuan က Xiao Zhan ကို လက်ပိုက်၍ ပြုံးကြည့်ကာ အခန်းတံခါးပိတ်၍ Xiao Zhan အနာက်လိုက်ဝင်လာသည်။

Xiao Zhan က ထိုင်ခံတွင် ခြေချိတ်ထိုင်လိုက်ပြီး လက်ပိုက်ကာ မျက်နှာချင်းဆိုင် ကြည့်လိုက်၍

"Shanyuan....ပုံတွေ ဘယ်မှာလဲ"

Shanyuan က ကုတင်ပေါ်တွင် အေးအေးဆေးဆေး ခြေချိတ်လိုက်ပြီး Xiao Zhan ကို ဘာမှမပြောဘဲ ပြုံး၍ စိုက်ကြည့်နေသည်။

Shanyuan ၏ အကြည့်စူးစူးကြောင့် Xiao Zhan ကြောထဲ စိမ့်တက်သွားပြီး ကြက်သီးများထလာသဖြင့် မြန်မြန်အကြည့်လွဲလိုက်ကာ တုန်ယင်နေသော နှုတ်ခမ်းလေးကို ကိုက်ထားလိုက်သည်။

"မင်းလာတာကို Wang Yibo သိလား"

"မ..သိ..ဘူး....."

"ဒါဆို သူ့ကိုပို့ပေးလိုက်တာပေါ့ မင်းငါ့ဆီရောက်နေတဲ့အကြောင်း"

Paper White Heart🔞 (Zawgyi+Unicode)Wo Geschichten leben. Entdecke jetzt