အပိုင်း ၃

15.2K 917 4
                                    

နှလုံးသားဖြူဖြူ

အပိုင်း ၃

ထိုနောက်ပိုင်းတွင် ​နေ့စဉ်နေ့တိုင်း Yibo သွားရာနေရာသို့ Xiao Zhan လိုက်ရသည်။

Yibo က အလုပ်များသူဖြစ်၍ တစ်နေရာမှတစ်နေရာ ကူးပြောင်းနေရသူဖြစ်ကာ Xiao Zhan ကတော့ Yibo နောက်လိုက်ရင်း ချောင်တစ်ချောင်ချောင်တွင် ဝင်၍ အိပ်ငိုက်နေတတ်သည်။

ရုပ်ရှင်ရိုက်ပြီး၍ နားနေချိန်ဖြစ်ဖြစ် Variety show အားလပ်ချိန်ဖြစ်ဖြစ် သီချင်းဆိုပြီးတိုင်း Backstage ရောက်ချိန်ဖြစ်ဖြစ် အားလပ်ချိန်တိုင်း တွင် Yibo က သူ့အနားအမြဲ ရောက်လာတတ်ကာ သူ အမြဲ ထည့်လာသော Green tea ကို လုလု သောက်တတ်လေသည်။

ဟိုတစ်ခေါက် ဓာတ်လှေကားကိစ္စဖြစ်ပြီးနောက်ပိုင်း နှစ်ယောက်စလုံးက မသိသလိုနေလိုက်ကြသည်မို့ ထိုအဖြစ်အပျက်ကို Xiao Zhan တဖြည်းဖြည်းမေ့သွားသည်။

နှစ်ယောက်သားနေသည့်နေရာက အတူတူမို့ ညနေတိုင်း Yibo ပြီးသည့်အထိစောင့်ပြီးမှ Yiboကားနှင့်အတူ Xiao Zhan လဲ အိမ်ပြန်တတ်လာလေသည်။ 

Yibo ကလဲ သူ့ကတိအတိုင်း အခန်းထဲထိလိုက်မဝင်သော်လည်း Xiao Zhan အခန်းတံခါးပိတ်ပြီးမှ သူ့အခန်းထဲ သူဝင်လေသည်။

ရုပ်ရှင်နားချိန်ဖြစ်၍ ချောင်တစ်ချောင်တွင် အိပ်ငိုက်နေသော သူ့အနား Yibo ရောက်လာလေသည်။

ရှပ်အကျီအစိမ်းရောင် ဂျင်းဘောင်းဘီနှင့် ခပ်ရိုးရိုးကောင်လေးတစ်ယောက်အသွင်ဖမ်းထားကာ မျက်နှာမှာလဲ ခပ်ပါးပါးလေးသာ လိမ်းခြယ်ထားသဖြင့် ရုပ်ရှင်မင်းသားတစ်ယောက်နှင့်မတူဘဲ ​ဆယ်ကျော်သက်လေးတစ်ယောက်လို ဖြစ်နေသည်။

"သောက်ပြန်ပြီ မင်းဘာသာမင်း ယူလာခဲ့ပါလား

ဆရာဝန်ဆီက green tea ကိုနေ့တိုင်း လုသောက်ရတာပျော်လား"

"ကော က ကျွန်တော့ခန္ဓာကိုယ်ကို ဂရုစိုက်နေရတဲ့သူဘဲ

ကျွန်တော် ကျန်းမာနေရင် ပိုကောင်းတာဘဲ မဟုတ်ဘူးလား"

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now