အပိုင်း ၁

60.2K 1.5K 74
                                    

နှလုံးသားဖြူဖြူ (၁)

အပိုင်း ၁

~တရုတ်နိုင်ငံ ဘေကျင်းမြို့ W private ဆေးရုံ~

Duty coat ဖြူလွှလွှကို ဝတ်ဆင်ထားကာ လက်ကိုင်အိတ်ကို လက်မှာဆွဲလျက် တက်ကြွသော ခြေလှမ်းအစုံဖြင့် သူ လျောက်လှမ်းလာကာ ဆေးရုံရှေ့တွင် ရပ်လိုက်၍ ဆေးရုံဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။

"W Private Hospital"

ရွှေရောင်ဖောင်းကြွစာလုံးများနည်းတူ ဆေးရုံကြီးမှာ ကြီးကျယ်ခမ်းနားလျက်ရှိသည်။

ဆေးရုံအဝင်ဝသို့ခြေလှမ်းပြင်လိုက်ပြီမှ သူ တစ်ချက် ရပ်တန့်သွားမိသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဆရာဝန်ဘဝကို မုန်းတီးခဲ့မိ၍ ဆေးရုံမှ သူ ရှောင်ပုန်းထွက်ခွာပြေးခဲ့ဖူးသည်။

အခု သူ ဆေးရုံရှေ့သို့ တဖန် ပြန်ရောက်ရှိခဲ့လေပြီ။

ပျော်သလိုလို ငိုချင်သလိုလို ခံစားချက်များဖြင့် ခြေလှမ်းလှမ်းလိုက်တိုင်း အသက်ရှူမဝသလို ရင်တလှပ်လှပ်ဖြစ်ကာ ခြေဖျားလက်ဖျားဖျားအေးစက်လာလေသည်။


"ကျွန်တော်က ဒီနေ့မှ အလုပ်စဝင်တဲ့ Dr.Xiao Zhan ပါ"

Reception မှ မိန်းကလေးက ပြုံး၍ ​ခေါင်းညိတ်ပြပြီး အပေါ်ဆုံးအထပ်သို့ တက်သွားရန်ပြောလေသည်။

W ​ဆေးရုံမှာအတွင်းရောအပြင်ရော ဆေးရုံအဆောက်အဦးတစ်ခုလုံး ခမ်းနားတောက်ပလျက်ရှိရာ သူ မျက်တောင်မခတ်နိုင်ဘဲ လှည့်ပတ်ကြည့်နေမိသည်။

ခမ်းနားလိုက်တာ ဟု စိတ်ထဲမှ ရေရွတ်ရင်း သူ့လို ဆရာဝန်တစ်ယောက်ကို ချက်ချင်းကောက်ခန့်လိုက်တာ ဟုတ်ရောဟုတ်ရဲ့လား ဟု သူ မယုံနိုင်ဖြစ်နေမိသည်။

"ဒီဆေးရုံမှာ ငါအလုပ်ရတာ ကံကောင်းတာဘဲ"

သူ တိတ်တခိုးရေရွတ်ပြီး ဓာတ်လှေကားထဲ ဝင်ရန် ဟန်ပြင်လိုက်စဉ် လုံခြုံရေးဝန်ထမ်းတစ်ယောက်က လက်ကာပြ၍

Paper White Heart🔞 (Zawgyi+Unicode)Where stories live. Discover now