Chapter 34

1.6K 242 23
                                    

Unicode

Chapter 34 - ထောင်ချောက်ဆင် အငိုက်ဖမ်းခြင်း

__________________

ညနေခင်း၌ ချင်ကျုံးယွဲ့နေရာသို့ ပြန်လာပြီးနောက် ရှဲ့ကျုံ့ရှင်း တစ်ဖက်လူကို သူ၏လုပ်ဆောင်မှုအတွက် ဆုအနေဖြင့် ဂိမ်းနာရီဝက်ကစားခွင့်ပြုလိုက်လေသည်။

သူ၏ငယ်ရွယ်တက်ကြွသောစွမ်းအင်တို့အပြင် ချင်ကျုံးယွဲ့သည် ဂိမ်းတွေနှင့်ပတ်သက်၍လည်း အတော်လေးအစွဲအလမ်းကြီးသော်ငြား ဒီတစ်ကြိမ်မှာတော့ သူက လေးလေးနက်နက်ပြောလာ၏
“ငါဂိမ်းမဆော့ချင်ဘူး၊ ငါစာလုပ်ချင်တယ်!”

ယင်းကို ရှဲ့ကျုံ့ရှင်းကြားသော် အနောက်လှည့်ကာ တစ်ဖက်လူ၏မျက်ဝန်းတွေထဲ စိုက်ကြည့်၍
“မင်းတကယ်မဆော့တော့ဘူးပေါ့?”

ချင်ကျုံးယွဲ့က တည်ကြည်လေးနက်စွာပင် ခေါင်းညိတ်လျက်
“မဆော့တော့ဘူး။ တစ်လပဲကျန်တော့တာလေ။ ငါပိုပြီးကြိုးစားသင့်တယ် ငါ့အချိန်ကို ဂိမ်းတွေပေါ်မှာ မဖြုန်းတီးသင့်ဘူးလေ”

ရှဲ့ကျုံ့ရှင်းရင်ထဲထိရှသွားရ၏
“မင်းတကယ်အဲ့လိုတွေးတာလား”

ချင်ကျုံးယွဲ့က ထပ်မံခေါင်းညိတ်ကာ
“အလုပ်မကြိုးစားတဲ့ယောက်ျားတွေက ဘဝမှာ နေရာကောင်းကောင်းရမှာ မဟုတ်ဘူး”

ရှဲ့ကျုံ့ရှင်းက ခပ်ဖွဖွလေးရယ်မောကာ
“ဒီလိုစိတ်ဓာတ်မျိုးနဲ့ဆို မင်းဝင်ခွင့်မရခဲ့ရင် ငါလဲစာရင်းမပေးတော့ဘူး”

ချင်ကျုံးယွဲ့ ကြက်သေ,သေသွားရလျက်
“အဲ့လိုမလုပ်ရဘူး မင်းက ဘာလို့စာရင်းမသွင်းရမှာလဲ? မင်းဝင်ခွင့်ရရင် မင်းစာရင်းသွင်းကိုသွင်းရမယ်!!”

ရှဲ့ကျုံ့ရှင်း : “…ငါပြောချင်တာက၊ အဲ့လိုစိတ်ဓာတ်မျိုးနဲ့ဆို မင်းသေချာပေါက်ဝင်ခွင့်ရလိမ့်မယ်လို့”

ချင်ကျုံးယွဲ့ : “…အိုး”

ရှဲ့ကျုံ့ရှင်း : “မင်း ဂိမ်းမကစားတော့ဘူးဆိုတော့ အခြားတစ်ခုခုလုပ်ကြရအောင်။ စာလုပ်တာနဲ့ အပန်းဖြေတာကြားထဲမှာရှိတဲ့မျှခြေက စွမ်းဆောင်ရည်ကို အမြင့်ဆုံးထိရောက်စေလိမ့်မယ်”

You've reached the end of published parts.

⏰ Last updated: Feb 10 ⏰

Add this story to your Library to get notified about new parts!

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now