Chapter 17

2.2K 435 9
                                    

Unicode

Chapter 17 – ရှစ်နှစ်သားလေး ချင်

________________________

ချင်ကျုံးယွဲ့က အတန်ငယ်ယုံရခက်နေ၏
“မင်းတကယ်ကြီး ငါ့ကိုလိမ်နေတာလား”

သူ ပေါင်မုန့်ထည့်တဲ့အိတ်ကိုကြည့်ပြီးနောက် ရှဲ့ကျုံ့ရှင်းအားပြန်ကြည့်ကာ သဘောပေါက်သွားတော့သည်
“အိုး မင်း ငါနဲ့နောက်ပြောင်နေတာပဲ”

ရှဲ့ကျုံ့ရှင်း သူ့အားခဏမျှကြည့်ပြီးနောက် သူ့ပေါင်မုန့်လက်ကျန်ကို အပြီးဖြတ်ရန် ခေါင်းကိုပြန်ငုံ့လိုက်သည်။ သူ့လက်ချောင်းမှ ပေါင်မုန့်အစအနလေးတွေကို လျှက်လိုက်ပြီးနောက် မတ်တပ်ရပ်ကာ ပြောလိုက်၏
“လမ်းဖယ်ပေးပါအုံး”

ချင်ကျုံးယွဲ့မတ်တပ်ရပ်လိုက်ပြီး သူ ရေထည့်ဖို့အတွက် ရေထုတ်စက်ဆီသို့ သူ့ဓာတ်ဘူးယူသွားတာအား ကြည့်နေလိုက်သည်။ ယင်းနောက် ရှဲ့ကျုံ့ရှင်းက ဓာတ်ဘူးအဖုံးထဲသို့ ရေနွေးအချို့လောင်းထည့်ပြီး အလုတ်ရေအနည်းငယ်သောက်လိုက်လေသည်။

ချင်ကျုံးယွဲ့မေးကြည့်လိုက်၏
“အဲ့ပေါင်မုန့်လေးနှစ်ခုတည်းနဲ့၊ မင်းဗိုက်မဆာဘူးလား”

ရှဲ့ကျုံ့ရှင်းပြောလိုက်သည်
“မဆာဘူး”

ချင်ကျုံးယွဲ့ ထပ်မံမမေးရဲတော့တာကြောင့် အကြောင်းအရာပြောင်းကာ ဖုတုန်းလင်၏မိသားစု ဒေဝါလီခံလိုက်ရသည့်အကြောင်းအား ရှဲ့ကျုံ့ရှင်းကို ပြောပြလိုက်သည်။ ထိုအကြောင်းပြောနေတဲ့အချိန် သူခပ်သာသာလေးမှတ်ချက်ပေးလိုက်သေး၏
“အဲ့တန်ဖိုးလောက်လေးပဲဆိုတော့၊ အားလုံးက သုံးရက်တည်းနဲ့ပြီးသွားတယ်။ သူဘာလို့ ကြီးကျယ်မြင့်မြတ်သလို ပြုမူနေမှန်းတောင် ငါမသိတော့ဘူး၊ ဟမ့်”

ရှဲ့ကျုံ့ရှင်းတန့်သွားပြီး သူ့အားမော့ကြည့်လိုက်သည်။

ချင်ကျုံးယွဲ့က သူ့အကြည့်ကို ခံစားနိုင်တာကြောင့် တစ်မုဟုတ်ချင်းပင် ရင်ဘတ်ကော့လိုက်၏။ ဒါကို လုပ်ခဲ့သူက ချင်ရှန့်ချန်ဖြစ်သော်ငြား ချင်ရှန့်ချန်လုပ်ခဲ့တယ်ဆိုတာက သူလုပ်ခဲ့တာနဲ့ ညီမျှနေတာပဲလေ! သူ့အတွက် ဒီဂုဏ်ပြုမူကို သူလက်ခံဖို့ဆန္ဒရှိတယ်!

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now