Chapter 7

2.8K 489 7
                                    

Unicode

Chapter 7 - စိတ်ကြီးသောမိန်းကလေး
___________________

ကျောင်းလွှတ်ပြီးနောက် မွန်းလွဲပိုင်းတွင် ရှဲ့ကျုံ့ရှင်းက ရုံးခန်းထဲသို့ ဝမ်ယွီရွှယ်၏အခေါ်ခံလိုက်ရသည်။

ရှဲ့ကျုံ့ရှင်း ရုံးခန်းထဲသို့ ဝင်,ဝင်ချင်း သူ့ပေါ်ကျရောက်လာသည့် လောင်ရှီးများစွာရဲ့အကြည့်တွေကို ခံစားလိုက်ရပြီး သူတို့မျက်လုံးထဲတွင် သိသာသောစာနာသနားမှုတို့ ပါဝင်နေလျက်။

ရှဲ့ကျုံ့ရှင်းက တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် မျက်ဝန်းတို့အားနှိမ့်ဆင်းကာ ဝမ်ယွီရွှယ်ဘက်ခြမ်းသို့ လျှောက်သွားလိုက်၏။ သူတိုးညင်းသောအသံလေးဖြင့် ခေါ်လိုက်သည်
"ဝမ်လောင်ရှီး"

ဝမ်ယွီရွှယ်က အခြားသူတွေကို တစ်ချက်ကြည့်ပြီးနောက် ရှဲ့ကျုံ့ရှင်းအား ကြည့်လိုက်၏။ သူမစကားလုံးတွေကို သေသေချာချာလေးတွေးတော၍ စကားလုံးအရေအတွက်အနည်းဆုံးအား အသုံးပြုကာ ရှဲ့ကော်ရွှီ သူမကိုရှာဖွေသည့် ကိစ္စရပ်ကို ရှင်းပြလိုက်သည်။

မည်သို့ပင်ဆိုစေ ရှဲ့ကျုံ့ရှင်းက ယင်းကိုကြားသည့်အချိန် မအံ့သြသွားခဲ့။

တကယ်တော့ သူသာ သူ့မိသားစုကို လိမ်ညာရန် ဝမ်ယွီရွှယ်နှင့် လက်မတွဲခဲ့ပါက စစတည်းက သူအထက်တန်းကျောင်းကို မတက်ရောက်နိုင်ခဲ့တာမျိုး ဖြစ်ကောင်းဖြစ်သွားလောက်သည်။

ရှဲ့ကော်ရွှီနှင့်ထိုသူတို့အတွက် သူမည်သည့်မျှော်လင့်ချက်ကိုမှ မထားခဲ့ဖူးပေ၊ သူအတိတ်မှာ တစ်ကြိမ်လောက်ထားခဲ့ဖူးရင်တောင်မှ အခုဒီအသက်အရွယ်ဖြင့် သူဘာကိုမှ ထပ်မံမမျှော်လင့်တော့။

ဝမ်ယွီရွှယ်မေးလိုက်၏
"လောင်ရှီးဘက်ကတော့ အသည်းအသန်ငြင်းခဲ့တာပဲ၊ ဒါပေမဲ့ အဲ့အစား သူကျောင်းကိုရောက်လာမှာကို လောင်ရှီးစိုးရိမ်နေတာ။ အဲ့အချိန်ရောက်လာရင်......"

ကျန်စကားလုံးတွေကို သူမဆုံးအောင်မပြောလိုက်ပေမဲ့ သူမဘာကိုပြောဖို့ကြိုးစားနေမှန်း ရှဲ့ကျုံ့ရှင်းလည်းသိပေသည်။

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now