Chapter 22.4

2.1K 493 11
                                    

Unicode

Chapter 22.4 – လောင်ဖောကို ကာကွယ်ပေးတဲ့ဘေဘီယွဲ့ + ငါ့ကိုနမ်း [Four chapters in one]

_______________________

သူ၏ဤလုပ်ဆောင်မှုကြောင့် လူတိုင်းပြောစရာစကားမဲ့သွားရသည်။

လျိုရှို့က ကျယ်လောင်စွာဟစ်အော်လာ၏
“နင်ဘာတွေလုပ်နေတာလဲ?! နင်ဘယ်သူ့ကိုဖုန်းခေါ်နေတာလဲ?! နင်ခုနက ဘယ်သူ့ကိုခေါ်လိုက်တာလဲလို့!”

ချင်ကျုံးယွဲ့ တစ်ဖက်လူအား လိပ်စာပေးလိုက်ပြီးနောက် ဖုန်းခေါ်ဆိုမှုအားအဆုံးသတ်ကာ လျိုရှို့ကို အပြုံးလေးဖြင့်ပြောလိုက်သည်
“ခင်ဗျား ကျွန်တော်ပြောတာမကြားလိုက်ဘူးလား? ကျွန်တော်က အသံလွှင့်ရုံကိုခေါ်လိုက်တာလေ။ ကျွန်တော်က မြို့တော်Aရဲ့အသံလွှင့်ရုံဒါရိုက်တာနဲ့ အတော်လေးရင်းနှီးတယ်၊ သူက ကျွန်တော့်ကောတစ်ယောက်ပဲလေ။ ကျွန်တော်က သူ့ကို ဒီနေရာဆီ လူတစ်ယောက်လောက်လွှတ်ပြီး ခင်ဗျားကိုအင်တာဗျူးခိုင်းမို့။ ဘယ်လိုလဲ? အဲ့လိုဆို ခင်ဗျားကျော်ကြားလာတော့မှာနော်။ သတင်းစာတွေထဲမှာ ခင်ဗျားနာမည်ပဲ ပေါ်လာမှာမဟုတ်ဘဲ ခင်ဗျားကလဲ TVပေါ်မှာ ပေါ်လာအုံးမှာ! ခင်ဗျားရဲ့နိုင်ငံအတွင်းပွဲဦးထွက်မှုအတွက် ဂုဏ်ပြုပါတယ်နော်!”

လျိုရှို့နဲ့ ရှဲ့ကော်ရွှီက ထို‘ပွဲဦးထွက်မှု’ဟာ ဘာကိုဆိုလိုမှန်းမသိပေမဲ့ ထိုစာသားလေးတစ်ခုတည်းဆီကတောင်မှ ထိုအရာက ကောင်းမွန်တဲ့အရာတစ်ခုမဟုတ်မှန်း သူတို့ပြောနိုင်လေ၏။ သူမအော်ဟစ်လိုက်ပြီးနောက် သူ့ရှပ်အားဆွဲကာ သူ့ကိုရိုက်ဖို့ပြင်လိုက်သည်
“နင် ဘာလို့ အဲ့လိုလုပ်နိုင်ရတာလဲ?! ဒါက ငါတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ! နင့်လိုအပြင်လူက ဘာလို့ လိုက်နှောင့်ယှက်နေရတာလဲ! မြန်မြန်လေး သူတို့ကို ဒီမလာဖို့လှမ်းပြောလိုက် မဟုတ်ရင် ငါနင့်ကို ရဲတိုင်ပစ်မယ်!”

ချင်ကျုံးယွဲ့ စိတ်ပျက်မှုအချို့ဖြင့်ပြောလိုက်၏
“ဖြည်းဖြည်းလုပ်ဗျ ဒါက အကန့်အသန့်ထုတ်ပစ္စည်းနော်! ထပ်ဝယ်လို့မရနိုင်တော့ဘူး!”

ရှဲ့ကော်ရွှီက သူမအား ခပ်မြန်မြန်လှမ်းဆွဲထားလိုက်သည်။ သူ့လေသံက အတော်အတန်ညင်သာသွားပြီး
“ထုံးရွှယ်လေး၊ မင်း သူတို့ကို နောက်တစ်ခေါက်ဖုန်းထပ်ခေါ်ပေးလို့ရမလား? ငါတို့နောက်ထပ်ကျောင်းမထုတ်တော့ပါဘူး အဲ့ဒါကြောင့် သူတို့ကိုမလာဖို့ပြောပေးပါနော်။ ငါတို့သွားတော့မယ် ငါတို့အခုပြန်ပါတော့မယ်”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Tahanan ng mga kuwento. Tumuklas ngayon