Chapter 20

2.2K 471 25
                                    

Unicode

Chapter 20 – ညီအစ်ကိုကောင်း!

________________________

ရှဲ့ကျုံ့ရှင်း သူ၏လေ့ကျင့်ရေးစာရွက်နှင့်အတူ အထဲသို့ပြန်ဝင်သွားလိုက်သည်။

လောင်နီက ကြင်နာစွာ မေးလာ၏
“မေးလို့ပြီးသွားပြီလား”

ရှဲ့ကျုံ့ရှင်း တည်ငြိမ်စွာပင် အဖြေပြန်ပေးလိုက်သည်
“မပြီးသေးဘူး”

လောင်နီကမျက်ခုံးပင့်ကာ
“ဒါဆို မင်းဘာလို့ ဆက်မမေးတာလဲ”

ရှဲ့ကျုံ့ရှင်း : “ပိုက်ဆံကုန်တယ်”

ဒါကိုကြားသည့်လောင်နီက သဘောကျတဲ့ပုံစံကို ဖော်ပြလာပြီး
“ဒီလောက်က ဘာမှမဟုတ်ပါဘူးကွာ။ မင်းမေးချင်ရင် ဆက်မေးလို့ရတယ်”

ရှဲ့ကျုံ့ရှင်းက ကမ်းလှမ်းမှုအား ငြင်းဆန်လိုက်၏
“မလိုပါဘူး။ ကျေးဇူးပဲ”

သူပြန်ထိုင်လိုက်ပြီး သူ့လေ့ကျင့်ခန်းတွေကို ဆက်လုပ်နေလိုက်သည်။ သူ့နောက်တွင်ရပ်နေသည့်လောင်နီက သူစာလုပ်နေတာကို အချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပေမဲ့ တစ်လုံးမျှနားမလည်ချေ။

သိပ်မကြာခင်မှာပဲ လျိုရှို့က သူတို့နေလယ်စာအား ပြင်ဆင်လို့ပြီးသွားခဲ့လေသည်။

သူက အပြုံးတစ်ပွင့်နှင့်အတူ စားပွဲဆီသို့ ဟင်းလျာတွေကို ယူလာကာ လောင်နီနှင့်အခြားဧည့်သည်တစ်ယောက်အား ထမင်းစားပွဲတွင် လာထိုင်ကြရန် ခေါ်လိုက်၏။ သူမသည်လည်း ယနေ့တွင် မိခင်တစ်ယောက်၏ကဏ္ဍကို ပုံဖော်ဝင်ကစားနေလေရာ ရှဲ့ကျုံ့ရှင်းကိုလည်း ထိုသို့ပင်ပြုံးပြလာပြီး
“ထမင်းသွားယူလိုက်၊ မင်းလက်တွေကို ဆေးဖို့သတိရအုံးနော်”

ရှဲ့ကျုံ့ရှင်းက ဗိုက်မဆာပေမဲ့ သူ့ကိုပြောတဲ့အတိုင်းလုပ်လိုက်ဆဲဖြစ်ကာ ယင်းနောက် စားပွဲတစ်ဖက်ခြမ်း၌ ထိုင်ချလိုက်၏။

ရှဲ့ကော်ရွှီက ဝိုင်တစ်ပုလင်းဖောက်လိုက်ပြီး လောင်နီနှင့်အခြားသောဧည့်သည်တို့အတွက် လောင်းထည့်ပေးလိုက်သည်။ ၎င်းနောက် သူက ရှဲ့ကျုံ့ရှင်းအားကြည့်ကာ နဂိုသူ၏မှုန်မှိုင်းနေသောအသွင်အပြင်က အခုတော့များစွာပြေလျော့သွားသော်ငြား သူ့လေသံက တောင့်တင်း၍ ခပ်တန်းတန်းဖြစ်နေဆဲပင်
“သောက်မလား?”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now