Chapter 13

2.4K 442 7
                                    

Unicode

Chapter 13 – ပြိုင်ဘက်ကင်းသူရဲကောင်း

______________________

ဧပြီအစောပိုင်းမှာ ရာသီဥတုက အနည်းငယ်အေးနေဆဲဖြစ်ပေမဲ့ နေ့လယ်ပိုင်းမှာတော့ နွေးနေတတ်သည်။ မနက်ခင်းပိုင်းမှာ အဝတ်နှစ်ထပ်နဲ့အပေါ်ကုတ်အနွေးထည်တစ်ခု ဝတ်ရပြီး မွန်းတည့်ချိန်မှာတော့ တစ်ထပ်တည်းသာ ကျန်ခဲ့တတ်၏။

အားကစားသမားတွေက ပိုပြီးတော့တောင် လွန်ကဲသေးသည်။ သူတို့က ကွင်းထဲ၌ရှိနေစဉ်ပင် အရာအားလုံးကို တိုက်ရိုက်ဆွဲချွတ်တတ်ကြလေသည်။

နန်းယန်အထက်တန်းကျောင်းက ကြွယ်ဝပြည့်စုံတာမို့ သူတို့အားကစားကွင်းက လွန်စွာကျယ်ဝန်းလှပြီး ရာဘာပြေးလမ်းတွေနဲ့ မြက်ခင်းစိမ်းကြီးတွေကလည်း အရည်အသွေးမြင့်တွေပင်။

အားကစားကျောင်းသားတွေကို အများအားဖြင့် အားကစားကွင်းထဲမှာ လေ့ကျင့်ပေးလေ့ရှိပြီး ကာယဆရာဖြစ်သူ ရှီကျင်းက ကွင်းဆင်းလေ့ကျင့်ရေးလုပ်ဆောင်မှုတွေ၏ တာဝန်ရှိသူများထဲမှ တစ်ယောက်ဖြစ်သည်။

ဖုတုန်းလင်က အရပ်ရှည်ပြီး သန်မာသလို ခံနိုင်အားလည်းကောင်းမွန်တာကြောင့် တာတိုပြေးပွဲနှင့် တာဝေးပြေးပွဲတို့တွင် သူ၏လုပ်ဆောင်ချက်က အရမ်းပင်ကောင်းမွန်လှ၏။ ရှီကျင်းက သူ့အတွက် မျှော်လင့်ချက်မြင့်မြင့်မားမားထားထားတာမို့ လက်ရှိက ဖုတုန်းလင်၏ဆိုင်းငံ့ကာလဖြစ်နေသော်ငြား သူပြန်ခေါ်နေရခြင်းပင်။

ဖုတုန်းလင်ရောက်လာတဲ့အချိန် သူ့ကြည့်ရတာ အနည်းငယ်ညှဉ်းသိုးမှိုင်းထိုင်းနေသလို။

ရှီကျင်းက သူ့အားပြောလိုက်သည်
“အရင်ဆုံးသွေးပူအောင်လုပ်လိုက်၊ ပြီးရင် ငါတို့ မင်းကိုစစ်ဆေးကြည့်မယ်”

ဖုတုန်းလင်က သဘောတူသံပြုလိုက်ပြီး မကြာခင်၌ သူစစ်ဆေးခံလိုက်ရသည်။ ရှီကျင်းက လွန်စွာမကျေမနပ်ဖြစ်နေလေ၏
“ရက်နည်းနည်ပဲရှိသေးတာကို မင်းကိုယ်မင်းပြန်ကြည့်အုံး။ ဒီရလဒ်တွေက ဘာတွေလဲ? ဒီလိုရလဒ်မျိုးနဲ့ မင်းကစစ်ဆေးမှုလုပ်ချင်နေတာလား”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now