Chapter 24.2

2.2K 498 14
                                    

Unicode

Chapter 24.2 – အပြစ်ကင်း၊ဖြူစင်တဲ့လူငယ်လေးကို ကယ်တင်ခြင်း
___________________________

ဟွမ်ကျင့်နန် ရုံးခန်းထဲမှထွက်ကာ သူမပါတနာလီကွေးရှိနေတဲ့ဆေးလိပ်သောက်ခန်းထဲသို့ ဦးတည်သွားလိုက်၏။

လီကွေးက ဟွမ်ကျင့်နန်လာတာကိုမြင်လိုက်ရချိန် သူ့စီးကရက်အား အလိုအလျောက်ငြိမ်းသတ်လိုက်ချင်မိပေမဲ့ တစ်ဖက်လူက သူမအိတ်ကပ်ထဲကနေ စီးကရက်ပါးတစ်လိပ်ထုတ်ယူကာ မီးညှိပြီးနောက် ကျွမ်းကျွမ်းကျင်ကျင်တစ်ရှိုက်ဖွာလိုက်သည်ကိုသာလျှင် မြင်လိုက်ရလေသည်
“ကလေးယူဖို့ ကြိုးစားနေတာ မဟုတ်ဘူးလား? အဲ့ဒါကို ဆေးလိပ်သောက်နေတုန်းပေါ့?”

ဟွမ်ကျင့်နန်ပြောလိုက်သည်
“ထပ်မကြိုးစားတော့ဘူး”

လီကွေးမေးလိုက်၏
“အဲ့တော့ ရှန့်ကောက သဘောတူလား”

ဟွမ်ကျင့်နန် တည်တည်ငြိမ်ငြိမ်ပင် ဖြေလာခဲ့သည်
“သူဖောက်ပြန်နေတယ်”

လီကွေး : “……”

လေထုက ရုတ်ခြည်းပင် ကိုးရိုးကားရားဖြစ်သွားတော့သည်။

ဟွမ်ကျင့်နန်က ဦးစွာစကားဆိုလာ၏
“Cageကောက ဟိုကျောင်းထုတ်တဲ့ကိစ္စကို ဆက်တင်ပြဖို့ ငါတို့ကိုပြောထားတယ်။ နင့်မှာ ဘာအတွေးရှိလဲ”

လီကွေးက ခဏမျှတွေးတောကာ
“အခုလက်ရှိမှာတော့ ကြည့်ရှုသူတွေအများကြီးက hotlineကို ဖုန်းခေါ်ပြီး ရှဲ့ကျုံ့ရှင်းရဲ့အမေရင်းက ဘယ်သူမှန်းသိချင်နေကြတယ်။ ငါတို့အဲ့လမ်းကြောင်းကို စုံစမ်းလို့ရနိုင်မယ်ထင်တယ်။ အဲ့ဒါက ခေါင်းစဉ်ကြီးဖြစ်သွားလိမ့်မယ်”

“ငါတို့သတင်းဌာနက အချိန်အတော်ကြာ threadတစ်ခုတည်းကနေ မှီခိုထိန်းသိမ်းထားရတာ။ ကောလိပ်ဝင်ခွင့်စာမေးပွဲက နောက်လအနည်းငယ်အတွင်း ကျင်းပတော့မယ်။ ရှဲ့ကျုံ့ရှင်းသာ တကယ်ပဲ စီရင်စုပထမဖြစ်လာခဲ့ရင် ဒီဖြစ်ရပ်ကို နောက်တစ်ကြိမ်ထပ်သုံးနိုင်ပြီးတော့ ပိုပြီးအာရုံစိုက်မှုရလာမယ်၊ ရုပ်သံလွှင့်ဌာနကလဲ ငါတို့သတင်းဌာနကို အွန်လိုင်းဆီပြောင်းရွှေ့ပေးဖို့ ဆန္ဒရှိလာလိမ့်မယ်။ Cageကောက ငါ့ကိုကတိပေးထားတယ်၊ အဲ့လိုတကယ်ကျော်ကြားလာမယ်ဆိုရင် ငါတို့နှစ်ယောက်ကို websiteတစ်ခု စီမံဖို့ပေးမယ်ဆိုပြီးတော့။ ငါတို့နှစ်ယောက်တည်းအတွက်ပဲ”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now