Chapter 11

2.6K 463 4
                                    

Unicode

Chapter 11 – နုံအရိုးစင်းသောကောင်လေး
______________________

ရှဲ့ကျုံ့ရှင်းကြည့်ရတာ တစ်ခုခုကို သတိပြုမိသွားပုံပေါ်ပြီး ချင်ကျုံးယွဲ့နှင့်ကျုံးယိမင်တို့ကို လှမ်းကြည့်လာလေသည်။ ချင်ကျုံးယွဲ့၏ဒေါသအပြည့်မျက်ဝန်းတွေနှင့်ဆုံတွေ့လိုက်ရတော့ ရှဲ့ကျုံ့ရှင်းအတန်ငယ်အံ့သြမိသွား၏။

“……ရွှယ်ကျန်း၊ ရွှယ်ကျန်းရဲ့ညီလေးက အခု ညီမရဲ့ကျဲကျဲနဲ့ ချိန်းတွေ့နေတာပါ။ ညီမတို့မိဘတွေက ညီမတို့ငယ်ငယ်လေးကတည်းက ကွာရှင်းလိုက်ကြပြီး သူက မားနဲ့လိုက်သွားပေမဲ့ မားကအမြဲတမ်းသူ့အပေါ်မှာဆို အတော်လေးခက်ထန်တာမို့ သူကချစ်ခြင်းမေတ္တာနည်းနည်းလောက် ကင်းမဲ့နေခဲ့တာ။ ရှဲ့ဇီအန်းက သူ့ကိုစလိုက်တဲ့အချိန် သူက သူမအတွက် မနက်တိုင်းမနက်စာဝယ်ပေး၊ သူမကိုစားစရာတွေရေတွေရအောင် ကူညီပေးပေမဲ့ သူတို့နှစ်ယောက်တွဲပြီးသွားတာနဲ့ သူက သူ့စရိုက်အမှန်ကို စပြလာတယ်။ သူကအမြဲတမ်း ညီမရဲ့ကျဲကို သိမ်ငယ်စေပြီး သူမကို ခံစားချက်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တယ်၊ သူကအချိန်အများစုမှာ သူမကိုဆိုးဆိုးရွားရွားဆက်ဆံပေမဲ့ သူက သူမကိုနည်းနည်းလောက်ပိုကောင်းကောင်းဆက်ဆံလိုက်တာနဲ့ ကျဲက ထပ်ပြီးအရူးအမူးဖြစ်သွားပြန်ရော။ သေချာတာပေါ့ ညီမက ရွှယ်ကျန်းကို ကွန်ပလိန်းတက်ဖို့ ဒီအကြောင်းပြောပြနေတာ မဟုတ်ပါဘူး၊ တစ်နေ့တုန်းက ရှဲ့ဇီအန်းက ရွှယ်ကျန်းကိုရှာဖို့ ဒီကျောင်းကိုလာခဲ့ပေမဲ့ ရွှယ်ကျန်းက တစ်တန်းလုံးအဆင့်တစ်လို့ ညီမက သူ့ကိုပြောလိုက်တော့ သူထွက်သွားတယ်။ ရွှယ်ကျန်းအတွက် ညီမပြဿနာဖြစ်သွားစေမိမှာစိုးလို့ ရွှယ်ကျန်းကိုအဲ့အကြောင်းလာအသိပေးတာပါ ဒါပေမဲ့ ဒုတိယနှစ်နဲ့တတိယနှစ်ကို အထပ်နှစ်ထပ်ခြားထားတော့ ညီမအခွင့်အရေးမရဘူး ဖြစ်နေတာ……”

ကျင်းခွေက ရှင်းရှင်းလင်းလင်းနှင့်မြန်မြန်ဆန်ဆန်ပြောချသွားကာ သူမစကားလုံးတွေကို စက်သေနတ်လိုမျိုး ပစ်ထုတ်နေသကဲ့သို့ပင်။

ရှဲ့ဇီအန်းက ဘာလို့ရုတ်တရက်ကြီးသူ့ကျောင်းလွယ်အိတ်ကို လှန်လှောနေလဲဆိုတာကို ရှဲ့ကျုံ့ရှင်းအခုတော့ နားလည်သွားချေပြီ။

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now