Chapter 26

2.4K 439 11
                                    

Unicode

Chapter 26 – ငါမင်းကို ကြယ်ပင်လယ်ပေးမယ်

______________

မြို့တော်Aမှ ဝေးကွာသည့်အိမ်ခြံဝင်းဟောင်းတစ်ခု၌ သပ်ရပ်ကြော့ရှင်းစွာဝတ်ဆင်ထားတဲ့အမျိုးသမီးက TVအားပိတ်လိုက်ပြီး သူမလက်ချောင်းတွေကို ဝမ်းဗိုက်ပေါ်ယှက်တင်ထားလျက်ဖြင့် အတွေးနက်နေပုံပင်။

အတော်လေးငယ်ရွယ်တဲ့ ခံ့ခံ့ညားညားအမျိုးသားတစ်ယောက်က သတိရှိစွာဖြင့် ခေါ်လိုက်သည်
“မားကြည့်အုံး…ကျွန်တော်တို့ ဘာလို့သူ့ကိုပြန်မခေါ်ရမှာလဲ? အဆုံးမှာတော့ သူကဟွေဟွေရဲ့သားပဲလေ”

“သူ(မ) သတင်းတွေကို မြင်ပြီးသွားပြီလား” အမျိုးသမီးကြီးက အမူအရာမဲ့စွာဖြင့် မေးလိုက်သည်။

အမျိုးသားကပြန်ပြောလိုက်၏
“မမြင်လောက်သေးဘူး။ သူ့ကိုယ်သူ အခန်းထဲမှာ ပိတ်ထားတာ တစ်လလောက်ရှိပြီ”

အမျိုးသမီးကြီးက နှာခေါင်းရှုံ့လိုက်သည်
“သူ့မျက်နှာက ငါနဲ့ဆင်လို့သာမဟုတ်ရင် သူက ငါ့ကလေးမဟုတ်ဘူးလို့ ငါသံသယရှိနေလောက်ပြီ။ ပေါ်ကျွင်းက အခြားမိန်းမတွေနဲ့လျှောက်ကစားနေတာနဲ့ပဲ သူ့ခန္ဓာကိုယ်ကို သူ့ဘာသာထိခိုက်အောင်လုပ်နေတယ်၊ သူ့မှာဦးနှောက်မရှိတော့ဘူးလား”

အမျိုးသားဖြစ်သူက ခေါင်းငုံ့လိုက်ပြီး စကားမဆိုရဲတော့။

အမျိုးသမီးကြီးက သူမလက်အားဝေ့ယမ်းကာ မောပန်းစွာဖြင့် စကားဆိုလိုက်သည်
“သူ့ကို ဒီအကြောင်းပေးမသိနဲ့။ သူသာသိသွားရင် ပြဿနာသွားရှာလိမ့်မယ်၊ အဲ့လိုဆို ပေါ်ကျွင်းက သူ့ကိုပိုပြီးမကြိုက်ဖြစ်သွားလိမ့်မယ်”

အမျိုးသားက ထပ်မံမအောင့်အည်းထားနိုင်တော့။ သို့ရာတွင် သူ့လေသံက အားဖျော့နေဆဲပင်။

“မား အဲ့ချီးပေါ်ကျွင်းက ပတ်ကစားနေတာ လွန်လွန်းအားကြီးသွားပြီ၊ တရားမဝင်ကလေးတောင် ရထားသေးတယ်လေ။ အဲ့မကောင်းတဲ့မိန်းမတွေက ဟွေဟွေရှေ့မှာ တမင်သက်သက်ကြွားဝါပြနေတာတောင် ချီးပေါ်ကျွင်းက ဂရုမစိုက်ဘူး။ သူက ဟွေဟွေကို လူသားတစ်ယောက်လို မဆက်ဆံဘဲ ခွေးတစ်ကောင်လို ဆက်ဆံနေတာလေ! ကျွန်တော်တို့မိသားစု ဘယ်လောက်ပဲကျဆင်းနေပါစေအုံး ဒီအခြေအနေထိတော့ မကျဆင်းသင့်ဘူးလေ။ မား ကျွန်တော်တို့ ဘာလို့ သူတို့ကိုမကွာရှင်းခိုင်းရမှာလဲ”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now