Chapter 32

2.1K 375 11
                                    

Unicode

Chapter 32 – ဘေဘီယွဲ့၏ပြန်လည်သုံးသပ်မှု

_________________

ဤသို့ဖြင့်ရက်အနည်းငယ်ကုန်လွန်သွားပြီးနောက် သူ၏ဖိအားကိုသည်းခံနိုင်စွမ်းသည် တိုးတက်လာပုံရကြောင်း ချင်ကျုံးယွဲ့ခံစားလိုက်ရသည်။

အနည်းဆုံးတော့ သူ့တွင် မနက်လေးနာရီခွဲတာနှင့်နိုးသည့်ဇီဝနာရီတစ်ခု ဖွံ့ဖြိုးလာသလိုပင်----ရှဲ့ကျုံ့ရှင်း၏အိပ်ရာနှိုးပေးသည့်ဝန်ဆောင်မှုကို သူထပ်မံသည်းမခံနိုင်တော့။

ရှဲ့ကျုံ့ရှင်းက အမြဲလိုလိုအချိန်မှတ်နာရီကို ကိုင်ဆောင်ထားတာကြောင့် သူ၏အချိန်နှင့်ပတ်သက်သည့်သဘောထားဟာလည်း အများကြီးပိုတင်းတင်းကြပ်ကြပ်ရှိလာသလိုပင်။ သူ သတိထားမိသွားချိန် သူ့ဖုန်းကို မထိတာတောင် အချိန်အတော်ကြာခဲ့လေပြီ။

“မင်းရဲ့အခြေခံလုပ်ဆောင်ချက်တွေက အခုအများကြီးပိုကောင်းလာပြီ။ ပြီးခဲ့တဲ့ဒီရက်အနည်းငယ်အတွင်း အဲ့သဘောတရားတွေကို အလွတ်ကျက်မှတ်တာက အသုံးဝင်သွားပုံပဲ”

ရှဲ့ကျုံ့ရှင်း လွန်စွာကျေနပ်နေလေ၏။

တစ်ဖက်လူက သူ့အားဆုပေးချင်လာမှာကို ချင်ကျုံးယွဲ့ကြောက်တာကြောင့် သူခပ်သွက်သွက်ပြောလိုက်သည်
“ငါက အရမ်းလိုနေတုန်းပါပဲ၊ ငါဆက်ကြိုးစားရအုံးမယ်!”

သူ၏ဤသို့သောနိုးနိုးကြားကြားရှိမှုကြောင့် ရှဲ့ကျုံ့ရှင်းအံ့သြသွားရသည်။ သူ ချင်ကျုံးယွဲ့အားကြည့်ကာ လေးလေးနက်နက်ဆိုလိုက်၏
“မင်းဆီကနေ ဒီလိုကြားရတဲ့အတွက် ငါအရမ်းဝမ်းသာတယ်။ ဒီရက်အနည်းငယ်အတွင်း မင်းအရမ်းကြိုးစားခဲ့တယ်။ အခု မင်း နောက်လေးဆယ့်ခုနှစ်ရက်အတွက် ဒီလိုဆက်ထိန်းထားဖို့ပဲလိုတယ်၊ ပြီးရင် မင်းရဲ့အားထုတ်မှုအားလုံးက အကျိုးခံစားရလိမ့်မယ်”

သူပြောလိုက်၏
“စကားမစပ်၊ ဒါက ငါ့ဆီကလက်ဆောင်”

သူပြောရင်းဖြင့် ဘူးလေးတစ်ဘူးကို ထုတ်ယူလိုက်သည်။

ချင်ကျုံးယွဲ့ : “………”

ယင်းပုံသဏ္ဌာန်ကိုမြင်လိုက်တဲ့အချိန် သူ့တွင် ဆိုးရွားတဲ့ခံစားချက်တစ်ခုရလာခဲ့လေသည်
“အထဲကဘာလဲ”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now