Chapter 5

3.1K 561 16
                                    

Unicode

Chapter 5 – အမေနှင့်သားဆက်ဆံရေး

နာရီဝက်ကြာပြီးနောက် နှစ်ယောက်သားက ဌာနမှူးဆီ တူတူသွားလိုက်ကြသည်။

ဌာနမှူးက ခက်ထန်ပုံပေါ်သောသက်လတ်ပိုင်းအမျိုးသားတစ်ယောက်ပင်။ သူက ရှဲ့ကျုံ့ရှင်းအား ကြည့်လိုက်ပြီးနောက် ဖုတုန်းလင်ကိုကြည့်ကာ မေးလိုက်၏
“ဘယ်သူအရင်စတာလဲ”

ဖုတုန်းလင်က ဦးစွာဖြေလိုက်လေသည်
“သူအရင်လုပ်ခဲ့တာ!”

ရှဲ့ကျုံ့ရှင်းက ဆက်လက်တိတ်ဆိတ်နေလျက်။

ဌာနမှူးက ဖုတုန်းလင်အား ဒေါသထွက်သည့်အကြည့်တစ်ချက်ပေးကာ
“ငါမင်းကိုမေးနေတာမဟုတ်ဘူး”

သူ ရှဲ့ကျုံ့ရှင်းဘက်လှည့်လိုက်ပြီး မျက်နှာထက်တွင် ပိုမိုကောင်းမွန်သောအမူအရာတစ်ခုနှင့်အတူ မေးလိုက်သည်
“ရှဲ့ကျုံ့ရှင်း မင်းငါ့ကိုပြော”

ရှဲ့ကျုံ့ရှင်းက မျက်လုံးပင့်လိုက်၏။ သူက ဖုတုန်းလင်အားတစ်ချက်ကြည့်ကာ အသံသေးသေးလေးဖြင့်ပြန်ဖြေလိုက်သည်
“သူအရင်လုပ်ခဲ့တာပါ”

ဖုတုန်းလင်က အံ့အားသင့်သွားလေသည်။ ရှဲ့ကျုံ့ရှင်းက တကယ်ကြီးလိမ်လိမ့်မယ်လို့ သူထင်မထားပေ။ သူအလျင်အမြန်ရှင်းလင်းဖို့ ကြိုးစားလိုက်သည်
“သူလိမ်နေတာ! သူက ကျွန်တော့်ကိုအရင်ဆုံးထိုးခဲ့တဲ့လူဆိုတာ ရှင်းနေတာကို!”

ဌာနမှူးက သူ့ကိုလျစ်လျူရှုထား၏။ သူ ရှဲ့ကျုံ့ရှင်းကိုမေးလိုက်သည်
“ငါကြားတာတော့ သူက မင်းရဲ့အိပ်ရာပေါ်ကိုလဲ ရေတွေ တမင်သက်သက်လောင်းချခဲ့သေးတယ်ဆို?”

ရှဲ့ကျုံ့ရှင်းခေါင်းညိတ်ပြလိုက်သည်။

ဌာနမှူးက ဆက်မေး၏
“အရင်ကရော ဒီလိုဆင်တူတဲ့ဟာမျိုးဖြစ်ဖူးလား”

ရှဲ့ကျုံ့ရှင်းက ဖုတုန်းလင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ခေါင်းအား ခပ်မြန်မြန်ငုံ့ကာ ဘာမှမပြောတော့ချေ။

ဒါကိုမြင်တော့ ဌာနမှူးက ပိုပြီးငြင်သာစွာပြောလိုက်သည်
“မကြောက်နဲ့ လောင်ရှီးကိုပြောနော်။ မင်းနောက်မှာ မင်းရဲ့ကျောင်းရော၊ မင်းရဲ့လောင်ရှီးတွေရောရှိတယ်။ ငါတို့ကျောင်းက အနိုင့်ကျင့်နေတာကို တည်ရှိဖို့ ဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now