Chapter 24.1

2.2K 485 11
                                    

Unicode

Chapter 24.1 – အပြစ်ကင်း၊ဖြူစင်တဲ့လူငယ်လေးကို ကယ်တင်ခြင်း

___________________

“နည်းလွန်းတယ်၊ မင်းရဲ့အပြုံးက တန်ဖိုးမဖြတ်နိုင်တဲ့ရတနာလေ။ အနည်းဆုံးတော့ ယွမ်တစ်ရာတန်တယ်!”

ရှဲ့ကျုံ့ရှင်း အကြိမ်အနည်းငယ်မျှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ နူးညံ့စွာဖြင့် မှတ်ချက်ပေးလိုက်သည်
“ဒါဆို မင်းမမွဲခင်အထိ ငါပြုံးနေနိုင်တယ်နော်”

ချင်ကျုံးယွဲ့က သဘောမတူပေ
“အခြားသူတွေ မွဲတေသွားနိုင်ပေမဲ့ ငါ့မိသားစုကတော့ ဘယ်တော့မှဆင်းရဲမွဲတေသွားမှာ မဟုတ်ဘူး”

သူထိုသို့ပြောရင်းဖြင့် သူ့အိတ်ကပ်ဆီလက်ရောက်သွားပြီးနောက် အော်လိုက်၏
“သေရော၊ ငါငွေသားယူဖို့မေ့ခဲ့တယ်!”

ရှဲ့ကျုံ့ရှင်း ခပ်သာသာချောင်းဆိုးလိုက်ကာ
“ငါက မင်းကိုစနေရုံပါ။ မင်း ငါ့ကိုပိုက်ဆံပေးဖို့ မလိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက ငါ့အပြုံးကိုရောင်းတဲ့သူမှ မဟုတ်တာ”

ချင်ကျုံးယွဲ့က လေးနက်သောပုံစံဖြင့် ပြန်လည်ငြင်းပယ်လိုက်၏
“မင်းက အပြုံးတွေကို ရောင်းနေတာမဟုတ်ဘူး၊ မင်းက ပျော်ရွှင်မှုကို ရောင်းနေတာ ပြီးတော့ မင်းက ငါ့ဘက်မှာရှိတဲ့ရန်ပုံငွေစီးဆင်းမှုကို တိုးမြှင့်ပေးနေတာ၊ လုပ်ငန်းစဉ်အတွင်း တန်ဖိုးကို မြှင့်တင်ပေးပြီး ငါတို့နိုင်ငံရဲ့စီးပွားရေးကြီးထွားမှုကို သွယ်ဝိုက်အထောက်အကူပြုပေးနေတာ! မင်းက မြင့်မြတ်တဲ့သုံးစွဲသူပဲ! မင်းသာ မကြာခဏပြုံးနေသရွေ့ ငါတို့နိုင်ငံရဲ့*GDPက ချက်ချင်းပဲ အမေရိကန်ရဲ့GDPထက် ကျော်လွန်သွားလိမ့်မယ်!”

[*Gross Domestic Product]

ရှဲ့ကျုံ့ရှင်း မအောင့်အည်းထားနိုင်တော့။ သူ့နှုတ်ခမ်းထောင့်လေးတွေ မြင့်တက်သွားကာ
“ချဲ့ကားလွန်းအားကြီးသွားပြီ”

ချင်ကျုံးယွဲ့ရဲ့မျက်ဝန်းတို့က မင်သက်သွားလျက်။ သူဓာတ်ပုံတစ်ပုံရိုက်ယူချင်တာမို့ သူ့ဖုန်းကိုအလျင်အမြန်ဆွဲထုတ်လိုက်ပေမဲ့ ရှဲ့ကျုံ့ရှင်းက သူ၏အမူအရာမဲ့အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေပြီ။

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Tempat cerita menjadi hidup. Temukan sekarang