Chapter 8.1

2.6K 508 5
                                    

Unicode

Chapter 8.1 – မင်းလက်တွေက ဘာလို့ဒီလောက်ကြမ်းနေရတာလဲ

_____________________

မနက်ဖြန်က စနေနေ့ပင်။ ရှဲ့ကော်ရွှီက ရှဲ့ကျုံ့ရှင်းအား အိမ်ပြန်လာဖို့ခေါ်ထားလေသည်။

သူအိမ်ပြန်ရောက်တာနှင့် မည်သည့်အရာကိုရင်ဆိုင်ရမယ်မှန်း ရှဲ့ကျုံ့ရှင်းခန့်မှန်းနိုင်ပေ၏။

ဝမ်ယွီရွှယ်က သူ့အားအမေးဆိုလာသည်
“လောင်ရှီးကို မင်းနဲ့အတူ ပြန်လိုက်စေချင်လား”

ရှဲ့ကျုံ့ရှင်းက သူ့ခေါင်းကိုခါယမ်းကာ
“ကျေးဇူးပါပဲ လောင်ရှီး ဒါပေမဲ့ ကျွန်တော့်ဘာသာ ဒါကိုဖြေရှင်းနိုင်ပါတယ်”

လူငယ်လေးက ဆယ့်ရှစ်နှစ်သာလျှင်ရှိသေးသည်။ တောင့်ဖြောင့်ရှည်လျားသည့် သူ့ပုံစံက မိုးပါးပါးရွာသွန်းပြီးနောက် ဝါးပင်တစ်ပင်ကဲ့သို့ပင်: လန်းဆန်း၍ စင်ကြယ်၏။ သူ့ကိုမြင်တဲ့ဘယ်သူမဆို စိတ်တွင်းမှာ သာယာအေးချမ်းမှုကို ခံစားရပေလိမ့်မည်ပင်။

ဝမ်ယွီရွှယ်က ရှဲ့ကျုံ့ရှင်းအတွက် ကရုဏာများစွာခံစားရလေသည်။ သုံးဆယ့်ခုနှစ်နှစ်အရွယ်ရှိပြီဖြစ်တဲ့သူမက ကလေးမရှိ၊လက်မထပ်ရသေးဘဲ တစ်ယောက်တည်းနေတာကို ကျင့်သားရကြီးပြင်းခဲ့တယ်ဆိုသော်ငြား သူမတွင် ကလေးတစ်ယောက်လိုချင်ခဲ့သည့်တစ်ခေါက်တလေတော့ ရှိခဲ့ဖူးလေသည်၊ ဒါပေမဲ့ မည်သည့်အခါမှအခွင့်မကြုံနိုင်တော့ပေ။ အချိန်တွေကြာလာတာနှင့်အမျှ ထိုသို့သောအတွေးတွေက မှေးမှိန်သွားခဲ့ပေမဲ့ ဒီလိုခံ့ညားတည်ကြည်သည့်လူငယ်လေးကို သူမမြင်လိုက်ရတဲ့အချိန် သူမ မတတ်နိုင်ဘဲ သူ့ထံ (မိခင်)မေတ္တာတရားတို့ ခံစားမိခဲ့ရသည်။

ဝမ်ယွီရွှယ်က သူမမျက်မှန်တွေ ဝေဝါးလာသလိုမျိုး ခံစားလိုက်ရသည်။ သူမမျက်မှန်အားချွတ်ကာ ပြန်မတပ်ခင်တွင် တစ်ရှူးတစ်ခုဖြင့် သန့်ရှင်းလိုက်၏
“ဒါဆို လောင်ရှီး မင်းကိုအိမ်ပြန်ပို့ပေးမယ်”

ရှဲ့ကျုံ့ရှင်းက သူမကမ်းလှမ်းချက်အား ငြင်းပယ်မှာစိုးတာကြောင့် ဝမ်ယွီရွှယ်က ထပ်ပေါင်းပြောလိုက်လေသည်
“မင်းတို့နေရာနားမှာ လောင်ရှီးရဲ့အဒေါ်ရှိတယ်။ လောင်ရှီး သူ့ဆီသွားလည်ရင်း မင်းကိုပါ လမ်းကြုံအိမ်ပြန်ပို့ပေးခဲ့မယ်”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now