Chapter 25.2

2.3K 473 13
                                    

Unicode

Chapter 25.2 – လောင်ဖောအတွက် မျက်ရည်ဖြိုင်ဖြိုင်ကျခြင်း

___________________

ရှဲ့ဇီအန်းကျောင်းရောက်သွားတဲ့အချိန် သူစာသင်ခန်းတံခါးကနေ ဝင်လိုက်တဲ့အခိုက်မှာ လူများစွာက သူ့အားကြည့်နေကြကြောင်းကို သတိပြုမိလိုက်သည်။ သူမထိန်းနိုင်ဘဲ သူ့နှုတ်ခမ်းအားတင်းတင်းစေ့လိုက်မိ၏။

သူစိတ်တိုတယ်၊ အရမ်းကိုစိတ်တိုပေမဲ့ သူ့ရဲ့ဒီဒေါသတွေကို ဘယ်နေရာမှာ သွားပုံချရမယ်မှန်း မသိတော့။ သူ့ထိုင်ခုံဆီ လျှောက်သွားဖို့သာလျှင်တတ်နိုင်ပြီး ကုလားထိုင်အား အားများစွာဖြင့်ဆွဲထုတ်လိုက်ရာ အသံကျယ်လောင်သွားသည်မို့ စာသင်ခန်းတစ်ခန်းလုံးကို တိတ်ဆိတ်သွားစေလေသည်။

ရှဲ့ဇီအန်း သူ့အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်လိုက်ချိန် တစ်စုံတစ်ယောက်က တမင်သက်သက်ပင် သူတို့အသံအားမြှင့်ကာ ကျယ်လောင်စွာဖြင့်မေးလိုက်သည်
“မင်းမနေ့တုန်းက နောက်ဆက်တွဲတင်ပြချက်ကို ကြည့်လိုက်သေးလား”

“ဘာတင်ပြချက်လဲ”
နောက်လူတစ်ယောက်ကလည်း လိုက်ပါကစားပေးလေ၏။ တစ်ယောက်ကသီဆိုပြီး တစ်ယောက်ကအဖော်ပြုပေးနေရာ သူတို့ကြည့်ရတာ လက်တန်းဟာသဇာတ်တစ်ခုအား ပြုလုပ်နေသကဲ့သို့ပင်။

“ရှဲ့ကျုံ့ရှင်းအကြောင်းတင်ပြချက်လေ။ တင်ပြချက်ကနေ ဖော်ပြခဲ့တာကတော့ သူ့မိဘတွေ သူ့ကိုရောင်းစားချင်ခဲ့တယ်ဆိုတာက အမှန်ပဲတဲ့”

“ဘယ်လို?”

“ရှဲ့ကျုံ့ရှင်းအိမ်ပြန်တဲ့အချိန် သူစာချုပ်တစ်ခုကို တွေ့ခဲ့တယ်တဲ့။ သူ့မိဘတွေက သူ့ကို လိမ်လည်တဲ့ကုမ္ပဏီတစ်ခုဆီ ရောင်းပြီး သူတို့က အနှစ်နှစ်ဆယ်အလုပ်သမားစာချုပ်ကို ချုပ်ဆိုထားတာတဲ့လေ”

“ဘာ? အနှစ်နှစ်ဆယ်? အဲ့ဒါက ရှေးခေတ်တုန်းက ကျေးကျွန်စာချုပ်နဲ့ တူညီလုနီးပါးပဲမဟုတ်လား?”

“ငါသိတာအမှန်ရောဟုတ်ရဲ့လား? တကယ်ကို ဘာမှမှားနေတာမျိုးမရှိဘူး။ ငါ့ဦးလေးက ရှေ့နေတစ်ယောက်လေ၊ ငါသူ့ကိုသွားမေးခဲ့တာ။ အဲ့စာချုပ်က တရားဝင်ချုပ်ဆိုထားတာ။ အဆုံးမှာတော့ အဲ့စာချုပ်ထဲမှာ လုပ်အားခနဲ့အကျိုးအမြတ်တွေအားလုံးကို ဥပဒေအရရှင်းပြထားတာမို့ အဲ့ဒါကထိရောက်မှုရှိတယ်”

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now