Chapter 9

2.7K 519 24
                                    

Unicode

Chapter 9 - လူသတ်တဲ့သေနတ်

__________

ချင်ကျုံးယွဲ့က အစောပိုင်းမှတ်ချက်ပြီးနောက် ရပ်တန့်ဖို့ငြင်းဆန်ခဲ့လေသည်

"ဒါက ဘာလို့ဒီလောက်ကြမ်းတမ်းပြီးမာနေရတာလဲ? မင်းဘာတွေလုပ်နေတာလဲ"

သူထိုသို့ပြောရင်းဖြင့် ရှဲ့ကျုံ့ရှင်းလက်အား နောက်တစ်ဖန်ဖျစ်ညစ်ကာ သူ့လက်ဖဝါးကိုစစ်ဆေးရန် လက်ချောင်းတွေကို ကလော်ဖွင့်လိုက်တော့ ရှဲ့ကျုံ့ရှင်း၏လက်ဖဝါးနှင့်လက်ချောင်းထိပ်တို့တွင် ခပ်ဖျော့ဖျော့ထင်ဟပ်နေသည့်အသားမာများစွာကို မြင်လိုက်ရလေသည်။

ကမ္ဘာကြီးအကြောင်း ဘာမှမသိတဲ့ သခင်ငယ်လေးပဲ

ရှဲ့ကျုံ့ရှင်းထိုသို့တွေးလိုက်မိ၏။

သူ့လက်ကို ဆွဲဖယ်ပစ်ဖို့ကြိုးစားလိုက်ပေမဲ့ အချည်းနှီးပင်။ ချင်ကျုံးယွဲ့က ယခင်တုန်းက အသားမာကိုဘယ်တုန်းကမှမမြင်ဖူးသလိုမျိုး လိုက်စမ်း၊ဖျစ်ညစ်ကြည့်နေတာကိုမြင်တော့ သူမတတ်နိုင်ဘဲ အနည်းငယ်ပြောစရာစကားမဲ့သွားသလိုခံစားလိုက်ရသည်။

" ငါ့မှာ ဘာလို့ အသားမာတွေရှိနေတယ်လို့ မင်းထင်လဲ"

ချင်ကျုံးယွဲ့ မျက်လုံးတောက်တောက်ကလေးဖြင့် ချက်ချင်းဆိုသလို မော့ကြည့်လိုက်သည်။ သူ့အသံအား ဖိနှိပ်ကာ မေးလိုက်သည်

"မင်းရဲ့သေနတ်ကို လေ့ကျင့်တာကနေ ရလာတာလား"

ရှဲ့ကျုံ့ရှင်း : "?"

ချင်ကျုံးယွဲ့လှောင်ပြုံးပြုံးလိုက်သည်

"ငါနားလည်ပါတယ်။ မင်းအသက်အရွယ်မှာ သန်မာတဲ့စိတ်ဆန္ဒတွေရှိတာက အရမ်းကိုပုံမှန်ပါပဲ။ ငါတောင်မှ အခြေခံအားဖြင့် နှစ်ရက်တစ်ကြိမ် သုံးရက်တစ်ကြိမ် လုပ်လေ့ရှိတယ်လေ"

သူထိုသို့ပြောရင်း ရုတ်တရက်ကြီး သူတို့၏အိပ်ရာထက်မှကိစ္စရပ်တွေကို ပြန်တွေးမိသွားကာ သူ့နှလုံးသားတုန်ယင်သွားလေသည်။

ရှဲ့ကျုံ့ရှင်းမှာ ဒီလောက်ထိပြင်းထန်တဲ့ကာမဆန္ဒရှိနေတာ အံ့သြစရာမဟုတ်တော့ပါဘူး၊ သူ့ကိုနေ့တိုင်းထိုအရာလုပ်ဖို့ နားပူနားဆာလုပ်တဲ့အထိပေါ့။ လတ်စသတ်တော့ သူငယ်ငယ်ကတည်းက အဲ့လိုဖြစ်နေခဲ့တာပဲ!

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now