Chapter 2

3.8K 632 21
                                    

Unicode

     ~Chapter 2-ကိုယ်ကျင့်သိက္ခာစင်ကြယ်သည့်အမျိုးသားကောင်း~

နွေရာသီအားလပ်ရက်အဆုံးသတ်တွင် ရှဲ့ကျုံ့ရှင်းက မနက်စောစော၌ သူ့ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးကာ ကျောင်းသို့ပြန်သွားရန် အဆင်သင့်ဖြစ်နေလေပြီ။

တကယ်တမ်းတော့ အိမ်က ကျောင်းနှင့်သိပ်မဝေးပေ။ နာရီဝက်ထက်နည်းတဲ့အချိန်အတွင်း သူ့အားခေါ်သွားပေးနိုင်တဲ့ တိုက်ရိုက်ဘတ်စ်ကားလမ်းကြောင်းတစ်ခုရှိပြီး အလွန်အဆင်ပြေသော်ငြားလည်း ရှဲ့ကျုံ့ရှင်းက ကျောင်းတွင်နေဖို့ရွေးချယ်ဆဲပင်။

နန်းယန်အထက်တန်းကျောင်းက အသစ်တည်ဆောက်ထားသည့်ကျောင်းတစ်ကျောင်းဖြစ်သည်။ အသုံးစရိတ်ကလုံလောက်တာကြောင့် သူတို့က ယင်းကိုဆောက်နေစဉ်တွင် ပိုက်ဆံတွေပိုမိုသုံးစွဲရန် ဆန္ဒရှိကြတာမို့ ကျောင်း၏အပြင်ဂိတ်တွေနှင့် အဘက်ဘက်အသွင်အပြင်က ဂိတ်ပေါက်တစ်ဖက်ချင်းစီတွင် သုံးမီတာမြင့်သည့်ဆင်ပုံကျောက်တုံးနှစ်ခု စောင့်ကြပ်ထားမှုနှင့်အတူ များစွာခမ်းနားကြီးကျယ်လှ၏။

ကျောင်း၏အထောက်အပံ့ပစ္စည်းတွေအပြင် ကျောင်းရှယ်ယာရှင်တွေကလည်း ဆရာတွေအပေါ် ငွေများစွာသုံးစွဲခဲ့တာမို့ နယ်ပယ်အားလုံးကို ကောင်းမွန်စွာပေါင်းစည်းထားတာပင်။ ၎င်းက အစိုးရကျောင်းမဟုတ်တာကိုပါ ထည့်ပေါင်းလိုက်တော့ ကျောင်းလခက သဘာဝကျစွာပင် အလွန်ဈေးကြီးပြီး စာသင်နှစ်ဝက်တစ်ခုကို ထုံးစံအားဖြင့် ယွမ်ရှစ်ထောင်၊ကိုးထောင်လောက် ကုန်ကျပေသည်။ ရှဲ့ကျုံ့ရှင်း၏မိသားစုအခြေအနေဖြင့် ယင်းက သူတတ်နိုင်သည့်အရာတစ်ခုမဟုတ်မှန်း သံသယရှိစရာတောင်မလိုပေမဲ့ သူ့တွင်ထောက်ပံ့ကြေးတွေရှိပြီး သူထိုကျောင်းကို ပထမဆုံးစားရင်းသွင်းတဲ့အချိန် အထက်တန်းကျောင်းဝင်ခွင့်တွင် သူကပထမနေရာကိုရခဲ့တာကြောင့် ပညာသင်ဆုနှင့် နေထိုင်စရိတ်တွေကိုပါ လက်ခံရရှိခဲ့သည်။

သို့ပေသိ ရှဲ့ကော်ရွှီ၏မိသားစုက သူ့ရလဒ်တွေဘယ်လိုနေလဲဆိုတာကို ဘာမှမသိဘဲ ရှဲကျုံ့ရှင်းက သူတို့ကိုအပေါ်ယံပြသထားသည့်အရာကိုသာလျှင် ယုံကြည်နေကြတာဖြစ်သည်။

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now