Description

21.3K 1.1K 66
                                    

Title - The foolish gong was reborn/ 沙雕攻他重生了

Author - 多金少女猫

Status in COO - 126 chapters (119 + 7 extras)

Unicode

ရှဲ့ကျုံ့ရှင်းအနေနဲ့ ချင်လုပ်ငန်းစု၏မင်းသားလေးချင်ကျုံးယွဲ့အား လက်ထပ်ပြီး ငါးနှစ်လုံးတောင် တန်ဖိုးထား၊ချစ်ခင်ခံခဲ့ရတာမို့ အထူးဆုကြီးရရှိခဲ့တယ်လို့ အပြင်လူတွေကဆိုကြသည်။ သူတို့ကို ချစ်ခင်ကြင်နာသည့်စုံတွဲအဖြစ် ကောင်းစွာအသိအမှတ်ပြုထားခဲ့ကြ၏။

သို့ရာတွင် သူတို့မသိတာကတော့ ချင်ကျုံးယွဲ့မှာ ဤထိမ်းမြားမှုနှင့်ပတ်သက်ပြီး မကျေနပ်ချက်များစွာရှိနေခဲ့တာပင်။ သူ့သူငယ်ချင်းကောင်းထံ သူမကျေမချမ်းပြောခဲ့သည်
" သူက အရာရာတိုင်းကို အသေးစိတ်လေးကအစ လိုက်ပြီးစီမံနေတာ။ ငါ့ကို အရက်သောက်ခွင့်မပေးဘူး၊ ဆေးလိပ်ပေးမသောက်ဘူး၊ ကလပ်တက်ခွင့်မပြုဘူး၊ ပြီးတော့ ငါ့ကို ညဆယ်နာရီကျော်ရင် အပြင်မထွက်ရဘူးလို့ပါ ချမှတ်ထားသေးတယ်!"

"ငါကျတော့ ငါ့လစာတွေအားလုံးနဲ့ ဘဏ်ကတ်တွေကို အပ်ရတယ်၊ သူကတော့ ငါ့ကို တစ်နေ့ယွမ်တစ်ရာပဲပေးတယ်လေ! သူစိတ်ကောင်းဝင်နေတဲ့အချိန်ကျမှပဲ ငါ့ကိုနောက်ထပ်ရာဂဏန်းအနည်းငယ်ထပ်ပေးတာ!"

ချင်ကျုံးယွဲ့က ဒေါသထွက်၍ မှားယွင်းပြုမူခံနေရသလို ခံစားနေရ၏
"ပြီးတော့ ငါ့မှာ သူ့ကို လိုလေသေးမရှိအောင် ပြုစုပေးရသေးတယ်!"

"တကယ်လို့ ငါ့မှာသာ ဒါကိုထပ်လုပ်ဖို့ အခွင့်အရေးရခဲ့ရင် ငါသူ့ကိုလက်ထပ်မှာမဟုတ်ဘူး! ငါအရင်က သုံးဖြုန်းဖို့ မုန့်ဖိုးအနေနဲ့ တစ်လကို ယွမ်ရှစ်မီလီယံလောက်ရနေခဲ့တာလေ!"

မင်းသားလေးက ဒါကို သူ့သူငယ်ချင်းထံပြောပြနေခဲ့သည်။

သူဒါကိုပြောပြီးနောက်နေ့မှာ သူဆယ့်ခုနှစ်နှစ်အရွယ်သို့ ပြန်လည်မွေးဖွားခဲ့မှန်း ချင်ကျုံးယွဲ့တွေ့ရှိလိုက်ရလေသည်။

ဤအချိန်တွင် ရှဲ့ကျုံ့ရှင်းက ဆယ့်ရှစ်နှစ်ဖြစ်ပြီး သူ့တွင် ဝတ်ဆင်ရန် အဝတ်ဟောင်းတစ်စုံပဲရှိကာ ခြေအိတ်တွေ၌အပေါက်များရှိနေ၍ သူ့ခြေဖဝါးတွေထွက်နေသည့်ဖိနပ်ညစ်ညစ်တစ်စုံသာရှိသည်အထိ ဆင်းရဲနေခဲ့၏။ သူ့တွင် ကြည့်ကောင်းသောမျက်နှာလေးရှိသည်ဆိုရင်တောင်မှ သူကအထင်အမြင်သေးခံနေရပြီး ကျောင်းတွင်လူဆင်းရဲတစ်ယောက်အနေဖြင့် နာမည်ကြီးလေသည်။

ရူးကြောင်ကြောင် အထက်ပုဂ္ဂိုလ်လေး ပြန်မွေးဖွားလာပြီ// Myanmar Translation//Where stories live. Discover now