31

1.1K 83 8
                                    

[Unicode]

မြို့တော်ဝန်ရဲ့အိမ်တော်အရှေ့ကိုရောက်တော့ အထပ်ထပ်ချထားတဲ့ အစောင့်တွေကြောင့် ရှောင်းကျန့်ရဲ့ မျက်ခုံးတန်းကအပေါ်ကိုသိသိသာသာမြင့်တက်တယ်။ နှုတ်ခမ်းပါးကလဲ လှောင်ရယ်သံအပြည့်ပါတဲ့ စကားကိုဆိုသေးသည်။

" အစောင့်အထပ်ထပ်နဲ့ ကြောက်တတ်လိုက်တာ "

ကျန့်အာရဲ့စကားကိုကြားပေမဲ့ Tineကဘာမှပြန်မပြောဖြစ် တိတ်ဆိတ်နေသည်။ အိမ်တော်အရှေ့ကားရပ်လိုက်တာနဲ့ စစ်ဆေးရေးအထပ်ထပ်က တစ်ဆယ့်ငါးမိနစ်ကြာမှပြီးသည်။ ဧည့်ခန်းရဲ့နံရံလေးလေးဖက်မှာ‌ တန်ဖိုးကြီးပန်းချီကားများက အစီအရီ တန်ဖိုးကြီးအသုံးအဆောင်များနှင့် ပြည့်နှက်နေသည့်အခန်းကျယ်ထဲ စာဖတ်ရင်းတည်တည်ငြိမ်ငြိမ်ထိုင်နေသည့်လူက တကယ်ကိုဂုဏ်သရေရှိလူကြီးမင်း တစ်ယောက်ပင်ဖြစ်လင့်ကစား ရှောင်းကျန့်ကတော့ အရိုအသေမပြုနိုင်ပါ။ သူတို့ရောက်လာတာကို ကိုယ်ရံတော်က အကြောင်းကြားတော့မှ မျက်လုံးလှန်ကြည့်လာတဲ့ မြို့တော်ဝန်က ဤကဲ့သို့ ခရီးဦးကြိုပြုတယ်။

" ရောက်လာကြပြီလား ကျွန်တော်ကမလာတော့ဘူးတောင်ထင်နေတာ "

ထိုလူကပြုံးပြုံးလေးနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။ ရှောင်းကျန့်ကတော့ ဦးလဲမညွှတ်သလို ဝမ်းသာကြောင်းလဲမပြ။

" ကျွန်တော်တို့က အချိန်အတိအကျရောက်တာပါ။ အိမ်တော်အရှေ့မှာရှိနေတဲ့ အစောင့်တွေရဲ့ စစ်ဆေးမှုကြောင့်ကြာသွားတာပါ "

" ကျွန်တော့်လူတွေရဲ့ ရိုင်းပြမှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ပြီ "

" ကျွန်တော်တို့ဘယ်လိုမှမနေပါဘူး နိုင်ငံရဲ့မြို့တော်ဝန်တစ်ယောက်ရဲ့ လုံခြုံရေးက ပိုအရေးကြီးပါတယ်။ အခုလိုပြည်သူတွလေးစားရပြီး တရားနည်းလမ်းကျတဲ့ မြို့တော်ဝန်အတွက်ဆိုတော့ ပိုတောင်အရေးကြီးပါသေးတယ် "

ရှောင်းကျန့်က ထိုစကားတွေကိုမြို့တော်ဝန်ကို တိုက်ရိုက်ရည်ရွယ်တယ်။ လိပ်ပြာလုံရင်တော့ သူ့စကားက ထိုလူအပေါ်သက်ရောက်မှာမဟုတ်ဘူး။ သို့သော်‌ ရှောင်းကျန့်ထင်တာမှန်ခဲ့တယ် ပျက်သွားတဲ့ထိုလူရဲ့ မျက်နှာကစက္ကန့်ဝက်အတွင်း ပုံမှန်အနေအထားကိုပြန်ရောက်တယ်။ သူနဲ့ Tineကတော့ မြင်ဖြစ်အောင်ကိုမြင်လိုက်သေးတာ။ အဟက် သိပ်ကိုဟန်ဆောင်ကောင်းတာပဲ၊ သားအမိတွေလို့ပြောစရာမလိုလောက်အောင်!

Beyond The Love [ Completed ]Where stories live. Discover now