15

1.1K 88 7
                                    

[Unicode]‌

" ငါနဲ့စကားပြောရအောင် ရှောင်းကျန့်! "

နေ့လည်အတန်းပြီး ကန်တင်းသွားရန်ပြင်နေတဲ့သူ့ကို ရိပေါ်ကပြောလာတာမို့ လွယ်အိတ်လွယ်ပြီး သက်ဆိုင်သူအလိုကျ အနောက်ကနေလိုက်ရပြန်တယ်။ ဘာလို့နေ့လည်အတန်းဆင်းတော့မှလဲလို့ လာမမေးနဲ့ တစ်မနက်လုံး ရိပေါ်ကမအားဘူး အိုရန်လီလီနဲ့အတူရှိနေရတာမို့ အတန်းကိုတောင် တစ်ချိန်ပြီးမှရောက်လာတာဖြစ်လို့ပဲ။ အဲ့ဒါတွေကလဲ အိုရန်လီလီပြောင်းလာကတည်းက စတင်လာတဲ့ရိပေါ်ရဲ့အကျင့်တွေထဲက တစ်ခုဖြစ်တယ်။

" မင်း ဘာအချိုးတွေချိုးနေတာလဲရှောင်းကျန့် "

စကားစပြောလာကတည်းက အေးစက်တောင့်တင်းနေတဲ့အသံက ပတ်ဝန်းကျင်ကိုဟိန်းလျက်ထွက်ပေါ်လာတယ်။ ရှောင်းကျန့် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ရပြန်တယ်။ ရိပေါ်က သူနဲ့ဆက်ဆံရေးကို ဘယ်သူ့ကိုမှသိစေချင်တာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ရိပေါ်က ဒေါသထွက်နေလို့သတိလက်လွတ်အော်မိပေမဲ့ သူကတော့သတိထားရမည်လေ။

သတိလက်လွတ်ချိန် မှားမိတဲ့အမှားကို  သတိရချိန်မှာရိ‌ပေါ်နောင်တရမ‌နေစေဖို့က ရှောင်းကျန့်မှာတာဝန်အပြည့်ရှိတယ်။ ဒါကလဲဘယ်သူ့စေခိုင်းချက်မှမပါပဲ ချစ်ရသူအတွက် သူကထမ်းဆောင်ပေးချင်တဲ့ အလိုက်သိတာဝန်သာဖြစ်ပြန်တယ်။ ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိတာသေချာတော့မှ....

" ရိပေါ် မင်းဘာကိုဒေါသထွက်နေမှန်း ငါကမသိတာမို့လို့ အသေးစိတ်ငါ့ကိုရှင်းပြပေးနိုင်မလား "

" ဟက်.. ဟန်ဆောင်ကောင်းတယ်နော်ရှောင်းကျန့်၊ ကောင်းပြီ မင်းကမသိဘူးလို့ပြောလာတော့ ငါကရှင်းပြပေးရအုံးမှာပေါ့.... ပိတ်ရက်တုန်းက ငါမင်းဆီဖုန်းဆက်တာကို မင်းမသိဘူးလို့တော့လာမပြောနဲ့ ငါယုံမှာမဟုတ်ဘူး၊ ငါ့ဖုန်းကိုမင်းအကောင်ကလာကိုင်တယ်လေ အဟွန့် ပြောပါအုံး ငါ့ဖုန်းကိုမင်းလာမကိုင်နိုင်ရအောင်ဘာကိစ္စတွေလုပ်နေလို့လဲ ဟမ်!"

" နေ..နေပါအုံး ရိပေါ်၊ မင်းပြောနေတာတွေကိုငါနားမလည်တာမို့ ငါစဉ်းစားပါရစေအုံး ခဏ.. ခဏလေးပါ "

Beyond The Love [ Completed ]Where stories live. Discover now