24

1.1K 95 6
                                    

[Unicode]

" ပါး၊ မား အဲ့မှာအဆင်ပြေနေရဲ့လား ကျန့်ကျန့်လာတွေ့တာ နောက်ကျတဲ့အတွက် ခွင့်လွှတ်ပေးမယ်မလား "

လက်ထဲကအနီရောင်ကာနေးရှင်းပန်းစည်းကို နေရာမှာချလို့ နှုတ်ဆက်လိုက်သည်။ ပေကျင်းကို ပြန်ရောက်ပြီးနောက်တစ်နေ့မှာ ပါးနဲ့မားကို သူလာတွေ့တာဖြစ်တယ်။ လီရှင်းနဲ့ ဟုန်းဆိုးကတော့ ဒီနေ့မှာအရေးကြီး လုပ်ငန်းရှင်နဲ့တွေ့ရမှာမို့ သူတို့နဲ့မပါလာတာဖြစ်တယ်။

" ပါးနဲ့မားကို မိတ်ဆက်ပေးရအုံးမယ် သူက Tine တဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျန့်ကျန့်ကို အများကြီးကူညီပေးခဲ့တာ "

" မင်္ဂလာပါ အန်ကယ်နဲ့အန်တီ ကျန့်အာကို အစွမ်းကုန်စောင့်ရှောက်ပေးမှာမို့ စိတ်ချလက်ချအနားယူပါ‌ "

Tine ရဲ့ရှုတည်တည်ရုပ်နဲ့ နှုတ်ဆက်စကားကြောင့် ရှောင်းကျန့်က ခပ်လွင်လွင်ပြုံးသည်။ ဒီနှစ်တွေထဲမှာ Sam နဲ့ Tine ကသူ့အပေါ်ကို အများကြီးဂရုစိုက်ပြီး၊ ကောင်းပေးခဲ့တာဖြစ်တယ်။ ဒီကိုးနှစ်အတွင်းမှာ အဖြစ်အပျက်တွေက သူမထင်မှတ်ထားလောက်သည်အထိ များပြားခဲ့တာမလား။

" ပါး၊မား ကျန့်ကျန့်တို့ပြန်တော့မယ်နော် နောက်နေ့တွေမှထပ်လာခဲ့ပါ့မယ် "

နှုတ်ဆက်ပြီးခဏအကြာ သူတို့ထိုနေရာကနေပြန်ထွက်ခဲ့သည်။ သူဒီနေရာမှာ အကြာကြီးနေလို့မဖြစ်၊ ထပ်ပြီးနေရင် ပင်ပန်းခဲ့သမျှတွေကို ရင်ဖွင့်မိမှာစိုးတဲ့အတွက် ကြောင့်ဖြစ်တယ်။ ပါးနဲ့မားကို သူ့ကြောင့်ထပ်ပြီး စိတ်မပူစေချင်တော့ဘူး။

" Sam ဆီက အဆက်အသွယ်ရလား၊ ဟိုမှာအခြေနေ ဘယ်လိုရှိလဲတဲ့ "

" မရဘူး၊ FH မှာ ပြဿနာနဲနဲရှိနေတယ် ထင်တယ်"

သေချာတာပေါ့ သူတို့ရဲ့အပစ်ဒဏ်ကာလမပြည့်ခဲ့ စစ်ပွဲကြောင့်ကမောက်ကမဖြစ်ခဲ့ရပြီး သူတို့ကိုယ်တိုင်လဲ ကံသီလို့အသက်ဘေးကလွတ်မြောက်ခဲ့သည်လေ။ အဲ့ဒါကိုပင် အထက်လူကြီးတွေက မကျေမနပ်ဖြစ်နေသေးသည်။ Sam ရဲ့ခေါင်းဆောင်ကောင်းပီသမှု၊ လက်အောက်ငယ်သားအပေါ် ကာကွယ်ပေးမှု နှင့်တရားနည်းလမ်းကျမှုတွေကြောင့် သူတို့ကယခုလို လွတ်လွတ်လပ်လပ် ပေကျင်းကိုပြန်လာနိုင်ခဲ့ပေမဲ့ Sam ကတော့ အထက်လူကြီးတွေနှင့် ထိုကိစ္စကို ဆွေးနွေးရင်းကျန်ခဲ့ရသည်။

Beyond The Love [ Completed ]Where stories live. Discover now